Monday, April 20, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeCelebrities' Newsနယ် ပရိသတ်တွေကို ကိုယ်ပိုင်သီချင်းတွေနဲ့...

နယ် ပရိသတ်တွေကို ကိုယ်ပိုင်သီချင်းတွေနဲ့ ဖျော်ဖြေချင်လို့ အခွေထုတ်လိုက်တဲ့ လမင်းကဗျာ

သရုပ်ဆောင် လမင်းကဗျာက သူမရဲ့ ‘ဝီစကီ’လို့အမည်ရတဲ့ တေးစီးရီးကို ပရိသတ်အတွက် ဖေဖော်ဝါရီ လမှာထုတ်ခဲ့ပါတယ်။ အဆိုပါ အခွေထုတ်လုပ်မှု အပိုင်းနဲ့ပတ်သက်တဲ့အကြောင်းကိုတော့ လမင်းကဗျာက အခုလို ပြောပြခဲ့ပါတယ်။

“ဒီအခွေက စီစဉ်ထားတာ တစ်နှစ်လောက်ရှိပြီ။ သီချင်းပုံစံအမျိုးစုံပါပဲ။ သီချင်းခေါင်းစဉ်ကို ‘ဝီစကီ’ လို့ ပေးဖြစ်တာကလည်း လမင်း ဒီလထဲမှာ  ဝီစကီဆိုင်ဖွင့်ထားတယ်။ ပရိသတ်လည်း နားစွဲစေလိုတဲ့အတွက် ပေးဖြစ် တာပါ။ ကိုယ်ကတော့ပိုက်ဆံအကုန်အကျခံပြီး ထုတ်ထားတဲ့အတွက် အကောင်းဆုံးတော့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားမရတဲ့အပိုင်းတွေတော့ရှိတယ်။ာအလထုတ်ရင် အသံပြန်သွင်းဖို့ရှိတယ်။ ဒီအခွေမှာ သီချင်း ၁ဝ ပုဒ်ပါတယ်။ ဖေဖော်ဝါရီ လ ၁၈ ရက်နေ့မှာ ထွက်ပါမယ်” လို့ ပြောပါတယ်။ တချို့သရုပ်ဆောင်အတော်များများက အခုတလောမှာ သီချင်းစဆိုတဲ့အလုပ်ကိုလည်း လုပ်လာကြတာ ကိုတွေ့ရပါတယ်။

လမင်းကဗျာအနေနဲ့လည်း သရုပ်ဆောင် အလုပ်အပြင် အဆိုပိုင်းကို လုပ်လာရတဲ့အကြောင်း ကိုတော့ “လမင်းသီချင်းဆိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းက လမင်းတို့ ဇာတ်လမ်းရိုက်ကူးရတာလည်း နည်းလာတယ်။ ဒီတော့နယ်တွေမှာ သီချင်းလိုက်ဆိုဖြစ်တယ်။ သီချင်းဆိုတဲ့အခါမှာလည်း သူများသီချင်းတွေဆိုပြီး ပရိသတ်ဆီက ငွေယူရတာ အားနာလာတယ်။ ဒါကြောင့်လမင်းရဲ့ကိုယ်ပိုင်သီချင်းလေးတွေနဲ့လည်း ဖျော်ဖြေချင်လို့ ဒီအခွေကိုထုတ်တယ်။ ပြီးတော့ လမင်းတို့ရဲ့ ဇာတ်ပို့ဇာတ်ရံဘဝကိုလည်း စိတ်ကုန်လာတယ်။အနုပညာအလုပ်က ကိုယ်ဘဝအတွက်အာမခံချက်မရှိဘူး။ အနုပညာကို စော်ကားတာတော့မဟုတ်ပါဘူး။ ဒီအနုပညာကြောင့်ပဲ လမင်းကဗျာ ဆိုပြီးဖြစ်လာတယ်။ အခုခေတ်က အရင်ခေတ်နဲ့ မတူတော့ဘူး။ ဇာတ်ပို့ဇာတ်ရံတွေက ကိုယ်လူနဲ့ကိုယ် သွားကြတယ်။ လမင်းတို့ဆို  မင်းသား၊ မင်းသမီးက လမင်းကို ခေါ်လိုက်ပါလားဆိုမှ ရိုက်ရ တယ်။ ဒါကြောင့် အဆိုပိုင်းကိုလည်း အားထားလာတယ်။ ပြီးတော့ ဒီနှစ်ထဲမှာ စီးပွားရေးတွေလည်းလုပ်ဖြစ်နေတယ်”လို့လမင်းကဗျာဆိုပါတယ်။

ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071