ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ ယမန်နေ့ ဖေဖော်ဝါရီ (၆)ရက် ည(၈)နာရီအချိန်တွင် လူ(၂)ဦး အသက်ဆုံးရှုံးခဲ့သည့် ယာဉ်တို-က်မှုဖြစ်စဉ်မှ ယာဉ်မောင်းနှင့် ယာဉ်အား သက်ဆိုင်ရာရဲစခန်းသို့အပ်နှံပြီးဖြစ်ဟု (၁၈) မိုင်တောရ သာသနာပြုအဖွဲ့က အသိပေးထားသည်။
ယနေ့ နံနက် (၇)နာရီအချိန်၌ အမှုဖြစ်ရာ မြို့နယ်ရဲစခန်းသို့ သွားရောက်အကြောင်းကြားကာ အမှုဖြစ်သည့် ကား နှင့် ယာဉ်မောင်းကိုလည်း သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင် အပ်နှံထားပြီးဖြစ်ကြောင်း ဆိုသည်။
” မနက်အစောကြီး (၇) နာရီလောက်ကတည်းက အမှုဖြစ်ရာ မြို့နယ်ရဲစခန်းသို့ သွားရောက် အကြောင်းကြား ထားပြီးဖြစ်သည်။ လူနာရှင်များနင့်လည်း ထိုရဲစခန်း၌ တွေ့ပြီးပါပြီ။ ထပ်မံ၍ ဆေးရုံသို့ သွားရောက်ကာ လိုအပ်သည်များကို စီစဉ်နေကြပါသည်။အမှုဖြစ်သည့် ကား နှင့် ယာဉ်မောင်းကိုလည်း သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင် အပ်နှံထားပြီးပါပြီ။ ကျန်သည့်ကိစ္စများကို ရဲစခန်းနှင့် ဆက်သွယ်ကာဆက်လက်ဆောင်ရွက်နေပါသည်” ဟု (၁၈) မိုင်တောရ သာသနာပြုအဖွဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာတွင်ရေးသားမျှဝေထားသည်။
ယင်းဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့ နယ်၊ ဗိုလ်မှူးဗထူးလမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းမကြီး လမ်းဆုံအနီး စုမြတ်စားသောက်ဆိုင်ရှေ့ တွင် မနေ့ ဖေဖော် ဝါရီ (၆) ရက် ညပိုင်းတွင် မော်တော်ယာဉ်တစ်စီးက ဆိုင်ကယ်မောင်းနှင်လာသူ တစ်ဦးနှင့်လမ်း လျှောက်လာသူအ ပါအဝင် လူသုံးဦးကို ဝင်တို-က်ခဲ့ပြီး မောင်းနှင်ထွက်ပြေးခဲ့ရာ ဖြစ်စဉ်အတွင်း အမျိုးသား(၂)ဦးအသက်ဆုံးရှုံးခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။
