Saturday, September 19, 2026

CNN, MS NOW နဲ့...

CNN, MS NOW နဲ့ Politico သတင်းဌာနတွေကို အိမ်ဖြူတော် ဝင်ခွင့်"ပိတ်လိုက်ပြီ" လို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ မွန်းလွဲပိုင်းမှာ...

သာသနာ့အာဇာနည် ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချုပ် ငြိမ်းချုပ်၍...

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ချမ်းမြေ့ရိပ်သာ နာယကချုပ်၊ မဟာစည်နာယက ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ...

ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို့...

ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉ ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်အခြောက်ခံထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ကာ ဂျပန်နိုင်ငံဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။ ကလောခရိုင်၊...

UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့်...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ်စီ (UFC) ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုဝါဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း...
HomeCelebrities' Newsထွန်းအိန္ဒြာဗိုအတွက် စတုတ္ထမြောက်အကယ်ဒမီဆုကို ရင်ခုန်ရဦးမယ့်...

ထွန်းအိန္ဒြာဗိုအတွက် စတုတ္ထမြောက်အကယ်ဒမီဆုကို ရင်ခုန်ရဦးမယ့် ရုပ်ရှင်ဇာတ်ကား

မကြာမီ ရုံတင်ပြသတော့မယ့် နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားမှာ ထွန်းအိန္ဒြာဗိုက မျိုးရိုးဂုဏ်၊ ချမ်းသာကြွယ်ဝမှုဂုဏ်တွေကြောင့် အလွန်မောက်မာပြီး မာနတအားကြီးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားသူပါ။ ဒီဇာတ်ကားမှာ ထွန်းအိန္ဒြာဗိုက အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ဒရမ်မာသရုပ်ဆောင်မှုတွေကို ပိုင်နိုင်တဲ့ သူဖြစ်တာကြောင့် ထွန်းအိန္ဒြာဗိုရဲ့ ပရိသတ်တွေလဲ ကျေနပ်အားရစေမယ့် ဇာတ်ကားတစ်ကားလို့ ဆိုရမှာပါ။ ဒီလိုဇာတ်ကားမျိုးရိုက်ကူးခွင့်ရတဲ့အတွက် ဒါရိုက်တာကို ကျေးဇူးတင်မိတယ်လို့ ဆိုတဲ့ ထွန်းအိန္ဒြာဗိုက…

“ဒီလိုဇာတ်လမ်းမျိုး ရိုက်ခွင့်ရတာ ဆရာ့ကိုလဲ ကျေးဇူးတင်တယ်။ ၀မ်းလဲ ၀မ်းသာပါတယ်။ သူ့ရဲ့ဇာတ်ကျောရိုးကိုက ဒီလိုအသက်အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်ပေါ့။ ကျွန်မအသက်အရွယ်နဲ့လိုက်သွားတာ ဆိုတော့ အဓိကသွားရတဲ့ ဇာတ်ကောင်နေရာမှာ ရိုက်ခွင့်ရတဲ့ ဇာတ်ပါ။ မုဒ်ကတော့ ဒါရိုက်တာရဲ့ညွှန်ကြားမှုတွေလဲ ပါတယ်။ ဇာတ်ညွှန်းက ဒိုင်ယာလော့ခ်တွေကလည်း အများကြီးပံ့ပိုးပါတယ်။” လို့ပြောပါတယ်။ ဒီဇာတ်ကားမှာ ဒါရိုက်တာဂိုက်လိုင်းပေးတဲ့အတိုင်း ၀တ်စားပြင်ဆင်မှုတွေ၊ မျက်နှာပေးအမူအရာတွေကို သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အခက်အခဲရယ်လို့ သိပ်မရှိခဲ့ဘူးလို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ ဒီဇာတ်ကားမှာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့တဲ့ ထွန်းအိန္ဒြာဗိုက သူအားမရခဲ့တဲ့ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီးလဲ….“ကိုယ့်သရုပ်ဆောင်မှုကို ကိုယ်ကျေနပ်တယ်လို့တော့မဟုတ်ဘူးပေါ့။ ဇာတ်က ခိုင်းသမျှကို အတတ်နိုင်ဆုံးကြိုးစားသရုပ်ဆောင်ခဲ့တယ်။ နောက်ဆုံးဇာတ်သိမ်းခန်းကျတော့ ပုဂံမှာသွားရိုက်တာပေါ့။ ပုဂံမှာကျတော့ အောက်ဒိုးဖြစ်နေတယ်။ ဘုရားထဲမှာ ရိုက်တာ။ ရိုက်ရတဲ့အခန်းကျတော့လဲ ကိုယ်နောင်တပြန်ရတဲ့အခန်းမျိုး၊ နည်းနည်းအရေးကြီးတဲ့အခန်းပေါ့။ အောက်ဒိုးဆိုတော့ indoor လောက်သိပ်အေးအေးဆေးဆေးမဖြစ်ဘူး။ အဲဒါလေးအတွက်တော့ ကိုယ့်ကိုယ်ကိုယ် ဒီ့ထက်ကောင်းအောင် လုပ်နိုင်မယ်လို့ မျှော်လင့်မိတယ်။ ဒီ့ထက်ပိုလုပ်ချင်ပါတယ်။” လို့ပြောပါတယ်။ ထွန်းအိန္ဒြာဗိုကို ဒီရုပ်ရှင်ဇာတ်ကားနဲ့ စတုတ္ထမြောက် အကယ်ဒမီဆုကို ပိုင်ဆိုင်ခွင့်ရနိုင်မယ်လို့လဲ ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။ အကယ်ဒမီရင်ခုန်သံနဲ့ပတ်သက်ပြီး ထွန်းအိန္ဒြာဗိုက….“ဒီနှစ်လဲ ကြတ်ကျပြန်ပြီထင်တယ်။ ၀မ်းသာပါတယ်။ ပရိသတ်က အဲဒီလောက်မျှော်လင့်တာနဲ့တင် ကျွန်မ ကျေနပ်ပါတယ်။ ရတယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။ အမြဲတမ်းလည်း သတင်းထွက်ပြီး မရခဲ့တဲ့နှစ်တွေလဲ ကြုံဖူးတယ်။ အနီးကပ်ဆုံးဆို ပြီးခဲ့တဲ့ နှစ်ကလည်း ဒီအတိုင်းပဲ ဆိုတော့ ဘာမှမမမျှော်လင့်ထားပါဘူး” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071