Thursday, June 25, 2026

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ...

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ”...

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅...
HomeInternationalထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုနှင့်ပတ်သက်၍...

ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထိပ်တို-က်ရင်ဆိုင်

စနေနေ့က ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံသည် အပြန်အလှန် ပြင်းပြင်းထန်ထန် စွပ်စွဲပြစ်တင်မှုများ ပြုလုပ်ခဲ့ကြရာ၊ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံအကြား ပျ-က်စီးလွယ်သော ငြိမ်းချမ်းရေးကို ခြိ-မ်းခြေ-ာက်နေသည့် တင်းမာမှုများ မြင့်တက်လာနေသော နယ်စပ်ရေးရာနှင့် ပတ်သက်၍ လုံးဝကွဲပြားခြားနားသော အမြင်များကို တင်ပြခဲ့ကြသည်။

၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေဆွေးနွေးပွဲ၏ ပဉ္စမနေ့တွင် မိန့်ခွန်းပြောကြားရာ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖောင်ခက်ကီယို(Sihasak Phuangketkeow) က ကမ္ဘောဒီးယားအပေါ် မျှော်လင့်မထားသော ပြင်းထန်သည့် ပြ-စ်တင်ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ထိုနေ့အစောပိုင်းတွင် ကမ္ဘောဒီးယားဖက်မှပြောကြားခဲ့သော “နောင်တရဖွယ် မှတ်ချက်များ” ကြောင့် မူလမိန့်ခွန်းကို ပြန်လည်ပြင်ဆင်ရေးသားရန် သူ့အား ဖိအားပေးခံရသည်ဟုလည်း သူကထည့်သွင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရာ့ခ် စိုခွန်း (Prak Sokhonn) က ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယား အရပ်သားများကို အတင်းအကျပ်နှင်ထုတ်ခြင်း၊ ကမ္ဘောဒီးယားပိုင်နက်နယ်မြေပေါ်တွင် ပြည်တွင်းဥပဒေများ ချမှတ်ရန် ခြိ-မ်းခြေ-ာက်ခြင်း၊ နယ်စပ်အငြင်းပွားမှုများကို သဘောတူထားသည့် စနစ်များဖြင့် ကိုင်တွယ်ဖြေရှင်းမည့်အစား အင်အားသုံးဖြေရှင်းခြင်းတို့ပြုလုပ်သည်ဟု စွပ်စွဲပြောကြားခဲ့ပြီးနောက် ဤသံတမန်ရေးရာ ထိပ်တို-က်ရင်ဆိုင်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

Ref: khaosod

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန် ၂၅ ရက် နံနက်ပိုင်းက MFF Futsal Stadium ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအတွင်း ဖူဆယ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖူဆယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစား ပိုမိုဖွံ့ဖြိုးလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံ အမျိုးသမီး ယူ-၁၉...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ” ဟု မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ဥရုချောင်းရေကြီးမှုကြောင့် ရေဝင်ရောက်မှုသည် အေးမြသာယာ၊ ငှက်ပျောတော၊ မြို့မကျောက်ဝိုင်း၊ မှော်ဝမ်းနှင့် မရှီကထောင် စသည့် မြို့ပေါ်ရပ်ကွက်များအထိ ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ “ညပိုင်းကနေ မိုးကထပ်ရွာပြန်တော့ ဒီကနေ့အထိ ရွာနေတုန်းပါပဲ။ ရေက အများကြီးမကျနိုင်ဘူးဖြစ်နေတယ်” ဟုလည်း မြို့ခံတစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ရေကြီးမှုသည် ဇွန်လ ၂၁ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့အထိ...

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်သည်။ ယမန်နေ့ နံနက် ၉ နာရီခွဲမှ ယနေ့ နံနက် ၉ နာရီခွဲအထိ ၂၄ နာရီအတွင်း မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခဲ့ပြီး နေပြည်တော်တွင်လည်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။ မှတ်သားဖွယ် မိုးရေချိန်များအနေဖြင့် ကျိုက်မရောမြို့တွင် ၃ ဒသမ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071