Tuesday, August 4, 2026

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...
HomeNewsLocal Newsထိုင်းနိုင်ငံက မြန်မာအလုပ်သမားကမ်းလှမ်းစာများ ဆက်တိုက်ပို့လာ

ထိုင်းနိုင်ငံက မြန်မာအလုပ်သမားကမ်းလှမ်းစာများ ဆက်တိုက်ပို့လာ

(Unicode)

ထိုင်းနိုင်ငံက မြန်မာအလုပ်သမားကမ်းလှမ်းစာများ ဆက်တိုက်ပို့လာ

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ခေါ်စာနဲ့ အလုပ် လာရောက်လုပ်ကိုင်ဖို့ တရားဝင်ကမ်းလှမ်းတာတွေ ပေးပို့နေပြီး လက်ရှိမှာ ကမ်းလှမ်းစာတွေကို စိစစ်နေတဲ့အကြောင်းနဲ့ စေလွှတ်မှုတွေကို မတ်လကစပြီး ဆောင်ရွက်နိုင်ချေရှိနေတယ်လို့ နစကအလုပ်သမားဝန်ကြီးဌာနကပြောပါတယ်။

“ဖေဖော်ဝါရီ ၈ရက်ကစပြီး ဝန်ကြီးဌာနဘက်က တင်ပြလာမှုတွေကိုလက်ခံပေးနေပါပြီ။စိစစ်မှုတွေ လုပ်ပြီးတာနဲ့ ဝန်ကြီးရုံးကိုတင် ဆုံးဖြတ်ချက်ချပြီးရင် တန်းလွှတ်မှာပေါ့။မကြာပါဘူး”လို့ အလုပ်သမားဝန်ကြီးဌာနကပြောပါတယ်။

စိစစ်တဲ့အခါမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံရောက်တဲ့အခါ အဆင်ပြေစေဖို့နဲ့ အလုပ်လုပ်ကိုင်ရတာမှာ အခက်အခဲမကြုံစေဖို့ ဖြစ်တယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။

“ဆောက်လုပ်ရေးလုပ်ငန်းတွေဆို ကိုယ်တို့က ပို စိစစ်တယ်။အဲ့ဒီမှာ ရှိနေတဲ့ သံအရာရှိနဲ့။အဆင်ပြေမလား။လုပ်ရကိုင်ရတာ။ဒီလိုပေါ့။အခြားသောလုပ်ငန်းတွေလည်းစိစစ်ပါတယ်။အရင်တုန်းကလည်း ဒီစက်ရုံက ခေါ်တယ်။ လုပ်သားတွေအဆင်ပြေကြတယ်။ဒီလိုစက်ရုံမျိုးတွေဆိုရင်တော့ မစိစစ်တော့ဘူး။ခွင့်ပြုပေးလိုက်မယ်။နောက်တစ်ခုရှိတာက။ခုကာလက ကိုဗစ်ကာလကြီးဆိုတော့ ကွာရန်တင်းဝင်ရင် ဟိုဘက်အလုပ်ရှင်က ကျခံပေးရမယ်။ဒါတွေလည်း လုပ်ဆောင်နေပါတယ်။ပြီးတာနဲ့ အလုပ်ရှင်က သဘောတူ လက်မှတ်ထိုးပြီးရင် ခွင့်ပြုပေးလိုက်မှာဖြစ်ပါတယ်”လို့လည်း ဆက်ပြောပါတယ်။

ထိုင်းကို သွားပြီး အလုပ်လုပ်မယ့်သူတွေအနေနဲ့ အစိုးရက ခွင့်ပြုထားတဲ့ အေဂျင်စီတွေနဲ့သာ ချိတ်ဆက်ဆောင်ရွက်ဖို့နဲ့ ပွဲစားတွေနဲ့ တရားမဝင်လမ်းကြောင်းကနေ မသွားကြဖို့၊နောက်ပြီး ဝန်ဆောင်ခကိုလည်း တစ်ဦး ငွေကျပ်၃သိန်းကောက်ခံဖို့ ညွှန်ကြားထားတာရှိ တဲ့အကြောင်း တွေလည်းပြောပြပါတယ်။

(Zawgyi)

ထိုင္းနိုင္ငံက ျမန္မာအလုပ္သမားကမ္းလွမ္းစာမ်ား ဆက္တိုက္ပို႔လာ

ထိုင္းနိုင္ငံက ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြကို အလုပ္ေခၚစာနဲ႔ အလုပ္ လာေရာက္လုပ္ကိုင္ဖို႔ တရားဝင္ကမ္းလွမ္းတာေတြ ေပးပို႔ေနၿပီး လက္ရွိမွာ ကမ္းလွမ္းစာေတြကို စိစစ္ေနတဲ့အေၾကာင္းနဲ႔ ေစလႊတ္မွုေတြကို မတ္လကစၿပီး ေဆာင္ရြက္နိုင္ေခ်ရွိေနတယ္လို႔ နစကအလုပ္သမားဝန္ႀကီးဌာနကေျပာပါတယ္။

“ေဖေဖာ္ဝါရီ ၈ရက္ကစၿပီး ဝန္ႀကီးဌာနဘက္က တင္ျပလာမွုေတြကိုလက္ခံေပးေနပါၿပီ။စိစစ္မွုေတြ လုပ္ၿပီးတာနဲ႔ ဝန္ႀကီး႐ုံးကိုတင္ ဆုံးျဖတ္ခ်က္ခ်ၿပီးရင္ တန္းလႊတ္မွာေပါ့။မၾကာပါဘူး”လို႔ အလုပ္သမားဝန္ႀကီးဌာနကေျပာပါတယ္။

စိစစ္တဲ့အခါမွာ ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြ ထိုင္းနိုင္ငံေရာက္တဲ့အခါ အဆင္ေျပေစဖို႔နဲ႔ အလုပ္လုပ္ကိုင္ရတာမွာ အခက္အခဲမၾကဳံေစဖို႔ ျဖစ္တယ္လို႔ ဝန္ႀကီးဌာနကဆိုပါတယ္။

“ေဆာက္လုပ္ေရးလုပ္ငန္းေတြဆို ကိုယ္တို႔က ပို စိစစ္တယ္။အဲ့ဒီမွာ ရွိေနတဲ့ သံအရာရွိနဲ႔။အဆင္ေျပမလား။လုပ္ရကိုင္ရတာ။ဒီလိုေပါ့။အျခားေသာလုပ္ငန္းေတြလည္းစိစစ္ပါတယ္။အရင္တုန္းကလည္း ဒီစက္႐ုံက ေခၚတယ္။ လုပ္သားေတြအဆင္ေျပၾကတယ္။ဒီလိုစက္႐ုံမ်ိဳးေတြဆိုရင္ေတာ့ မစိစစ္ေတာ့ဘူး။ခြင့္ျပဳေပးလိုက္မယ္။ေနာက္တစ္ခုရွိတာက။ခုကာလက ကိုဗစ္ကာလႀကီးဆိုေတာ့ ကြာရန္တင္းဝင္ရင္ ဟိုဘက္အလုပ္ရွင္က က်ခံေပးရမယ္။ဒါေတြလည္း လုပ္ေဆာင္ေနပါတယ္။ၿပီးတာနဲ႔ အလုပ္ရွင္က သေဘာတူ လက္မွတ္ထိုးၿပီးရင္ ခြင့္ျပဳေပးလိုက္မွာျဖစ္ပါတယ္”လို႔လည္း ဆက္ေျပာပါတယ္။

ထိုင္းကို သြားၿပီး အလုပ္လုပ္မယ့္သူေတြအေနနဲ႔ အစိုးရက ခြင့္ျပဳထားတဲ့ ေအဂ်င္စီေတြနဲ႔သာ ခ်ိတ္ဆက္ေဆာင္ရြက္ဖို႔နဲ႔ ပြဲစားေတြနဲ႔ တရားမဝင္လမ္းေၾကာင္းကေန မသြားၾကဖို႔၊ေနာက္ၿပီး ဝန္ေဆာင္ခကိုလည္း တစ္ဦး ေငြက်ပ္၃သိန္းေကာက္ခံဖို႔ ညႊန္ၾကားထားတာရွိ တဲ့အေၾကာင္း ေတြလည္းေျပာျပပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071