ထိုင်းနိုင်ငံ၊ လယောင်းခရိုင် (Rayong) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်ရှင်၏ ရက်စက်စွာ နှိပ်စက်ခြင်းကို ခံခဲ့ရသည့် မြန်မာလုပ်သား မောင်သားသားထံသို့ အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံကာ လိုအပ်သည်များ ထပ်မံကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းခွင်တွင် တရုတ်စကားပြန်အဖြစ် လုပ်ကိုင်ခဲ့သူ မောင်သားသားအား ၎င်း၏ အလုပ်ရှင်ဟောင်းနှင့် အပေါင်းအပါများက ရေနွေးပူဖြင့်လောင်းခြင်း၊ ရို-က်နှက်ခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အလုပ်သမားသံအရာရှိရုံးအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားပြီးကတည်း အနီးကပ်ကူညီပေးလျက်ရှိကာ ပြစ်မှုကျူးလွန်သူ များကို ထိရောက်စွာ အရေးယူနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ကာယကံရှင် အလုပ်သမားအတွက် လိုအပ်သောထောက်ပံ့ငွေများပေးအပ်ခြင်း၊ တာဝန်ရှိသူများကိုယ်တိုင် သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး ထပ်မံထောက်ပံ့မှုများ ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်သမားသံအရာရှိရုံးအနေဖြင့် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ အ ခွင့်အရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုင်းရောက် မြန်မာလုပ်သားများအားလုံး ဘေး ရန်ကင်းရှင်းကြစေရန် သတင်းစကားပါးထားသည်။
