Thursday, July 2, 2026

တောင်အာဖရိကတစ်ဝန်း ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွား

တောင်အာဖရိကနိုင်ငံရှိ မြို့ကြီးများအနှံ့တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံမှ ထွက်ခွာစေရေး တောင်းဆိုသည့် ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့ကြရာ...

ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒ-ဏ်ကာလပြီးဆုံးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံသားတစ်ဦးအဖြစ်...

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိပြစ်ဒ-ဏ်ကာလပြီးဆုံးပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒ-ဏ်များကို ကျခံပြီးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံသားတစ်ဦးအဖြစ် မည်သည့်အခက်အခဲ၊ အတားအဆီးမျှမရှိဘဲ ပါဝင်ဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက...

ကံကြီးဝရေလွှဲဆည် အမြန်ပြုပြင်ပေးရန် လွှတ်တော်တွင် တင်ပြ၊...

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိ တောင်သူများ၏ စိုက်ပျိုးရေအတွက် အဓိကအားထားနေရသော ကံကြီးဝရေလွှဲဆည်ကို အမြန်ဆုံး အကြီးစားပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍ တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုလတ်က တတိယအကြိမ်...

အိန္ဒိယခရီးစဉ်အတွင်း စီးပွားရေး၊ လုံခြုံရေးနှင့် အခြေခံအဆောက်အအုံ...

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်လုံခြုံရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု...
HomeMoviesထိုင်းတောင်ပိုင်း လုံခြုံရေးအခြေအနေ ဆွေးနွေးရန်...

ထိုင်းတောင်ပိုင်း လုံခြုံရေးအခြေအနေ ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် မလေးရှားသို့ သွားရောက်မည်

ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ်ဒေသများတွင် မကြာသေးမီက အကြမ်းဖက်ဖြစ်စဉ်များ မြင့်တက်လာမှုနှင့် နယ်စပ်ဖြတ်ကျော် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ဇူလိုင် ၉ ရက်မှ ၁၀ ရက်အထိ မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်သည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်နှင့် တွေ့ဆုံကာ ထိုင်းနိုင်ငံတောင်ပိုင်း သူပုန်ထမှုအခြေအနေ၊ နယ်စပ်ဖြတ်ကျော် စစ်သွေးကြွလှုပ်ရှားမှုများ ထိန်းချုပ်ရေးနှင့် နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံတော်လုံခြုံရေးကောင်စီ (NSC) အတွင်းရေးမှူးချုပ် ချတ်ချိုင်း ဘန်ချွက်က ပြောကြားသည်။

မလေးရှားနိုင်ငံက တရားမဝင်နယ်စပ်လမ်းကြောင်းများမှ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသူများကို နှိမ်နင်းဆောင်ရွက်နေမှုသည် ထိုင်းတောင်ပိုင်း လုံခြုံရေးအခြေအနေအပေါ် ပိုမိုအလေးထားလာသည့် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းအာဏာပိုင်များ၏ အဆိုအရ စစ်သွေးကြွအဖွဲ့ဝင်အချို့သည် ထိုင်း-မလေးရှား နယ်စပ်ဒေသကို ယာယီခိုလှုံရာအဖြစ် အသုံးပြုလေ့ရှိပြီး အချို့မှာ နှစ်နိုင်ငံသားခံယူထားခြင်း သို့မဟုတ် မလေးရှားနိုင်ငံတွင် ဆွေမျိုးသားချင်းများရှိနေခြင်းကြောင့် နယ်စပ်ဖြတ်ကျော် သွားလာရန် လွယ်ကူကြောင်း သိရသည်။

ထို့ပြင် မလေးရှားနိုင်ငံ၏ ကြားဝင်စီစဉ်ပေးမှုဖြင့် ကျင်းပလျက်ရှိသော ထိုင်းအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်သည့် အဓိကသူပုန်အဖွဲ့ဖြစ်သော BRN (Barisan Revolusi Nasional) အဖွဲ့၏ ခေါင်းဆောင်ပိုင်းအဖွဲ့ဝင်အချို့သည် မလေးရှားနိုင်ငံတွင် နေထိုင်နေကြသည်ဟု ယုံကြည်ရကြောင်း သိရသည်။

ယခုခရီးစဉ်သည် ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ပြည်နယ်များတွင် အစိုးရအရာရှိများနှင့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများ မြင့်တက်လာနေသည့် အခြေအနေအတွင်း ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

Ref: Thai PBS World

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်အာဖရိကတစ်ဝန်း ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွား

တောင်အာဖရိကနိုင်ငံရှိ မြို့ကြီးများအနှံ့တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံမှ ထွက်ခွာစေရေး တောင်းဆိုသည့် ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့ကြရာ အချို့နေရာများတွင် အကြမ်းဖက်မှုများနှင့် လုယက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည် နိုင်ငံတော်အလံများနှင့် သစ်သားတုတ်များ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများအား နိုင်ငံမှ ထွက်ခွာစေရေးကို နောက်ဆုံးသတ်မှတ်ရက်အဖြစ် သတ်မှတ်တောင်းဆိုခဲ့ကြသည်။ လများစွာကြာမြင့်ခဲ့သည့် အဆိုပါမငြိမ်သက်မှုများကြောင့် အာဖရိကနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာသည် သတ်မှတ်ရက်မတိုင်မီ တောင်အာဖရိကမှ ထွက်ခွာခဲ့ကြပြီး ဈေးဆိုင်အများအပြား ပိတ်ထားခဲ့သလို နိုင်ငံခြားသားအလုပ်သမားများမှာလည်း လုံခြုံရေးစိုးရိမ်မှုကြောင့်...

ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒ-ဏ်ကာလပြီးဆုံးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံသားတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နိုင်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိပြစ်ဒ-ဏ်ကာလပြီးဆုံးပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒ-ဏ်များကို ကျခံပြီးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံသားတစ်ဦးအဖြစ် မည်သည့်အခက်အခဲ၊ အတားအဆီးမျှမရှိဘဲ ပါဝင်ဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ယင်းကို ဇွန် ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုးက ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ပြစ်မှုဆိုင်ရာဥပဒေများအရ ပြစ်ဒ-ဏ်ကျခံနေရသူဖြစ်ကြောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒ-ဏ်ကာလပြီးဆုံးပြီးနောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံသားတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ “ပြင်ပမှာ ပြောဆိုနေကြသလို ဒေါ်အောင်ဆန်းစုကြည်ဟာ...

ကံကြီးဝရေလွှဲဆည် အမြန်ပြုပြင်ပေးရန် လွှတ်တော်တွင် တင်ပြ၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်၌ ရန်ပုံငွေတောင်းခံ ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိ တောင်သူများ၏ စိုက်ပျိုးရေအတွက် အဓိကအားထားနေရသော ကံကြီးဝရေလွှဲဆည်ကို အမြန်ဆုံး အကြီးစားပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍ တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုလတ်က တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် မေးမြန်းတင်ပြခဲ့ကြောင်း သိရသည်။ ကံကြီးဝရေလွှဲဆည်သည် တမူးမြို့ရှိ အကျိုးပြုစိုက်ဧရိယာ ၈၃၅ ဒသမ ၂၄ ဧကအတွက် အဓိကရေပေးဝေသည့် ဆည်ဖြစ်ပြီး တမူးမြို့ရှိ အိမ်ထောင်စု ၁၃,၀၀၀ နီးပါးနှင့် လူဦးရေ ၆၃,၀၀၀ ကျော်အနက် အများစုမှာ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြသည့် တောင်သူများဖြစ်ကြောင်း ကိုယ်စားလှယ်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071