Monday, August 10, 2026

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး...

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀...

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့်...
HomeInternationalထရမ့်ပ်နိုင်လျှင်ယူကရိန်းကိုကူညီပံ့ပိုးမှုများကိုပြန်စဉ်းစားရမည်ဟုဆို

ထရမ့်ပ်နိုင်လျှင်ယူကရိန်းကိုကူညီပံ့ပိုးမှုများကိုပြန်စဉ်းစားရမည်ဟုဆို

 အကယ်၍ဒေါ်နယ်ထရမ့်ပ်သာ အမေရိကန်ပြည်ထောင်စု၏ သမ္မတအဖြစ် ရွေးကောက်ခံရလျှင် ဥရောပသည် စစ်ပွဲဝန်ထုပ်ဝန်ပိုးကို တစ်ကိုယ်တည်းထမ်းနိုင်မည် မဟုတ်သောကြောင့် ယူကရိန်းကို ဥရောပ၏ ကူညီပံ့ပိုးမှုများအား ပြန်စဉ်းစားရန် လိုအပ်မည်ဖြစ်သည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

 အော်ဘန်သည် ယူကရိန်းကို စစ်ရေးအကူအညီပေးမှုကို ဆန့်ကျင်သူဖြစ်ကာ သူနှင့်ထရမ့်ပ်က အမြင်တူပြီး ယူကရိန်း ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းလိမ့်မည်ဟု သူထင်ကြောင်း ပြောကြားသည်။

သူသည် ရီပတ်ဗလီကန် သမ္မတလောင်းဖြစ်သည့် သမ္မတဟောင်းထရမ့်ပ်ကို ထောက်ခံသူဖြစ်ပြီး အင်္ဂါနေ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ထရမ့်ပ်က ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာ ဟဲရစ်ကို အနိုင်ယူမည်ဟု ဆိုထားသည်။

အမေရိကမှာသာ ငြိမ်းချမ်းရေးလိုလားသူ သမ္မတဖြစ်လာပါက မိမိတို့ ဥရောပဒေသအနေဖြင့် နားလည်သဘောပေါက်ထားရမည်မှာ ဥရောပသည် စစ်ပွဲထောက်ခံသူအဖြစ် ဆက်ရှိနိုင်တော့မည်မဟုတ်ကြောင်း အော်ဘန်က ပြောကြားခဲ့သည်။

လာမည့်သီတင်းပတ်တွင် ဘူဒါပက်စ်၌ ဥရောပခေါင်းဆောင်များနှင့် တွေ့ဆုံသည့် အစီအစဉ်တွင် ယူကရိန်းအရေးသည် ပိုမိုအရေးကြီးလာလိမ့်မည်ဟု ဥရောပနိုင်ငံရေးအသိုက်အဝန်းအစည်းအဝေးနှင့် အီးယူခေါင်းဆောင်များ၏ အလွတ်သဘောအစည်းအဝေးများကို ရည်ညွှန်းကာ အော်ဘန်က ပြောဆိုသည်။

“ဥရောပက စစ်ပွဲ ဝန်ထုပ်ဝန်ပိုးကို တစ်ကိုယ်တည်း ထမ်းလို့မရနိုင်ဘူး၊ အမေရိကန်တွေသာ ငြိမ်းချမ်းရေးဘက်ပြောင်းရင် ငါတို့လည်း လိုက်လျောညီထွေဖြစ်ဖို့လိုတယ်၊ ဒါက ဘူဒါပက်စ်မှာ ဆွေးနွေးရမယ့် အရာပဲ” ဟု အော်ဘန်က ဆိုခဲ့သည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်သည် ယူကရိန်းစစ်ပွဲနှင့် ဥရောပတိုက် ၏ လုံခြုံရေးအပေါ် အကျိုးသက်ရောက်လာနိုင်သည့် အခြေအနေအတွက် ဥရောပသည် ခြောက်ခြားနေရသည်။ Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး ၁၂ နာရီအတွင်းဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဖမ်းဆီးခေါ်ဆောင်သွားသူများက ည ၈ နာရီခန့်တွင်  ဦးအောင်မြင့်၏ မိသားစုများထံသို့ဆက်သွယ်၍ ဦးအောင်မြင့်အား အသက်ရှင်လျက်ပြန်လည်ရရှိလိုပါက ငွေကျပ်သိန်း(၄,၅၀၀)နှင့် ရွှေ(၆၀)ကျပ်သားပေးရန် လုံခြုံရေးအဖွဲ့ဝင်များထံတိုင်ကြားခြင်းမပြုရန်၊ တိုင်ကြားပါကသတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာငွေကြေးတောင်းခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များကစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြရာမှ ဩဂုတ် ၇ ရက်တွင် ပြစ်မှုကျူးလွန်သူ(၉)ဦးကို အခင်းဖြစ်ပြီး ၁၂ နာရီအတွင်း၌ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ ပြန်ပေးဆွဲခံရသူကိုလည်း အ...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စစ်ဆေး

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့် ပုသိမ်မြို့တို့ရှိ တက္ကသိုလ်များအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဟင်္သာတတက္ကသိုလ်အားကြည့်ရှုစစ်ဆေးစဥ် တက္က သိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပရိဝုဏ်သန့်ရှင်းသာယာလှပမှုရှိစေရေးစဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ကျောင်းဝန်းအတွင်းရှိ သစ်ပင်ကြီးများအား အောက်ခြေရှင်းအလင်းဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် မအူပင်မြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုကြည့်ရှုစစ်ဆေးစဥ် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာများနှင့်ပတ်သက်၍ မဟာဘွဲ့သင် တန်းများသင်ကြားပေးနိုင်ရေးအတွက် စနစ်တကျစီမံပြီးမှသာဆောင်ရွက်ရန် မှာကြားသည်။ အရည်အချင်းနှင့် ထူးချွန်ထက်မြက်သည့် သင်တန်း ဆင်းပညာရှင်များထွက်ပေါ်လာစေရေး၊ နိုင်ငံတော်အတွက်အကျိုးပြုမည့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့် ထိုးသတ်ပြီး ပူးတွဲသရေဖြင့် ပွဲပြီးဆုံး

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀ ကီလိုတန်း လက်ဝှေ့ပွဲတွင် အဲမွီ (အဲကညော) နှင့် သန့်ဇင် (Python Taw Win Ayar) တို့ ပူးတွဲသရေ ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် အဲမွီ (အဲကညော) ကို အနီရောင်ထောင့်မှ ကိုယ်စားပြုကာ သန့်ဇင် (Python Taw Win Ayar) က အပြာရောင်ထောင့်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ နှစ်ဦးစလုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071