Thursday, August 6, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeNewsLocal Newsတိုက်ပြိုကျမှုသဏ္ဍာန်တူပြုလုပ်၍ ရန်ကုန်တွင် မီးသတ်တပ်ဖွဲ့...

တိုက်ပြိုကျမှုသဏ္ဍာန်တူပြုလုပ်၍ ရန်ကုန်တွင် မီးသတ်တပ်ဖွဲ့ လက်တွေ့လေ့ကျင့်

တိုက်ပြိုကျမှုသဏ္ဍာန်တူပြုလုပ်၍ ရန်ကုန်တွင် မီးသတ်တပ်ဖွဲ့ လက်တွေ့လေ့ကျင့်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၆နာရီခွဲအချိန်က မီးသတ်တပ်ဖွဲ့က ရန်ကုန် အလုံမြို့နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသည့် သဏ္ဍာန်တူအဆောက်အဦပြုလုပ်ပြီး လေ့ကျင့်မှုတစ်ရပ်ပြုလုပ်ခဲ့သည်။

အဆိုပါ မြေငလျင်ဘေးဇာတ်တိုက်လေ့ကျင့်မှုများကို မီးသတ်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူက အနီးကပ်ကြီးကြပ် ကွပ်ကဲခဲ့ပြီး၊ အလုံမြို့နယ်မီးသတ်စခန်းနှင့် နေအိမ်လိုင်းခန်းပါ (၄)ခန်းတွဲ (၇)ထပ် သက်တမ်းပြည့် အဆောက်အဦအား ပြန်လည်တည်ဆောက်ရန် ဖြိုချနေသည့် စတုရန်းမီတာ (၁၀၁၇၁)ကျယ်ဝန်းသည့် လုပ်ငန်းခွင်၌ တိုက်ပြိုကျမှုသဏ္ဍာန်တူဖြစ်စဉ်အဖြစ် အသုံးပြုလျက်လေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ပြိုကျမှုဖြစ်စဉ်အပေါ် ဇာတ်တိုက်လေ့ကျင့်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ အသင့်စုဖွဲ့လေ့ကျင့်ထားသည့် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့ဝင်များ၊ Structure Engineer များ၊ အရေးပေါ်ဆေးဖက်ဆိုင်ရာဝန်ဆောင်မှု(EMS)မီးသတ်တပ်ဖွဲ့ဝင်သူနာပြုများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ Drone Team မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း (၅၆)ဦးတို့မှ ရှာဖွေ ကယ်ဆယ်ရေးယာဉ် Rescue Truck (၁)စီး၊ မီးသတ်သူနာတင်ယာဉ် (၁)စီး၊ Minibus အုပ်ချုပ်မှု ယာဉ် (၁)စီးတို့အား အသုံးပြုကာ သတိမေ့လူနာ (၁)ဦး၊ ကွန်ကရစ်ပြားပိမိလူနာ (၁)ဦး၊ မြေညီထပ်တွင် ပိတ်မိလူနာ (၁)ဦး၊ ပထမထပ်တွင် ပိတ်မိလူနာ (၁)ဦးတို့အား သဏ္ဍာန်တူပြုလုပ်၍ အခင်းဖြစ်နေရာသို့ ထွက်ခွာခြင်း၊ နေရာယူစုဖွဲ့တာဝန်ခွဲဝေခြင်း၊ Drone ဖြင့် အခင်းဖြစ်နေရာအား အပေါ်စီးမှ ခြုံငုံကြည့်ရှုခြင်း၊ ပြိုကျအဆောက်ဦးပတ်လည်အား Do not cross များ ကာရံ၍ ဘေးကင်းလုံခြုံရေးဧရိယာများသတ်မှတ်ခြင်း၊ Structure Engineer အဖွဲ့မှ Leader Sentry အသုံးပြု၍ Mornitoring ပြုလုပ်ခြင်းများပြုလုပ်လျက် Drone Team နှင့် Structure Engineer Team တို့၏ သတင်းထောက်လှမ်းချက်၊ အကြံပြုချက်များအရ အဆောက်အဦဆက်လက် ပြိုကျမှုများမဖြစ်စေရန် Shoring နည်းစနစ်အသုံးပြုကာ ဒေါက်ထောက်ခြင်း၊ အဆောက်အဦအတွင်း ဘေးအန္တရာယ်ရှိနိုင်သော ဓာတ်ငွေ့အဆိပ်အတောက်များရှိ/ မရှိ Detection အဖွဲ့များခွဲ၍ Sector အလိုက်ဝင်ရောက်စုံစမ်းခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ Rapid Search and Rescue ဆောင်ရွက်ခြင်း၊ ဦးစားပေးလူနာများအား အရောင်ခွဲခြားသတ်မှတ်လျက် Rope rescue အဖွဲ့မှ Power Ascender အသုံးပြု၍ ကယ်ထုတ်ခြင်း၊ ပြိုကျအခန်း Void များအတွင်း Leader Hasty များအသုံးပြုရှာဖွေကာ ကွန်ကရစ်ပိမိသူလူနာထပ်မံတွေ့ရှိမှုအား Cribbing Technique ဖြင့် ကယ်ထုတ်ပြီး Tri pod အသုံးပြု၍ A-Frame Method ဖြင့်လည်းကောင်း၊ Breeching and Breaking နည်းလမ်းများဖြင့်လည်းကောင်း၊ ထိုးဖောက်ဝင်ရောက်၍ ဘေးကင်းရာသို့ ကယ်ဆယ်ပေးခြင်း၊ အရေးပေါ်ဆေးဝါးကုသခြင်းများ(Basic Life Support)ပေး၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းစသည့် ဇာတ်တိုက် လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။

Zaw Gyi

တိုက္ၿပိဳက်မႈသ႑ာန္တူျပဳလုပ္၍ ရန္ကုန္တြင္ မီးသတ္တပ္ဖြဲ႕ လက္ေတြ႕ေလ့က်င့္

၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၉ ရက္ေန႔ မနက္ ၆နာရီခြဲအခ်ိန္က မီးသတ္တပ္ဖြဲ႕က ရန္ကုန္ အလုံၿမိဳ႕နယ္တြင္ ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ ၿပိဳက်ပ်က္စီးသည့္ သ႑ာန္တူအေဆာက္အဦျပဳလုပ္ၿပီး ေလ့က်င့္မႈတစ္ရပ္ျပဳလုပ္ခဲ့သည္။

အဆိုပါ ေျမငလ်င္ေဘးဇာတ္တိုက္ေလ့က်င့္မႈမ်ားကို မီးသတ္ဦးစီးဌာနဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရဲမင္းသူက အနီးကပ္ႀကီးၾကပ္ ကြပ္ကဲခဲ့ၿပီး၊ အလုံၿမိဳ႕နယ္မီးသတ္စခန္းႏွင့္ ေနအိမ္လိုင္းခန္းပါ (၄)ခန္းတြဲ (၇)ထပ္ သက္တမ္းျပည့္ အေဆာက္အဦအား ျပန္လည္တည္ေဆာက္ရန္ ၿဖိဳခ်ေနသည့္ စတုရန္းမီတာ (၁၀၁၇၁)က်ယ္ဝန္းသည့္ လုပ္ငန္းခြင္၌ တိုက္ၿပိဳက်မႈသ႑ာန္တူျဖစ္စဥ္အျဖစ္ အသုံးျပဳလ်က္ေလ့က်င့္ခန္းမ်ားေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္ဟု မီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။

တိုက္ၿပိဳက်မႈျဖစ္စဥ္အေပၚ ဇာတ္တိုက္ေလ့က်င့္မႈအား ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္ရွိ အသင့္စုဖြဲ႕ေလ့က်င့္ထားသည့္ ရွာေဖြကယ္ဆယ္ေရးအထူးအဖြဲ႕ဝင္မ်ား၊ Structure Engineer မ်ား၊ အေရးေပၚေဆးဖက္ဆိုင္ရာဝန္ေဆာင္မႈ(EMS)မီးသတ္တပ္ဖြဲ႕ဝင္သူနာျပဳမ်ား၊ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးမီးသတ္ဦးစီးမႉး႐ုံးမွ Drone Team မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ စုစုေပါင္း (၅၆)ဦးတို႔မွ ရွာေဖြ ကယ္ဆယ္ေရးယာဥ္ Rescue Truck (၁)စီး၊ မီးသတ္သူနာတင္ယာဥ္ (၁)စီး၊ Minibus အုပ္ခ်ဳပ္မႈ ယာဥ္ (၁)စီးတို႔အား အသုံးျပဳကာ သတိေမ့လူနာ (၁)ဦး၊ ကြန္ကရစ္ျပားပိမိလူနာ (၁)ဦး၊ ေျမညီထပ္တြင္ ပိတ္မိလူနာ (၁)ဦး၊ ပထမထပ္တြင္ ပိတ္မိလူနာ (၁)ဦးတို႔အား သ႑ာန္တူျပဳလုပ္၍ အခင္းျဖစ္ေနရာသို႔ ထြက္ခြာျခင္း၊ ေနရာယူစုဖြဲ႕တာဝန္ခြဲေဝျခင္း၊ Drone ျဖင့္ အခင္းျဖစ္ေနရာအား အေပၚစီးမွ ၿခဳံငုံၾကည့္ရႈျခင္း၊ ၿပိဳက်အေဆာက္ဦးပတ္လည္အား Do not cross မ်ား ကာရံ၍ ေဘးကင္းလုံၿခဳံေရးဧရိယာမ်ားသတ္မွတ္ျခင္း၊ Structure Engineer အဖြဲ႕မွ Leader Sentry အသုံးျပဳ၍ Mornitoring ျပဳလုပ္ျခင္းမ်ားျပဳလုပ္လ်က္ Drone Team ႏွင့္ Structure Engineer Team တို႔၏ သတင္းေထာက္လွမ္းခ်က္၊ အႀကံျပဳခ်က္မ်ားအရ အေဆာက္အဦဆက္လက္ ၿပိဳက်မႈမ်ားမျဖစ္ေစရန္ Shoring နည္းစနစ္အသုံးျပဳကာ ေဒါက္ေထာက္ျခင္း၊ အေဆာက္အဦအတြင္း ေဘးအႏၲရာယ္ရွိႏိုင္ေသာ ဓာတ္ေငြ႕အဆိပ္အေတာက္မ်ားရွိ/ မရွိ Detection အဖြဲ႕မ်ားခြဲ၍ Sector အလိုက္ဝင္ေရာက္စုံစမ္းျခင္း၊ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မွ Rapid Search and Rescue ေဆာင္႐ြက္ျခင္း၊ ဦးစားေပးလူနာမ်ားအား အေရာင္ခြဲျခားသတ္မွတ္လ်က္ Rope rescue အဖြဲ႕မွ Power Ascender အသုံးျပဳ၍ ကယ္ထုတ္ျခင္း၊ ၿပိဳက်အခန္း Void မ်ားအတြင္း Leader Hasty မ်ားအသုံးျပဳရွာေဖြကာ ကြန္ကရစ္ပိမိသူလူနာထပ္မံေတြ႕ရွိမႈအား Cribbing Technique ျဖင့္ ကယ္ထုတ္ၿပီး Tri pod အသုံးျပဳ၍ A-Frame Method ျဖင့္လည္းေကာင္း၊ Breeching and Breaking နည္းလမ္းမ်ားျဖင့္လည္းေကာင္း၊ ထိုးေဖာက္ဝင္ေရာက္၍ ေဘးကင္းရာသို႔ ကယ္ဆယ္ေပးျခင္း၊ အေရးေပၚေဆးဝါးကုသျခင္းမ်ား(Basic Life Support)ေပး၍ နီးစပ္ရာေဆး႐ုံ၊ ေဆးခန္းမ်ားသို႔ ပို႔ေဆာင္ေပးျခင္းစသည့္ ဇာတ္တိုက္ ေလ့က်င့္ခန္းမ်ားျပဳလုပ္ခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕က ဆိုသည္။

 

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071