Home News Local News တာတမံနိမ့်ကျမှုကြောင့် ရေတိုက်စားမှုကာကွယ်ခြင်းနှင့် ရေနက်ရေစီးကြောင်းပိတ်ဆို့နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုစစ်ဆေး

တာတမံနိမ့်ကျမှုကြောင့် ရေတိုက်စားမှုကာကွယ်ခြင်းနှင့် ရေနက်ရေစီးကြောင်းပိတ်ဆို့နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုစစ်ဆေး

0
140

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေ ကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ ကျေးရွာများ၌ရေဝင်ရောက်မှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတ နာရှင်များစုပေါင်းဆောင်ရွက်ပေးလျက်ရှိကာ ရေဘေးသင့်သူများကို ယာယီရေဘေးရှောင်နေရာများသို့ပို့ ဆောင်နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ပေးနေမှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သြဂုတ် ၉ ရက်နံနက်ပိုင်းတွင် ငဝန်မြစ်ရေကာတာ တမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ ရေဘေးသင့်ခဲ့ရသည့်ဒေသများရှိ ကျေးရွာများ၊ လူနေအဆောက်အဦများအတွင်း ရေဝင်ရောက်နေမှုနှင့် ယာယီရေဘေးရှောင်နေရာများသို့ ပြောင်းရွှေ့ပေးထားမှု၊ စိုက်ပျိုးမြေများတွင် ရေဝင်ရောက်သဖြင့် ထိခိုက်ပျက်စီးနေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ရေဘေးသင့်သူများ၏ လတ်တလောစားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေးကိုအလေးထားဆောင်ရွက်ရန်၊ အလားတူ သဘာဝဘေးအန္တရာယ်များထပ်မံကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ထားရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ငဝန်မြစ်ရေကာတာ တာမိုင်(၂၅/၃)တွင် တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့်နေရာ၌ တမံရေတိုက်စားမှုကာကွယ်ခြင်းနှင့် ရေနက်ရေစီးကြောင်းပိတ်ဆို့နိုင်ရေးအ တွက် ရေတိုက်စားမှုလျော့ကျစေရန် ကမ်းပြိုကာကွယ်ရေးသုံးပိတ်စအိတ် Geo Bag များချခြင်း၊ Geo Bag ဖြင့် ရေလွှဲရေကာပြုလုပ်ခြင်း၊ တာတမံရေထိမျက်နှာပြင်လျှောစောက်အား Geo Texile အစများ၊ Geo Bagများဖြင့်ကာကွယ်ခြင်းပြုလုပ်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေနက်ရေစီးလမ်းကြောင်းအား ဆက်လက်ပိတ်ဆို့နိုင်ရေးအတွက် သဲအပြည့်ဖြည့်ထားသော Geo Bag အိတ်ကြီးများနှင့် သဲအိတ်များကို နိုင်လွန်ပိုက်ကြိုးဖြင့်စုစည်းထုပ်ပိုး၍ ရေယာဉ်များ၊ သဲစုပ်သင်္ဘောများဖြင့်ချခြင်း၊ ရေစီးလမ်းကြောင်းတားဆီးနိုင်ရေး Steel Sheep Pile ရိုက်နေခြင်းတို့ကိုကြည့်ရှုစစ်ဆေးပြီးနောက် လုပ်ငန်းဆောင်ရွက်မှုများအမြန်ဆုံးပြီးစီးမှုရှိစေရေး စနစ်တကျဆောင် ရွက်ရန်၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို မြန်မြန်ဆန်ဆန်နှင့် ထိထိရောက်ရောက်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here