Home News Local News ကျိုင်းတုံမြို့တွင် အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

ကျိုင်းတုံမြို့တွင် အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

0
143

ကျိုင်းတုံ၊ ဩဂုတ် ၁၀
မန္တလေးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီးများမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး ၁၁ ဦး ပါဝင်သော အထူးကု ဆေးကုသရေးအဖွဲ့သည် ဩဂုတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများကို ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ကျိုင်းတုံမြို့နယ်အပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ၁၀ မြို့နယ်၊ “ဝ” အထူးဒေသနှင့် မိုင်းလားအထူးဒေသတို့မှ လာရောက်ပြသသည့် ဒေသခံပြည်သူများကို ကြည့်ရှုကုသပေးခဲ့သည်။

အထွေထွေရောဂါလူနာ ၂၂၇ ဦး၊ နှလုံး ရောဂါဆိုင်ရာလူနာ ၁၅၀၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၈၅ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ ၄၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ ၅၁ ဦး၊ အသည်းရောဂါဆိုင်ရာ လူနာ ၄၄ ဦး၊ ကို ကုသမှုပေးခဲ့ကြောင်း သိရသည်။

ထိုပြင် ဆီးချိုနှင့်ဟော်မုန်းရောဂါလူနာ ၇၄ ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသလူနာ ၁၀၈ ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာလူနာ ၃၇ ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာလူနာ ၂၂၄ ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြောရောဂါဆိုင်ရာလူနာ ၃၃ ဦး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ၁၁၂ ဦး၊ အခြားရောဂါလူနာ ၆၇ ဦး စုစုပေါင်းဒေသခံပြည်သူ ၁၂၅၉ ဦးတိုကို ကြည့်ရှုကုသမှုပေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုနောက် နှလုံးပုံရိပ်ဖော်ရိုက်ကူးခြင်း (Echocardiography) ၁၀၉ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုကုသခြင်း ခြောက်ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်းနှစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း(CT scan) ၁၆ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၂၈ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ၃၁၇ ခု၊ တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound) ဖြင့် ရောဂါရှာဖွေခြင်း ၁၀၈ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၃၀၈ ဦး၊ ကျောက်ကပ် သန့်စင်ခြင်းဆောင်ရွက်နိုင်ရန် လည်ပင်းပင်မသွေးကြောအတွင်း ပိုက်လိုင်းထည့်သွင်းခြင်း (Neck Line Insertion) တစ်ခုတိုကို ဆောင်ရွက်နိုင်ခဲ့ပြီး ဆီးချိုနှင့် သွေးတိုးရောဂါ နှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here