Sunday, August 2, 2026

ပါရီ၌ ကျင်းပသည့် EWC 2026...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends:...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ...

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့...

ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS...
HomeNewsLocal Newsတရုတ်-မြန်မာ နယ်စပ်ရှိ ကျယ်ဂေါင်ဂိတ်...

တရုတ်-မြန်မာ နယ်စပ်ရှိ ကျယ်ဂေါင်ဂိတ် ပြန်မဖွင့်နိုင်သေး

တရုတ်-မြန်မာ နယ်စပ်ရှိ ကျယ်ဂေါင်ဂိတ် ပြန်မဖွင့်နိုင်သေ

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု အများဆုံး ဖြစ်သော ကျယ်ဂေါင်ဂိတ်ကို ပြန်ဖွင့်ရန် ညှိနှိုင်းနေဆဲ သာ ဖြစ်သောကြောင့် မတ်လအတွင်း ဖွင့်မည်ဆိုသည်မှာ မဟုတ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က သိရသည်။

“တရုတ်ဘက်က စာပို့ထားတယ်။တရုတ်ကားတွေကလည်း မြန်မာဘက်မှာ ပိတ်ပိနေတာ အစီး ထောင်ကျော် ရှိနေတော့ ဘယ်လိုတွေ ဆက်လုပ်ရမယ်ဆိုတာ ညှိနေတုန်းပါပဲ။မတ်လမှာ ဖွင့်မယ်ဆိုတာတော့ မဖြစ်နိုင်သေးပါဘူး”ဟု အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။

လတ်တလောတွင် ကုန်သည်များအနေဖြင့် ကျင်စန်းကျော့ဂိတ်မှ ဝမ်တိန် ၊ ဝမ်တိန်မှ ရွှေလီမြို့ တို့ကို အဆင့်ဆင့် သွားရသောကြောင့် ကုန်သွယ်ရေး အချိန် နှောင့်နှေးကြောင်း၊ကုန်ကျစရိတ် များကြောင်း။ထို့ကြောင့် ကျယ်ဂေါင်-မန့်ဝိန်းဂိတ်ကို ဖွင့်မှသာ ပို၍ အဆင်ပြေမည် ဖြစ်ကြောင်းလည်း သိရသည်။

“ဝမ်တိန် က ရွှေလီမြို့ကို ၇ မိုင် လောက် သွားရတယ်။ပြီးတော့ တရုတ်ခေါက်တိုကားတွေကိုပဲ သုံးနေရတာကြောင့် ပြဿနာ ရှိနေတယ်။အားလုံးကတော့ဗျာ ကျယ်ဂေါင်-မန့်ဝိန်းဂိတ်ကို စည်းကမ်းတွေနဲ့ ပြန်ပြီး ဝင် ထွက် ခွင့် ပြုစေချင်နေကြတယ်”ဟု မူဆယ်မြို့ခံ ကုန်သည်တစ်ဦးကပြောသည်။

ကျယ်ဂေါင်ဂိတ် မှာ ကုန်ပစ္စည်းမျိုးစုံ ကုန်သွယ်မှုပြုလုပ်သည့် ဂိတ်တစ်ခုဖြစ်ပြီး ကိုဗစ် မတိုင်မီက မြန်မာ – တရုတ် တစ်နေ့လျှင် ကုန်ကား အစီးရေ ၅၀၀ ခန့် အပြန်အလှန် ကုန်သွယ်ခဲ့ကြကြောင်း၊ ကိုဗစ်ကြောင့် လွန်ခဲ့သော ၉ လ ခန့်ကပင် ပိတ်ထားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Zaw gyi

တ႐ုတ္-ျမန္မာ နယ္စပ္ရွိ က်ယ္ေဂါင္ဂိတ္ ျပန္မဖြင့္ႏိုင္ေသး

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးတြင္ ကုန္သြယ္မႈ အမ်ားဆုံး ျဖစ္ေသာ က်ယ္ေဂါင္ဂိတ္ကို ျပန္ဖြင့္ရန္ ညႇိႏႈိင္းေနဆဲ သာ ျဖစ္ေသာေၾကာင့္ မတ္လအတြင္း ဖြင့္မည္ဆိုသည္မွာ မဟုတ္ေၾကာင္းစီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန က သိရသည္။

“တ႐ုတ္ဘက္က စာပို႔ထားတယ္။တ႐ုတ္ကားေတြကလည္း ျမန္မာဘက္မွာ ပိတ္ပိေနတာ အစီး ေထာင္ေက်ာ္ ရွိေနေတာ့ ဘယ္လိုေတြ ဆက္လုပ္ရမယ္ဆိုတာ ညႇိေနတုန္းပါပဲ။မတ္လမွာ ဖြင့္မယ္ဆိုတာေတာ့ မျဖစ္ႏိုင္ေသးပါဘူး”ဟု အဆိုပါ ဝန္ႀကီးဌာန တာဝန္ရွိသူကေျပာသည္။

လတ္တေလာတြင္ ကုန္သည္မ်ားအေနျဖင့္ က်င္စန္းေက်ာ့ဂိတ္မွ ဝမ္တိန္ ၊ ဝမ္တိန္မွ ေ႐ႊလီၿမိဳ႕ တို႔ကို အဆင့္ဆင့္ သြားရေသာေၾကာင့္ ကုန္သြယ္ေရး အခ်ိန္ ေႏွာင့္ေႏွးေၾကာင္း၊ကုန္က်စရိတ္ မ်ားေၾကာင္း။ထို႔ေၾကာင့္ က်ယ္ေဂါင္-မန႔္ဝိန္းဂိတ္ကို ဖြင့္မွသာ ပို၍ အဆင္ေျပမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

“ဝမ္တိန္ က ေ႐ႊလီၿမိဳ႕ကို ၇ မိုင္ ေလာက္ သြားရတယ္။ၿပီးေတာ့ တ႐ုတ္ေခါက္တိုကားေတြကိုပဲ သုံးေနရတာေၾကာင့္ ျပႆနာ ရွိေနတယ္။အားလုံးကေတာ့ဗ်ာ က်ယ္ေဂါင္-မန႔္ဝိန္းဂိတ္ကို စည္းကမ္းေတြနဲ႔ ျပန္ၿပီး ဝင္ ထြက္ ခြင့္ ျပဳေစခ်င္ေနၾကတယ္”ဟု မူဆယ္ၿမိဳ႕ခံ ကုန္သည္တစ္ဦးကေျပာသည္။

က်ယ္ေဂါင္ဂိတ္ မွာ ကုန္ပစၥည္းမ်ိဳးစုံ ကုန္သြယ္မႈျပဳလုပ္သည့္ ဂိတ္တစ္ခုျဖစ္ၿပီး ကိုဗစ္ မတိုင္မီက ျမန္မာ – တ႐ုတ္ တစ္ေန႔လွ်င္ ကုန္ကား အစီးေရ ၅၀၀ ခန႔္ အျပန္အလွန္ ကုန္သြယ္ခဲ့ၾကေၾကာင္း၊ ကိုဗစ္ေၾကာင့္ လြန္ခဲ့ေသာ ၉ လ ခန႔္ကပင္ ပိတ္ထားခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါရီ၌ ကျင်းပသည့် EWC 2026 MLBB MSC ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Yangon Galacticos အသင်း ဒုတိယဆု ရရှိ

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends: Bang Bang (MLBB) Mid-Season Cup (MSC) ဗိုလ်လုပွဲစဉ်ကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဒုတိယဆု (Runners-up) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲစဉ် (Grand Finals) တွင် Yangon...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းမည်

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရန်ကုန်-ပြည်ရထားလမ်းပိုင်းရှိ တိုက်ကြီးဘူတာထိ RBE ရထားဖြင့် ရထားလမ်းပိုင်း လုံခြုံစိတ်ချရမှုနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးစဥ် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ရန်ကုန်-တိုက်ကြီး ရထားလမ်းတစ်လျှောက်တရားမဝင် Level Crossing (လမ်းကူး)များပိတ်သိမ်းနိုင်ရေး၊ ရ ထားလမ်းဘေးဝဲ/ယာတွင် နေထိုင်သူများအန္တရာယ် ကင်းရှင်းစေရန် ကျူးကျော်တဲများ၊ အဆောက်အအုံများရှင်းလင်းရေးတို့ကိုညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရထားလမ်းတစ်လျှောက် သံလမ်းများပြုပြင်ထိန်းသိမ်းနေမှု၊ သံလမ်းဇလီဖားတုံးများမြှင့်တင်နေမှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့် ကျေးရွာ(၉) ရွာမှရေဘေးသင့်သူ(၈,၃၈၂)ဦးရှိလာ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ စာ ရေးကွင်းကျေးရွာ၏ ရွာဦးဘုန်းကြီး ကျောင်းတွင် ယာယီရေဘေးကယ် ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ရေဘေးသင့်သူ(၈,၃၈၂)ဦးကိုစောင့်ရှောက်ပေးထားကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒု တိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တို့က ယနေ့ သြဂုတ် ၁ ရက်တွင်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071