Sunday, June 7, 2026

MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်...

ဒေသဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် စက်မှုနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည်...

မြန်မာ-တရုတ်၊ မြန်မာ-လာအို ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး...

ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်နှင့် လာအိုနိုင်ငံမှ ကျန်းမာရေးတာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်...

ပုဂံဒေသ သုတေသနလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး...

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ သုတေသနနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျနှင့် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဟိုတယ်နှင့်ခရီးသွားလာရေး၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ပုဂံဒေသရှိ ငကျွဲနားဋောင်းဘုရား...

တောင်ငူမြို့ ဖွံ့ဖြိုးရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေးသည့် နိုင်ငံတော်သမ္မတ၊...

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးစီမံကိန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးရထားပို့ဆောင်ရေးနှင့် အားကစားအခြေခံအဆောက်အအုံများ...
HomeMoviesတရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတို့အပါအဝင်...

တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်းများစွာက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စုလွှတ်တော်၌ မှတ်တမ်းတင်

တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်းများစွာက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စုလွှတ်တော်၌ မှတ်တမ်းတင်ခဲ့သည်။

ဇွန် ၄ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပသော တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရှရီ နာရန်ဒရာမိုဒီ၊ ပါကစ္စတန်နိုင်ငံသမ္မတ မစ္စတာ အဇစ်အလီဇာဒါရီ၊ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကို၊ အီရန်နိုင်ငံသမ္မတ H.E. Dr. Masoud PEZESHKIAN၊ ကာဇက်စတန်နိုင်ငံသမ္မတ မစ္စတာကာစင် ဂျိုမတ်တိုခါယက်ဗ်၊ အီသီယိုးပီးယားနိုင်ငံသမ္မတ H.E.Taye Atske-Selassie၊ အယ်လ်ဂျီးရီးယားနိုင်ငံသမ္မတ H.E. Mr.Abdelmadjid Tebboune ၊ နီပေါနိုင်ငံသမ္မတမစ္စတာရမ်ချန် ဒရာပေါ်ဒဲလ်တို့က ပေးပို့ခဲ့ကြသည်။

ထို့ပြင် လာအိုနိုင်ငံသမ္မတမစ္စတာ ထောင်လွန်းဆီဆုလစ်၊ ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက်ပရယ် ဘိုရိုနစ်နိုရိုဒွန် သီဟာမိုနီ၊ ဘရူနိုင်းနိုင်ငံဘုရင်မင်းမြတ် ဆူလ်တန်ဟာဂျီဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် Anutin Charnvirakul၊ နီကာရာဂွါနိုင်ငံ ပူးတွဲသမ္မတနှင့်ဇနီး မစ္စတာ ဒန်နီရယ်အော်တီဂါ ဆာဗေဒရာနှင့် မစ္စစ်ရိုဆာရီ ယိုမူရီလို၊ ဘူတန်ဘုရင့်နိုင်ငံဝန်ကြီးချုပ် ဒါရှိုရှားရင်းတော့ဘ်ဂေးတို့ကလည်း ပေးပို့ခဲ့ကြသည်။

ထို့အတူ ကမ္ဘောဒီးယားနိုင်ငံအထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်အာခါမိုဟာ ဆီနာပါတိုင်း တဲ့ချိုဟွန်ဆင်၊ နီကာရာဂွါနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ ဂူစတာဗိုပေါရပ်စ်၊ ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာ Sihasak Phuangketkeow ၊ ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးမစ္စတာ ဆာဂေးရွှိုင်းဂူ၊ တပ်မတော်ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး(၁)ဗိုလ်ချုပ်ကြီးဂါရာစီမော့ဗ်၊ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့် အစိုးရအဖွဲ့ဥက္ကဋ္ဌ မစ္စတာ အလက်စီ ဆမ်ဘူယဲဗစ်စီဂျယ်နော့ဗ်တို့ကလည်း ပေးပို့ခဲ့ကြသည်။

ထို့ပြင် ကာလ်မီးကီယာပြည်နယ်အကြီးအကဲမစ္စတာ ဘာတူခါစီကော့စ်၊ တာတာစတန်ပြည်နယ်အကြီးအကဲ မစ္စတာရုစတမ် မီနီခါနော့ဗ်၊ သမ္မတ၏အကြံပေးပုဂ္ဂိုလ် မစ္စတာအန်တွန်ကိုဗျာကော့ဗ်၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး မစ္စတာတာရာ့ နီကော့ဗ်အန်ဒရေအလက်ဇန်ဒရိုဗစ်ချ်၊ စိန့်ပီတာစဘတ်အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန်းဒါးဘယ်ဂ်လော့နှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ မစ္စတာရယ်ဂန်းနီ ဂရီဂေါရက်ဖ်တို့ကလည်း ပေးပို့ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

ဒေသဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် စက်မှုနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အမှတ်(၈) အထည်စက်ရုံခွဲနှင့် ပျော်ဘွယ်မြို့ရှိ အမှတ်(၈) အထည်စက်ရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပျော်ဘွယ်အထည်စက်ရုံမှ ထုတ်လုပ်သည့် ချည်မျှင်များသည် ဈေးကွက်ဝင်ထုတ်ကုန်များဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထုတ်ကုန်များ၏ အရည်အသွေးကောင်းမွန်ရေးကို အထူးအလေးထားကြပ်မတ်ဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ်၊ မြန်မာ-လာအို ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်နှင့် လာအိုနိုင်ငံမှ ကျန်းမာရေးတာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဇွန် ၅ ရက်က ကျင်းပသည့် (၁၀)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး Dr. Yong Zhang နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ်နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါနှင့် အခြားကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် လာအိုနိုင်ငံ...

ပုဂံဒေသ သုတေသနလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ သုတေသနနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျနှင့် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဟိုတယ်နှင့်ခရီးသွားလာရေး၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ပုဂံဒေသရှိ ငကျွဲနားဋောင်းဘုရား အုတ်မြစ်တူးဖော်သုတေသနလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပုဂံဒေသ ထိန်းသိမ်းဖော်ထုတ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။ လက်ရှိတွင် မီးငြိမ်းကုန်းဂူဘုရား၊ မဟာဗောဓိဂူဘုရားနှင့် နတ်လျောင်းကျောင်းတို့၌ အိန္ဒိယနိုင်ငံ Archaeological Survey of India...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071