Saturday, June 6, 2026

တောင်ငူဆေးရုံကို ကုတင်(၃၀၀)ဆံ့ အဆင့်မြှင့်တင်မည်ဟု နိုင်ငံတော်သမ္မတ...

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအထွေထွေပြည်သူ့ဆေးရုံကြီးကို ကုတင်(၃၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည်...

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသွားမည်

      သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၈ ရက်နေ့မှစ၍ မြောက်ကိုရီးယားသို့ နှစ်ရက်ကြာ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းသည် ၎င်း၏...

ရန်ကုန်မြစ်ကူးခရီးသည်တင်သမ္ဗာန်များအတွက် အ သက်ကယ်အင်္ကျီ (၅၀၀)လှူဒါန်း

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ရန်ကုန်မြစ်ကူးခရီးသည်တင်သမ္ဗာန်များအတွက် အသက် ကယ်အင်္ကျီ (၅၀၀)ကို ယနေ့ ဇွန် ၆ ရက်က ရန်ကုန်တိုင်း ၊ ကျောက်တံတားမြို့နယ်ရှိ...

(၅)နှစ်နီးပါး ပိတ်ထားခဲ့သည့် မန္တလေးဘူတာကြီး ဂုံးကျော်တံတား...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဘူတာကြီးအဆောက်အအုံအပေါ်မှ ဖြတ်သန်းသွားလာနိုင်သည့် ဂုံးကျော်တံတားကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဂုံးကျော်တံတားမှာ နိုင်ငံရေးပဋိပက္ခများ...
HomeNewsLocal Newsတရုတ်နှင့်ဗီယက်နမ်တို့နယ်စပ်ဖြတ်ကျော် QR ကုဒ်ဖြင့်ငွေပေးချေ

တရုတ်နှင့်ဗီယက်နမ်တို့နယ်စပ်ဖြတ်ကျော် QR ကုဒ်ဖြင့်ငွေပေးချေ

ဟနွိုင်း၊ ဒီဇင်ဘာ ၂

တရုတ်နှင့်ဗီယက်နမ်တို့သည် အင်္ဂါနေ့တွင် နှစ်နိုင်ငံ QR ကုဒ်ငွေပေးချေမှုဝန်ဆောင်မှုကို ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် တရားဝင်မိတ်ဆက်ခဲ့ပြီး ဝန်ဆောင်မှုကို ဗီယက်နမ်ဈေးကွက်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

အဆိုပါ စီမံချက်သည် ဗီယက်နမ်ရှိ တရုတ်၏မိုဘိုင်းငွေပေးချေမှုကိရိယာများကို အသုံးပြု၍ ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗီယက်နမ် QR ကုဒ်စနစ် ဗီယက်ကြူအာ (VietQR) ကို လက်ခံသည့် ကုန်သည်များထံ ငွေပေးချေနိုင်စေမည့် စီမံကိန်းဖြစ်သည်။

အခမ်းအနားတွင် ဗီယက်နမ် နိုဂ်ငံတော်ငွေပေးချေမှုကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ငုယင်ကွမ်မင်းက နှစ်နိုင်ငံကြား QR ကုဒ်ငွေပေးချေမှုစနစ်ကို စတင်မိတ်ဆက်ခြင်းသည် နှစ်နိုင်ငံကြား ဘဏ္ဍာရေးဆိုင်ရာ ချိတ်ဆက်မှုကို အားကောင်းခိုင်မာစေမည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

UnionPay International အမှုဆောင်အရာရှိချုပ် ဝမ်လီရှင်းက အဆိုပါစီမံချက်သည် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေကြောင်း အလေးပေးပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ငူဆေးရုံကို ကုတင်(၃၀၀)ဆံ့ အဆင့်မြှင့်တင်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအထွေထွေပြည်သူ့ဆေးရုံကြီးကို ကုတင်(၃၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် တောင်ငူမြို့အထွေထွေပြည်သူ့ဆေးရုံကြီးနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်ငူပြည်သူ့ဆေးရုံကြီး၌ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာဆောင်များတွင် တက်ရောက်ကုသနေသည့် လူနာများ၏ ကျန်းမာရေးအခြေအနေများ၊ ကုသစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုမေးမြန်းကာ အားပေးစကားပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဆေးရုံအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့် အထောက်အကူပြုပစ္စည်းများကို ဆက်လက်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးရုံဝန်းကျင်...

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသွားမည်

      သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၈ ရက်နေ့မှစ၍ မြောက်ကိုရီးယားသို့ နှစ်ရက်ကြာ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းသည် ၎င်း၏ တစ်ခုတည်းသော တရားဝင် စာချုပ်မဟာမိတ်ဖြစ်သည့် ပြုံယမ်းနှင့် ဆက်ဆံရေးကို ပြန်လည်ခိုင်မာစေရန် ကြိုးပမ်းနေချိန်တွင် ခုနစ်နှစ်နီးပါးအတွင်း ရှီ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။       ရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံ စလုံးက စိုးရိမ် သောကိစ္စရပ်များအပေါ် အမြင်ခြင်းဖလှယ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။      “နှစ်ဖက်စလုံးက ဒီခရီးစဉ်ကို ခေတ်ကာလနဲ့ လျော်ညီစွာ တရုတ်-မြောက်ကိုရီးယားဆက်ဆံရေး...

ရန်ကုန်မြစ်ကူးခရီးသည်တင်သမ္ဗာန်များအတွက် အ သက်ကယ်အင်္ကျီ (၅၀၀)လှူဒါန်း

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ရန်ကုန်မြစ်ကူးခရီးသည်တင်သမ္ဗာန်များအတွက် အသက် ကယ်အင်္ကျီ (၅၀၀)ကို ယနေ့ ဇွန် ၆ ရက်က ရန်ကုန်တိုင်း ၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)၌ လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်မြစ်အတွင်းပြေးဆွဲနေသည့် ခရီးသည်တင်စက်လှေ(သမ္ဗာန်)များစီးနင်း၍ ရန်ကုန်-ဒလနှင့် ရန်ကုန်-ဘဆိပ်ကြီးခနောင်တိုလမ်းကြောင်းများကိုသွားလာနေသူ များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုး‌သော် နှင့် တာဝန်ရှိသူများက သမ္ဗာန်ဆိပ်(၁၁)ခုမှ တာဝန်ခံများကို အသက်ကယ်အင်္ကျီ(၅၀၀)ထည်ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071