Home Movies တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသွားမည်

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသွားမည်

0
86

      
သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၈ ရက်နေ့မှစ၍ မြောက်ကိုရီးယားသို့ နှစ်ရက်ကြာ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းသည် ၎င်း၏ တစ်ခုတည်းသော တရားဝင် စာချုပ်မဟာမိတ်ဖြစ်သည့် ပြုံယမ်းနှင့် ဆက်ဆံရေးကို ပြန်လည်ခိုင်မာစေရန် ကြိုးပမ်းနေချိန်တွင် ခုနစ်နှစ်နီးပါးအတွင်း ရှီ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။
       
ရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံ စလုံးက စိုးရိမ် သောကိစ္စရပ်များအပေါ် အမြင်ခြင်းဖလှယ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
      
“နှစ်ဖက်စလုံးက ဒီခရီးစဉ်ကို ခေတ်ကာလနဲ့ လျော်ညီစွာ တရုတ်-မြောက်ကိုရီးယားဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးပြုကြပါမယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မော်နင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
        
နှစ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကူအညီပေးရေးစာချုပ်ကို လွန်ခဲ့သော ၆၅ နှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့တိုက်ခိုက်ခံရပါက အပြန်အလှန်စစ်ရေးအကူအညီပေးရန် တရားဝင်စာချုပ်ရှိထားသည်။
        
“တရုတ်ဘက်က သွယ်ဝိုက်သော သတင်းစကားကတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်ရင် ငါတို့က အဓိကဇာတ်ဆောင်ဖြစ်နေဆဲ ဆိုတာပါ” ဟု Asia Society ၏ အကြီးအကဲ ဂျွန်ဒီလူရီက ပြောကြားခဲ့သည်။ “ပရိသတ် တွေထဲက တစ်ဦးကတော့ ရုရှားပေါ့” ဟု သူက ဆိုသည်။

သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နှင့် ပြီးခဲ့သည့်လက ပေကျင်းတွင် ထိပ်သီးအစည်းအဝေးများကျင်းပခဲ့ပြီးနောက် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဌာနက သောကြာနေ့တွင် ယခုကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

Ref: ယဟျူးနူးစ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here