ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ရန်ကုန်မြစ်ကူးခရီးသည်တင်သမ္ဗာန်များအတွက် အသက် ကယ်အင်္ကျီ (၅၀၀)ကို ယနေ့ ဇွန် ၆ ရက်က ရန်ကုန်တိုင်း ၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်းပြေးဆွဲနေသည့် ခရီးသည်တင်စက်လှေ(သမ္ဗာန်)များစီးနင်း၍ ရန်ကုန်-ဒလနှင့် ရန်ကုန်-ဘဆိပ်ကြီးခနောင်တိုလမ်းကြောင်းများကိုသွားလာနေသူ များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော် နှင့် တာဝန်ရှိသူများက သမ္ဗာန်ဆိပ်(၁၁)ခုမှ တာဝန်ခံများကို အသက်ကယ်အင်္ကျီ(၅၀၀)ထည်ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။
