အကြမ်းဖက်အဖွဲ့ဝင်များ နေထိုင်လျက်ရှိသည့် မကွေး တိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံနှင့် ဝန်းကျင်ကျေးရွာများအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရန် ဆောင်ရွက်ခဲ့ကြသဖြင့် သဖန်းဆိပ်ရေလှောင်တမံအား မတ် ၂၈ ရက်၊ ရေလှောင်တမံအနောက်ဘက် မီတာ (၅) ထောင်ခန့်အကွာရှိ အင်တိုင်းကျေးရွာအား ဧပြီ ၆ ရက်နေ့လည်ပိုင်းတို့တွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော်မှ ယင်းနေရာများအား ပြန်လည်ထိန်းချုပ်ရန်ဆောင်ရွက်ရာ အကြမ်းဖက်အဖွဲ့ဝင်များ ထွက်ပြေးစဥ် သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အင်တိုင်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျ-က်ဆီးခဲ့ကြသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက မီးငြိမ်းသတ်ပေးခဲ့ကြကြောင်း သိရသည်။
မီးလေ-ာင်မှုကြောင့် လျှပ်စစ်ဓာတ်အားပေး စက်ပစ္စည်းကိရိယာများ ပျ-က်ဆီးဆုံးရှုံးခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပျ-က်ဆီးသွားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ပြန်လည် လည်ပတ်နိုင်ရန်ပြင်ဆင်မှုများကို အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သဖန်းဆိပ်ရေလှောင်တမံသည် စိုက်ပျိုးမြေဧက (၅) သိန်းကျော်ကို အဓိကရေပေးဝေနေသော တမံတစ်ခုဖြစ်ကာ သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသည်လည်း နိုင်ငံတော်ဓာတ်အားပေးစနစ်တွင် လျှပ်စစ်ပုံမှန်ပို့လွှတ်ပေးနေသော စက်ရုံတစ်ခုဖြစ်ပြီး စက်ရုံအားမီးရှို့ဖျ-က်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်နိုင်မှုပျ-က်စီးဆုံးရှုံးခဲ့ရာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ထိခိုက်နစ်နာခဲ့ရကြောင်း သိရသည်။
