Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeCelebrities' Newsတစ်နှစ်တည်း ဖွားဖက် ပေါ်...

တစ်နှစ်တည်း ဖွားဖက် ပေါ် ပြူလာအနုပညာရှင် တို့ရဲ့အောင်မြင်မှု အတွက် ဘဝအားမာန်စကားသံ

 

 

ဂျာနယ်သတင်းစာ ပုံနှိပ်မီဒီယာ လောကထဲကို ပေါ်ပြူလာဂျာနယ်ဟာ ၁၉၉၇ ခုနှစ်၊ ဇွန်လ ၃ဝ ရက်နေ့က စတင် ထုတ်ဝေပြီး ဝင်ရောက်ခဲ့တာမို့ အခု ၂ဝ၁၈ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့ဆိုရင် ၂၁ နှစ်တင်းတင်းပြည့် မြောက်ခဲ့ရာ ဆယ်ကျော်သက်အရွယ် လွန်မြောက် ကာ ဘဝခရီးလမ်းတစ် လျှောက် ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းချီလို့ အောင်မြင်မှုရ ယူနိုင်မယ့် လူငယ်တစ်ယောက် ဘဝကို ရယူပိုင်ဆိုင်ထားပြီ ပြောလို့ရပါ တယ်။ ဒါကြောင့် ပေါ်ပြူလာဂျာနယ် စတင်မွေးဖွားခဲ့တဲ့ နှစ်နဲ့တစ်နှစ် တည်း မွေးဖွားကြီးပြင်းလာခဲ့ပြီး ၂၁ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ ဘဝကို ရယူပိုင်ဆိုင်ထားကြတဲ့ လူ ငယ်အနုပညာရှင် မင်းသန့်မောင် မောင်နဲ့ မင်းသုခိုင်တို့ နှစ်ဦးရဲ့ ရှေ့ဘဝ ခရီးလမ်းဘယ်လိုဖြတ်သန်းကာ ရည် မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်း ချီလို့ အောင်မြင်မှုရယူကြမလဲဆိုတဲ့ စံထားတုပဖွယ် လူငယ်တို့ရဲ့ အောင် မြင်မှုအတွက် ဘဝအားမာန်စကားသံ များကို ပေါ်ပြူလာနှစ်ပတ်လည် အထိမ်းအမှတ် အထူးကဏ္ဍအနေနဲ့ တင်ဆက်ဖော်ပြလိုက်ရပါတယ်။

 

မင်းသုခိုင်

အနုပညာကို ဝါသနာပါလာပုံ

ငယ်ငယ်တုန်းကတော့ စိတ် သိပ်မဝင်စားဘူး။ ဓာတ်ပုံတွေ ဘာတွေတော့ ရိုက်ဖြစ်ပါတယ်။ အကယ် ဒမီဆုပေးပွဲနီးတော့ အဲဒီမှာ နည်းနည်းလေးလုပ်ချင်လာတယ်။ အဒေါ်တွေ၊ အမျိုးတွေ အကုန်လုံးကလည်း ပြောလာတာနဲ့ ကျွန်တော် ဒီအလုပ်ကို လုပ်ချင်လာတယ်။

မိသားစုဝင် အားလုံးရဲ့ ပံ့ပိုးပေးမှု အနေအထား

အမေက ငယ်ငယ်က လုပ်စေချင်ပြီး အခု ကျွန်တော်တကယ်လုပ်ချင်ပြီဆိုတော့မှ ကိုယ့်ဘာသာကိုယ် ကြိုးစားလုပ်တဲ့။ သူနဲ့မဆိုင်ဘူး။ သူ ဘာမှမပြောပေးဘူး။ ဒါပေမယ့် သူ့ရဲ့ ရှုတင်တွေကိုတော့ လိုက်ခိုင်း တယ်။ ဒိုင်ယာလော့ခ်တွေဘာတွေ ဖတ်ခိုင်းတယ်။ စကားပြောတာတွေ အိုက်တင်တွေ လုပ်ခိုင်းကြည့်တယ်။ ဇာတ်ကားတွေ များများကြည့်လို့တော့ပြောပါတယ်။ ဒီအလုပ်နဲ့ ပတ်သက်ပြီး မိသားစုဝင်အားလုံးက အားပေး တယ်။ ကူညီပေးတယ်။ ကန့်ကွက်တဲ့သူမရှိပါဘူး။

ဘယ်လိုကြိုးစား အားထုတ်သွားမ လဲ

မိမိတတ်နိုင်သလောက်တော့ကြိုးစားသွားမှာပါ။ အားလုံးကလည်း အားပေးတယ်၊ ပံ့ပိုးပေးတယ် ဆိုတော့ ကျွန်တော် ကြိုးစားအားထုတ်ဖို့ပဲ လိုတယ်။ အဲဒီအတွက် ကြိုးစားပါ့မယ်။ ဒီအနုပညာ လောကမှာ ဆိုရင် ကိုနေတိုးနဲ့ ကိုမြင့်မြတ်တို့ကို အားကျပါတယ်။ လေးလည်း လေးစားတယ်။ သူတို့လည်း ဒီလို အောင် မြင်မှုမျိုးရရှိအောင် တော်တော်လေး ကြိုးစားခဲ့ရမှာပဲ။ ကျွန်တော်လည်း အစွမ်းကုန်ကြိုးစားအားထုတ် သွား မှာပါ။

လူငယ်တွေအတွက် လူကြီးတွေရဲ့ မြေတောင်မြှောက်ပေးမှုက အရေး ကြီးပုံ

ဒီမှာက ဆရာဝန်နဲ့ အင်ဂျင်နီယာလောက်ကိုပဲ လုပ်ကြဖို့အားပေးကြသလို ဖြစ်နေတယ်။ သူတို့ ဖြစ်စေ ချင်တဲ့ အရာကိုသာ လူငယ်တွေကို လုပ်ခိုင်းတယ်။ လူငယ်တွေဘာဖြစ်ချင်လဲ၊ လူငယ်တွေ ရင်ထဲက ဆန္ဒက ဘာလဲဆိုတာ မေးဖို့ သိဖို့ မေ့လျော့နေကြတယ်။ လူငယ်တွေကလည်း လူကြီးတွေဖြစ်စေချင်တာကိုပဲ လုပ်ပေးနေရတယ်။ သူတို့ရင်ထဲက ဖြစ်ချင်တာတွေကို မေ့ပြီးတော့ပေါ့။ အခုနောက်ပိုင်း အခုခေတ်လူငယ် တွေမှာတော့ အဲဒါမျိုးတွေ မရှိတော့ ဘဲ ကိုယ့်ရည်မှန်းချက်တွေကို ကိုယ့်ဘာသာကိုယ်ပဲ အကောင်အထည် ဖော်နေတာတွေ ရှိပါတယ်။ ဒါက အင်မတန်ကောင်းပါတယ်။ ဒီလို လူငယ်တွေကိုလည်း လူကြီးတွေက အ ပြည့်အဝ ယုံကြည်ပြီး အားပေးစေချင်တယ်။ ပံ့ပိုးပေးစေချင်တယ်။ မြေတောင်မြှောက်ပေးစေချင်ပါတယ်။

လက်ရှိအချိန်တွေကို ဘယ်လိုဖြတ် သန်းမလဲ

ကျွန်တော်ကတော့ ၂၁ နှစ်ဆိုတဲ့ ဒီအရွယ်မှာ လွတ်လွတ် လပ်လပ်ပေါ့ပေါ့ပါးပါးပဲပျော်ရွှင်စွာဖြတ်သန်းမယ်။ ဘာအချုပ်အနှောင် တင်းကျပ် မှုမှမရှိဘဲ ကိုယ်လုပ်ကိုင် ချင်တာကို လုပ်ကိုင်ပြီးတော့ပဲ ဖြတ်သန်းချင် တယ်။ ဘယ်အရွယ်မှာ ဘာဖြစ်ရမယ်ဆိုတာ မျိုးကြီးကို ခေါင်းထဲမထည့်ဘဲ လူငယ်သဘာဝအရ လွတ်လပ်စွာ ဖြတ်သန်းချင်တယ်။ အဲဒါမှလည်း ကိုယ့်ရဲ့စိတ်က ချမ်းသာမှုရမယ်။ ပျော်ရွှင်မှုရမယ်လေ။ ကျွန်တော်က တော့ ဒီလိုပဲ ခံယူထားပါတယ်။ ကျွန်တော်နဲ့ သက်တူရွယ် တူပဲရှိတဲ့ ညီအစ်ကိုမောင်နှမတွေပဲဖြစ်ဖြစ်ဘယ် သူပဲဖြစ်ဖြစ်ပေါ့နော် ကိုယ်ဖြတ်သန်း ချင်တဲ့ ပုံစံမျိုးကို ဖြတ်သန်းကြည့်ပါ။ ရည်ရွယ် ချက်တွေရည်မှန်းချက်တွေရှိရင် လည်းယုံကြည်မှုအပြည့်နဲ့ ကြိုးစား လုပ်ကိုင်ပါ။ ဘယ်အရာကိုမှစိုး ထိတ်မှုမရှိဘဲနဲ့ပေါ့။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071