Friday, September 11, 2026

ကျိုက်ထီးရိုး ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပမည်

ကျိုက်ထို၊ စက်တင်ဘာ ၁၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း...

ECHO ပံ့ပိုးသည့် အရေးပေါ်ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း...

ရန်ကုန်၊ စက်တင်ဘာ ၁၁ မြန်မာနိုင်ငံတွင် မုတ်သုန်ရာသီအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများအတွက် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့...

ရာသီဥတု အလွန်အမင်းဖောက်ပြန်မှုမရှိပါက ရန်ကုန်တိုင်းရှိ တမံများမှ...

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ ရေလှောင်တမံများ၏ လက်ရှိရေသိုလှောင်ထားရှိမှုအခြေအနေအရ ရာသီဥတု အလွန်အမင်းဖောက်ပြန်မှုမဖြစ်ပါက တမံများမှတစ်ဆင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး လာမည့်နွေရာသီအတွက်လည်း ရေလုံလောက်စွာ...
HomeNewsLocal Newsညပိုင်းဓာတ်အားခ သက်သာမှုကြောင့် ဆန်စက်များ...

ညပိုင်းဓာတ်အားခ သက်သာမှုကြောင့် ဆန်စက်များ ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ကျလာ

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်များအနေဖြင့် ညပိုင်းတွင် သက်သာသည့်နှုန်းထားဖြင့် လျှပ်စစ်ဓာတ်အားရယူကာ စက်လည်ပတ်နိုင်ခြင်းကြောင့် ဆန်ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ကျလာပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၀၀ မှ ၅၀၀ ခန့်အထိ ကုန်ကျစရိတ်သက်သာနိုင်ကြောင်း ဆန်စက်လုပ်ငန်းရှင်များထံမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပထမအဆင့်အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများပြားသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများအား သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ည ၁၁ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် မူလနှုန်းထား ကျပ် ၉၀၀ မှ ကျပ် ၆၀၀ သို့ လျှော့ချ၍ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆန်စက်များကို ညပိုင်းလည်ပတ်ရာတွင် လျှပ်စစ်ဓာတ်အား (Voltage) ပိုမိုတည်ငြိမ်ခြင်းနှင့် ပတ်ဝန်းကျင်အပူချိန် လျော့နည်းခြင်းတို့ကြောင့် စက်ပစ္စည်းများ အပူလွန်ကဲပျက်စီးမှုနှင့် ပြုပြင်ထိန်းသိမ်းစရိတ်များ လျှော့ချနိုင်သည့်အပြင် လုပ်သားများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်လည်း ပိုမိုကောင်းမွန်လာကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က နေ့ဘက်တွင် Solar Energy အသုံးပြု၍ စက်လည်ပတ်ပြီး ညဘက်တွင် မဟာဓာတ်အားလိုင်းမှ သက်သာသည့်နှုန်းထားဖြင့် လျှပ်စစ်ဓာတ်အား ရယူအသုံးပြုနိုင်ပါက ဆန်ထုတ်လုပ်မှုကုန်ကျစရိတ်များ ပိုမိုလျော့ကျနိုင်ကြောင်း ပြောကြားထားသည်။

လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေးတိုင်းဒေသကြီးများအပြင် မွန်ပြည်နယ်တို့၌ Solar System တပ်ဆင်ရန် အဆိုပြုထားသည့် ဆန်စက် ၅၃ စက်ရှိပြီး စက်တပ်ဆင်အင်အား စုစုပေါင်း ၅၁ ဒသမ ၁၂ မဂ္ဂါဝပ်ရှိကြောင်း သိရသည်။ ယင်းတို့အနက် ဆန်စက် ၃၂ စက်တွင် Solar System တပ်ဆင်ပြီးစီးကာ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်အသုံးပြုနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ဆန်စက်ပေါင်း ၁၅,၀၀၀ ကျော်ရှိသော်လည်း ညပိုင်းတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိ၍ လည်ပတ်နိုင်သည့် ဆန်စက်အများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ရှိနေပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဓာတ်အားရရှိရေး အခက်အခဲများ ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် ဆန်စပါးအဓိကထုတ်လုပ်သည့် ဧရာဝတီ၊ ပဲခူးနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း လုပ်ငန်းလိုအပ်ချက်နှင့်ကိုက်ညီသည့် အချိန်အလိုက် ဓာတ်အားခကောက်ခံသည့် Time-of-Use (ToU) Electricity Tariff System ကို တိုးချဲ့အကောင်အထည်ဖော်ပေးရန် ဆန်စက်လုပ်ငန်းရှင်များက တောင်းဆိုထားသည်။

ယင်းစနစ်ကို တိုးချဲ့နိုင်ပါက စပါးအခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်း၊ အရောင်တင်ခြင်းနှင့် အရည်အသွေးအလိုက် ရွေးချယ်ခွဲခြားခြင်းစသည့် ဆန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ပိုမိုအဆက်မပြတ် လည်ပတ်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုစွမ်းအားနှင့် အရည်အသွေး တည်ငြိမ်မှုတို့ တိုးတက်လာနိုင်ကြောင်း သိရသည်။

ထို့အပြင် ဆန်ထုတ်လုပ်မှုပမာဏ တိုးမြှင့်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု လျာထားချက်ဖြစ်သည့် တန်ချိန် ၃ သန်း ပြည့်မီရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုက်ထီးရိုး ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပမည်

ကျိုက်ထို၊ စက်တင်ဘာ ၁၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ကျိုက်ထီးရိုး ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ခုနစ်လတိုင် ကျင်းပလေ့ရှိပြီး ပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ သွားလာရေးအဆင်ပြေစေရန် တောင်တက်မော်တော်ယာဉ် ၁၅၂ စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။ မိုးတွင်းကာလတွင် တောင်တက်မော်တော်ယာဉ်များကို အုပ်စုနှစ်စုခွဲ၍ အလှည့်ကျပြေးဆွဲပေးခဲ့သော်လည်း ပွဲတော်စတင်သည့် သီတင်းကျွတ်လပြည့်နေ့မှစ၍ မော်တော်ယာဉ် ၁၅၂ စီးစလုံး ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘုရားဖူးပြည်သူများ...

ECHO ပံ့ပိုးသည့် အရေးပေါ်ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း မက်ထရစ်တန် ၁၀၀ ခန့် မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၁ မြန်မာနိုင်ငံတွင် မုတ်သုန်ရာသီအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများအတွက် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (ECHO) က ပံ့ပိုးသည့် ဆေးဝါး၊ အာဟာရပစ္စည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိရိယာပစ္စည်း မက်ထရစ်တန် ၁၀၀ ခန့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ဥရောပသမဂ္ဂ ကုန်တင်လေယာဉ်သည် ဘယ်လ်ဂျီယံနိုင်ငံ Liege မြို့မှ ထွက်ခွာလာပြီး...