Thursday, June 11, 2026

ဒေသ(၁၀)ခုတွင် မိုးရွာသွန်းမြဲထက်ပိုနိုင်ပြီး ချင်းတွင်းမြစ်ရေ (၁၁)ပေအထိ...

၂၀၂၆ ခုနှစ် ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း ဒေသ(၁၀)ခုတွင် မိုးရွာသွန်းမှုသည် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ချင်းတွင်းမြစ်ရေမှာလည်း လက်ရှိရေမှတ်အထက် (၁၁)ပေအထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက...

အိုဆာကာမြို့တွင် ကျင်းပမည့် BENKEI FIGHT...

ဂျပန်နိုင်ငံ၊ အိုဆာကာ (Osaka) မြို့တွင် ကျင်းပမည့် BENKEI FIGHT လက်ဝှေ့ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက...

နေပြည်တော်၌ taxi ပြေးဆွဲပေးရန် ပြည်သူ့လွှတ်တော်တွင်...

အဌားယာဉ်TAXI များ လုပ်ငန်းဆောင်ရွက်မည့် ပုဂ္ဂလိကယာဉ်ပိုင်ရှင်များ နှင့် ကုမ္ပဏီများ က မြို့တွင်းခရီးစဉ်များ ပြေးဆွဲခွင့် လျှောက်ထားမှုများလည်း ခွင့်ပြုပေးနေဟု ဝန်ကြီးဌာန ပြန်လည်ဖြေကြား နေပြည်တော်ကောင်စီ...

မြန်မာနိုင်ငံက တရုတ်နိုင်ငံ GACC မှခွင့်ပြုထားသော...

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ အကောက်ခွန်အ ထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှခွင့်ပြုထားသော ဆန်၊ ကော်ဖီ၊ ရော်ဘာနှင့် ပင်လယ်စာစသည့် အရည်အသွေးမြင့်ထုတ်ကုန်များတင်ပို့ရန်အ သင့်ရှိနေသည်ဟု နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်စုလင်းက ပြောကြားခဲ့ကြောင်း...
HomeNewsLocal Newsဇွန်လဒုတိယ(၁၀)ရက်ပတ်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌...

ဇွန်လဒုတိယ(၁၀)ရက်ပတ်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ (၁၀)ရက်ခန့်မိုးထစ်ချုန်းရွာသွန်းနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇွန် ၁၁ ရက်ကထုတ်ပြန်သည့် ဇွန်ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အရ  ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ (၁၀) ရက်ခန့်မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် (၈)ရက်မှ (၁၀)ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင်လည်း (၅) ရက်မှ (၇)ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ယင်း (၁၀)ရက်ပတ်အတွင်း၌ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကာ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်အားကောင်းနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အားအသင့်အတင့်ရှိနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသ(၁၀)ခုတွင် မိုးရွာသွန်းမြဲထက်ပိုနိုင်ပြီး ချင်းတွင်းမြစ်ရေ (၁၁)ပေအထိ မြင့်တက်နိုင်

၂၀၂၆ ခုနှစ် ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း ဒေသ(၁၀)ခုတွင် မိုးရွာသွန်းမှုသည် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ချင်းတွင်းမြစ်ရေမှာလည်း လက်ရှိရေမှတ်အထက် (၁၁)ပေအထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးရွာသွန်းမြဲထက် ပိုမိုရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ ရခိုင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင်...

အိုဆာကာမြို့တွင် ကျင်းပမည့် BENKEI FIGHT လက်ဝှေ့ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့‌ဘောက်ဆင်အဖွဲ့ ဂျပန်နိုင်ငံသို့ ထွက်ခွာ

ဂျပန်နိုင်ငံ၊ အိုဆာကာ (Osaka) မြို့တွင် ကျင်းပမည့် BENKEI FIGHT လက်ဝှေ့ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။ ယခုပွဲစဉ်ကို မြန်မာနိုင်ငံဘောက်ဆင်ကော်မရှင် (MBC) မှ ဦးသန်းစိုးအောင် (အထွေထွေအတွင်းရေးမှူး) ၊ ဦးရန်ဝင်းကြည် (နည်းပြချုပ်) ၊ Mr. Nakamura Yoshiyuki (နိုင်ငံတကာပွဲစဉ်များဆက်သွယ်ရေးအရာရှိ) တို့ ဦးဆောင်၍ ကစားသမားများအနေဖြင့် ဇော်ဇော်နိုင်၊ ဉာဏ်လင်းအောင်၊ ဇံဇံမင်းထက် တို့ လိုက်ပါသွားခဲ့သည်။ MBC ကို မြန်မာနိုင်ငံတွင်...

နေပြည်တော်၌ taxi ပြေးဆွဲပေးရန် ပြည်သူ့လွှတ်တော်တွင် မေးမြန်း

အဌားယာဉ်TAXI များ လုပ်ငန်းဆောင်ရွက်မည့် ပုဂ္ဂလိကယာဉ်ပိုင်ရှင်များ နှင့် ကုမ္ပဏီများ က မြို့တွင်းခရီးစဉ်များ ပြေးဆွဲခွင့် လျှောက်ထားမှုများလည်း ခွင့်ပြုပေးနေဟု ဝန်ကြီးဌာန ပြန်လည်ဖြေကြား နေပြည်တော်ကောင်စီ နယ်မြေတွင် မီတာဖြင့်သုံးစွဲရသည့် အဌားယာဉ် taxi ပြေးဆွဲ ရန် အစီအစဉ်ရှိမရှိကို ယနေ့ (ဇွန် ၁၁ ရက်)ကျင်းပသည့် တတိယအကြိမ်ပြည်သူလွှတ်တော် ဒုတိယ ပုံမှန်အစည်းဝေး ဆဌမနေ့ တွင် ကျိုက်လတ်မြို့နယ် ကိုယ်စားလှယ် ဒေါက်တာအောင်ကြီး က မေးမြန်းခဲ့ကြောင်း သိရသည်။ “နေပြည်တော်ကောင်စီနယ်မြေဟာ ကျယ်ပြန့်ခန့်ငြားသော်လည်းဘဲ တစ်နေရာနဲ့တစ်နေရာ သွားလာရန် အများပြည်သူသုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071