Tuesday, July 14, 2026

ထိုင်းဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်

ပေကျင်း၊ ဇူလိုင် ၁၃ ရက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်...

ဘိန်းဖြူအမှုစစ်ဆေးမှုကြောင့် လေဆိပ်စစ်ဆေးမှုများ တင်းကျပ်

ဇူလှိုင် ၁၄ ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း မှ လေယာဉ်မယ် မီးနား ကွန်ဒိုနှင့် ဆက်နွှယ်နေသော နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုကိုအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး...

အိန္ဒိယရေတပ်က ပြည်တွင်းဖြစ်စစ်ရေယာဉ်အသစ်ကို လက်ခံရယူ

နူးဒေလီ၊ ဇူလိုင် ၁၁ ရက် အိန္ဒိယနိုင်ငံတွင် ကိုယ်တိုင်တည်ဆောက်ထားသည့် အဆင့်မြင့် ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဉ် “INS Mahendragiri” ကို စနေနေ့က အိန္ဒိယရေတပ်၏ အရှေ့ပိုင်းတပ်မဟာထဲသို့...

ဖိလစ်ပိုင်က စားနပ်ရိက္ခာပိုမိုဖူလုံရန် AI နှင့်...

မနီလာ၊ ဇူလိုင် ၁၃ ရက် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ တို့သည် စိုက်ပျိုးရေးဆိုင်ရာ ဒေတာကောက်ယူမှုများကို တိုးတက်‌ကောင်းမွန်‌စေရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ပိုမိုဖူလုံရေးအတွက်...
HomeNewsLocal Newsဇူလိုင်လဒုတိယ(၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံရှိ မြစ်များအားလုံး၏မြစ်ရေများ...

ဇူလိုင်လဒုတိယ(၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံရှိ မြစ်များအားလုံး၏မြစ်ရေများ လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်

ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်ဖြစ်အတွင်း ဧရာဝတီမြစ်အပါအဝင် မြန်မာနိုင်ငံရှိ မြစ်များအားလုံး၏မြစ်ရေများမှာ လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် (၄)ပေမှ (၆)ပေခန့်၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၅)ပေမှ (၇)ပေခန့်အထိ လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၅)ပေမှ (၉)ပေခန့်အ ထိ လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့အတူ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၅)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် (၂)ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် (၂)ပေမှ (၄)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၂)ပေမှ (၄)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၄)ပေခွဲခန့်အထိ လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း သိရသည်။

ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် (၃) ပေမှ (၄)ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၃) ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၂)ပေမှ (၃)ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၂)ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၃)ပေခန့်အထိ လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်

ပေကျင်း၊ ဇူလိုင် ၁၃ ရက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် သည် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ကြေညာခဲ့သည်။ Ref: ဆင်ဟွာ

ဘိန်းဖြူအမှုစစ်ဆေးမှုကြောင့် လေဆိပ်စစ်ဆေးမှုများ တင်းကျပ်

ဇူလှိုင် ၁၄ ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း မှ လေယာဉ်မယ် မီးနား ကွန်ဒိုနှင့် ဆက်နွှယ်နေသော နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုကိုအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး လေကြောင်းလိုင်း ဝန်ထမ်းများအပေါ် လေဆိပ်၌ စစ်ဆေးမှုများကို တင်းကျပ်လိုက်သည်။ တရားရေးဝန်ကြီး ရဲဒုတိယဗိုလ်ချုပ်ကြီး ရုတ္တဖွန်း နဝရတ် က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) နှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုတို့သည် စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး၊ ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါဂိုဏ်းနှင့် ဆက်နွှယ်နေသည့် သံသယရှိသူ အများအပြားကို ထပ်မံဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ လေဆိပ်များအာဏာပိုင်အဖွဲ့ (AoT) သည် ပြည်ပသို့...

အိန္ဒိယရေတပ်က ပြည်တွင်းဖြစ်စစ်ရေယာဉ်အသစ်ကို လက်ခံရယူ

နူးဒေလီ၊ ဇူလိုင် ၁၁ ရက် အိန္ဒိယနိုင်ငံတွင် ကိုယ်တိုင်တည်ဆောက်ထားသည့် အဆင့်မြင့် ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဉ် “INS Mahendragiri” ကို စနေနေ့က အိန္ဒိယရေတပ်၏ အရှေ့ပိုင်းတပ်မဟာထဲသို့ တရားဝင်တပ်တော်ဝင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရေတပ်မဟာ အတွင်း တပ်တော်ဝင်ခြင်း အခမ်းအနားကို အိန္ဒိယနိုင်ငံ တောင်ပိုင်း အန္ဓရဒေသပြည်နယ်ရှိ ဝိဆာခါပတ္တနမ်မြို့၌ ကျင်းပခဲ့ပြီး အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ် ဆင်းဂ် တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးက ပြောကြားရာ၌ ယခုစစ်ရေယာဉ်သည် အိန္ဒိယနိုင်ငံ၏ ခိုင်မာသော ဒီဇိုင်းနှင့် ထုတ်လုပ်မှုစွမ်းရည်၊ လျင်မြန်စွာ တိုးချဲ့လာနေသော ရေတပ်-စက်မှုကုန်ထုတ်လုပ်ငန်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071