Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeMoviesဆန္ဒရှိရင်ပြော ဆိုတဲ့ ဒါရိုက်တာ...

ဆန္ဒရှိရင်ပြော ဆိုတဲ့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်

 

ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က လတ်တလော မှာ “ဆန္ဒရှိရင်ပြော” ဆိုတဲ့ ဟာသရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးလျက်ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ စိုးမြတ်သူ ဇာ၊ မေသဉ္ဇာဦး၊ သင်ဇာဝင့်ကျော်၊ ညီထွဋ်ခေါင်တို့နဲ့အတူ မင်းသားသစ် ဟိန်းကိုကိုကျော်လည်း ပါဝင်ထားတာ တွေ့ ရပါတယ်။ ဟာသဇာတ်ကား ဖြစ်ပေမယ့် သေသေချာချာ ရိုက်ကူးနေတယ်ဆိုတဲ့ ဒီဇာတ်ကားအကြောင်းကို…

“ရွာပုံစံ ဇာတ်ကားလေးဆိုတော့ ကျွန်တော်တို့ ပြည် ကနေ နာရီဝက်လောက် ထပ်သွားရတဲ့ ရွာလေးမှာ ရိုက်ကူး ထားပါတယ်။ ရွာသားတွေလည်း ကူညီကြတယ်။ ရိုက်ကူး တဲ့အချိန်မှာ နေကလည်းပူ၊ ကြည့်တဲ့ပရိသတ်ကလည်း များတော့ တော်တော်တော့ အချိန်ယူ ရိုက်ကူး ရတယ်။ ဟာသဇာတ်ကား ဆိုပေ မယ့် ပင်ပင်ပန်းပန်း ရိုက်ကူးကြရ တယ်။ မင်းသားသစ် ဟိန်းကို ကိုကျော်နဲ့ကလည်း ရှေ့မှာ ဒရာမာ ဇာတ်လမ်းလေးကားလောက် ရိုက်ကူးထားတယ်။ အခုတော့ ဇာတ်ရံအနေအထား Trendအရ ဟာသ ပုံစံ လေးပေါ့။ ကျွန်တော်တို့ လိုချင်တဲ့ အပိုင်း၊ ပုံစံကို ရ အောင်ရိုက်ကူးကြတယ်။ ရိုက်ကူးပြီးသလောက်လည်း ကျေနပ်အားရမှု ရှိပါတယ်။ မင်းသားသစ်ကလည်း အိုက်တင်အတွက် ကြိုးစားပါတယ်”လို့ ညွန့်မြန်မာညီညီ အောင်က ပြောပြပါတယ်။

လက်ရှိ အနုပညာလောကမှာ ရိုက်ကူးနေကြတဲ့ မင်းသား၊ မင်းသမီး အရေအတွက်က သိပ်ပြီး များပြားမှု မရှိသေးတဲ့အပြင် တတ်သစ်စ သရုပ်ဆောင် ဝါသနာပါ သူများလည်း လိုအပ်လျက် ရှိပါတယ်။ ဒီအပေါ်မှာ တက် သစ်စ သရုပ်ဆောင်များကိုလည်း အမြဲကြိုဆိုနေတယ်လို့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ဆိုပါတယ်။ ” သရုပ်ဆောင် သစ်လေးတွေကိုတော့ ကျွန်တော်က အမြဲကြိုဆိုပါတယ်။ ကျွန်တော်တို့ လောကအတွက်လည်း င်္မနျ့နမ တွေ အများကြီး လိုအပ်လာတယ်။ ကျွန်တော်တို့လည်း သူတို့ကို ကိုယ်သိသလောက် ဝေမျှတယ်။ှ့မေငညါ လုပ်ပေးမယ်။ သင်ပြမယ်။ သူတို့တွေရဲ့ အားထုတ် ကြိုးပမ်းမှုနဲ့ စန်းနဲ့ ပေါင်း ဆပ်လိုက်ရင် နေရာတစ်နေရာ ရလာမှာပါ။ ပရိသတ် တွေလည်း သူတို့ကို ဆုံးဖြတ်ပေးကြမယ်” လို့ ပြော ပြပါတယ်။ နောက်ထပ်လည်း ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ” ဝေးမနေချင်ဘူး” လို့ အမည်ပေး ထားတဲ့ဇာတ်ကားကို နေမင်း၊ ရွှေမှုံရတီတို့နဲ့ အတူ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071