Home News Local News မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

0
67

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။

ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here