ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲကို မေ ၁၀ ရက်အထိ ဖွင့်လှစ်ပြသမည်ဖြစ်ပြီး အခမဲ့လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
အဆိုပါ ပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော် ပရိဝုဏ်အတွင်း ၌ မေ ၁၀ ရက်အထိ ပြသမည်ဖြစ်ကြောင်း သိရသည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲ ပြခန်းကို ဧပြီ ၃၀ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ဖွင့်လှစ်ပြသပေးထားမည်လည်း ဖြစ်သည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲတွင် ပထမသင်္ဂါယနာတင်က စတင်ခဲ့သည့် အကြောင်းအရာများနှင့် ယနေ့ခေတ်သာသနာရေး ဆိုင်ရာဆောင်ရွက်ချက်များဖြင့် ပြကွက် (၁၀)ကွက်ဖြင့် ပြသထားကြောင်းလည်း သိရသည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲကို ထေရဝါဒဗုဒ္ဓသာသနာတော် တည်တံခိုင်မြဲစေရန် ဆရာတော်၊ သံဃာတော်ကြီးများ၊ နိုင်ငံတော်အစိုးရနှင့် တိုင်းသူပြည်သားများက ခေတ်အဆက်ဆက်တွင် ဘက်ပေါင်းစုံမှ ကြိုးစား၍ ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်ခဲ့ပုံများကို လေ့လာသိရှိကြည်ညိုသဒ္ဓါပွားများနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြသကြောင်း သိရသည်။