မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခမဲ့နွေရာသီအခြေခံဘောလုံးသင်တန်း(ဒုတိယအသုတ်)မှ သင်တန်းသား/သူများကို ပရီးမီးယားလိဂ်ကလပ် Tottenham Hotspur အသင်းမှ နည်းပြများက အထူးအစီအစဉ်အနေဖြင့် မေ ၃ ရက်တွင်လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။
Tottenham Hotspur အသင်းမှနည်းပြများဖြစ်သည့် Mr. Kevin Moffatt နှင့် Mr. Tyler Blackwood တို့က အခြေခံဘောလုံးနည်းစနစ်များကိုလက်တွေ့သင်ကြားပြသပေးခဲ့ကြသည်။
