Home Movies လူကူးမျဥ်းကျားမှလမ်းဖြတ်ကူးသည့် မြန်မာအလုပ်သမားညီအစ်မနှစ်ဦးကို ကားတစ်စီးကဝင်တို-က်၍ (၁)ဦး‌ေ-သဆုံးပြီး (၁)ဦးဒ-ဏ်ရာရခဲ့မှု ထိုင်းနိုင်ငံတွင်ဖြစ်ပွား

လူကူးမျဥ်းကျားမှလမ်းဖြတ်ကူးသည့် မြန်မာအလုပ်သမားညီအစ်မနှစ်ဦးကို ကားတစ်စီးကဝင်တို-က်၍ (၁)ဦး‌ေ-သဆုံးပြီး (၁)ဦးဒ-ဏ်ရာရခဲ့မှု ထိုင်းနိုင်ငံတွင်ဖြစ်ပွား

0
54

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဖီလ်ခရိုင်၊ သီပါရက်လမ်းရှိ လူကူးမျဥ်းကျားမှလမ်းဖြတ်ကူးနေသည့် မြန်မာအလုပ်သမားညီအစ်မနှစ်ဦးကို ကားတစ်စီးကဝင်တို-က်မိခဲ့မှု ယနေ့ မေ ၄ ရက်နံနက် ၆ နာရီကဖြစ်ပွားခဲ့ကြောင်း သိရသည်။

သီပါရက်လမ်းအတိုင်း ထိုင်းနိုင်ငံသားမောင်းနှင်လာသောကားသည် လူကူးမျဥ်းကျားမှတစ်ဆင့်လမ်းဖြတ်ကူးနေသည့် Standard Can Co., Ltd. စက်ရုံဝန်ထမ်း မြန်မာအလုပ်သမားများဖြစ်သော မဇွန်နှင်းပဝင်း(၁၉) နှစ်နှင့် မခိုင်ဝေနှင်း(၂၂)နှစ်တို့အားဝင်တို–က်မိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်မိမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦးသည် တိုက်ခံရသည့်နေရာမှ မီတာ(၅၀)ကျော်လွှင့်စင်သွားကာ မဇွန်နှင်းပဝင်းသည် အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးခဲ့ပြီး မခိုင်ဝေနှင်းသည်လည်း ညာဘက်ခြေထောက်ကျိုးသဖြင့် ထိုင်းနိုင်ငံရှိ လူမှုကူညီရေးအသင်းက ချူလာလောင်ကွန်(၃)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ကားမောင်းသူကိုလည်း သက်ဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့ကစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံသားကားမောင်းသူ၏ ဝန်ခံထွက်ဆိုချက်များသည် ကွဲလွဲမှုများရှိနေသဖြင့် ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာ၏ CCTV မှတ်တမ်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here