မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆင်အကအလှပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ကျောက်ဆည်မြို့ရှိ သီတင်းကျွတ်ဆင်ပွဲသည် အထူးထင်ရှားကျော်ကြားပြီး နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၄)ရက်နှင့် လပြည့်နေ့များတွင် ဆင်ပွဲတော်ကျင်းပမြဲဖြစ်သည်။ဆင်ရုပ်ထဲရှိ လူနှစ်ယောက်၏ စည်းလုံးမှု့ ၊ဟန်ချက်ညီမှု့၊ အထာသိမှုတို့က ဆင်ကကိုကျော်ကြားစေခြင်းဖြစ်သည်။
နှစ်စဥ် ဖျော်ဖြေနေကျကျွမ်းကျင်သူများက ပွဲမစမှီ တလခွဲလောက်အလိုထဲက လေ့ကျင့်နေကြပြီး ပွဲမတိုင်ခင်တွင် ရွှေသိမ်တော်သို့ ဆင်များက ဂါရဝပြုဦးတို-က်လေ့ရှိကြသည်။
အဆိုပါ ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၁၆) ရက်က ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးပွဲတွင် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ဆင်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများက ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ဆင်အကအလှပြိုင်ပွဲလုပ်ငန်းဆပ်ကော်မတီအသီးအသီးက ဆင်ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရန်၊ ဒိုင်အဖွဲ့များ စနစ်တကျဖွဲ့စည်းရေး၊ ကဏ္ဍအလိုက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်ဆွေးနွေးခဲ့ကြသည်။
Photo- credit
