Wednesday, May 6, 2026

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...
HomeMoviesဆင်ဆာဆိုတာ ကျွန်တော်တို့ခေတ်က ပိုတောင်မှဆိုသေး...

ဆင်ဆာဆိုတာ ကျွန်တော်တို့ခေတ်က ပိုတောင်မှဆိုသေး ဘာမှကိုလုပ်လို့မရခဲ့တာ အကယ်ဒမီ မင်းဦး

 

အကယ်ဒမီ မင်းဦးက လက်ရှိ မှာတော့ ပြင်ဦးလွင်၊ မေမြို့မှာ ဒါ ရိုက်တာဇော်မျိုး(ခရေပုံပြင်)နဲ့ ‘လမ်း ပေါ်ကနန်းတော်’ ရုပ်ရှင်ဇာတ်ကား ကြီးမှာ ပါဝင်ရိုက်ကူးလျက်ရှိနေပြီး အဲဒီဇာတ်ကားမှာတော့ မြင့်မြတ်၊ စိုး မြတ်သူဇာ၊ ခင်ဇာခြည်ကျော်၊ ပတ် ထရစ်ရှာတို့လည်း ပါဝင်တယ်လို့ ဆို ပါတယ်။ ဒီဘက်နှစ်တွေမှာ ရုပ်ရှင် ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ်လာနေတဲ့ အကယ်ဒမီ မင်းဦးကို ရိုက်ကူးရေးရက်တွေ ပြည့် နေပြီလားမေးတော့ မပြည့်သေးပါ ဘူးလို့ပြောပြီး သူ့အနေနဲ့ကလည်း အဲဒီလိုမျိုး အများကြီးမရိုက်ပါဘူး လို့(ရယ်လျက်)ဆိုပါတယ်။ သို့သော် လည်း အခုရုပ်ရှင်ဇာတ်ကား ရိုက်ကူး ပြီးသွားရင် ဇာတ်လမ်းတွဲရိုက်ကူးဖို့ ရှိသလို ရုပ်ရှင်ဇာတ်ကားတွေလည်း ပါဝင်ရိုက်ကူးဖို့ လက်ခံထားတာတွေ ရှိနေတယ်လို့တော့ ဆိုပါတယ်။

လက်ရှိမှာ ဆင်ဆာနဲ့ ပတ်သက် ပြီး ပြသနာလေးတွေ ရှိလာတာနဲ့ ပတ်သက်လို့ ရှေ့မှီ၊ နောက်မှီ အ ကယ်ဒမီ မင်းဦးကို အရင်ခေတ်တုန်း ကရော ဆင်ဆာတွေက ဘယ်လိုရှိခဲ့ လဲလို့ မေးဖြစ်တော့ . . .

“အစ်ကိုတို့ခေတ်က ဆင်ဆာဆို တာ ပိုတောင်မှ ဆိုးသေး။ ဘာမှကို လုပ်လို့မရခဲ့တာ။ ဒီဘက်ခေတ် ရောက်မှသာ အများကြီးလျော့သွား တာ။ ကျန်တော့ ကျန်နေသေးတာပေါ့ နော်။ ဒါတွေက အစ်ကိုတို့တွေ တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့ မရဘူး။ အဖွဲ့အစည်းနဲ့အတူ အားလုံး အစ်ကိုတို့တွေ တူညီစွာနဲ့ လုပ်မှရ မယ်။ ဘယ်လိုဖြစ်သင့်ပြီလဲပေါ့။ အခုလည်း အစ်ကိုတို့တွေ မြန်မာနိုင် ငံ ရုပ်ရှင်အစည်းအရုံးနဲ့ အစည်းအ ဝေးတွေလုပ်တယ်။ ဆင်ဆာနဲ့ပတ် သက်ပြီးတော့ပေါ့။ ဒါပေမဲ့ အဖြေ တစ်ခု ထွက်မလာသေးဘူးပေါ့နော်။ ကြိုးစားနေဆဲပေါ့။ ဘယ်လိုပုံစံနဲ့ သွားကြမလဲ။ နိုင်ငံခြားမှာလျွိုအေငညါ စနစ်နဲ့သွားကြမလား။ ဒါမှ မဟုတ်ဒီအတိုင်းပဲ ဆင်ဆာနဲ့သွား ကျမလားပေါ့။ ဘယ်လိုသွားကျမလဲ ဆိုတာ အားလုံးညှိနှိုင်းနေတုန်း ဖြစ် ပါတယ်။ ညှိနှိုင်းဆဲကာလမှာ ဆင် ဆာနဲ့ ပြဿနာတွေတက်ကြတယ်။ အစ်ကိုတို့ကတော့ မရှိစေချင်ဘူး။ မဖြစ်စေချင်ဘူး။ ဘာတွေလိုအပ် လဲ။ သူတို့ဘာကို မကြိုက်ဘူးလဲ။ ဘာကိုလုပ်ရမလဲ။ တစ်ချို့ဟာတွေ ပြောရရင်ဗျာ။ လူမျိုးရေး၊ ဘာသာ ရေး၊ စသည်ဖြင့် နိုင်ငံတော်နဲ့ ပတ် သက်လို့ မထိခိုက်ရင် ကျန်တဲ့အရာ တွေက ပြဿနာမရှိဘူးလို့ထင်ပါ တယ်”လို့ အကယ်ဒမီမင်းဦး က ပြောပြပေးပါတယ်။

ဆင်ဆာ မရှိသင့်တော့ဘူးဆိုတဲ့ မှတ်ချက်တွေလည်း ရှိလာတော့ အဲဒီ အပေါ် ဘယ်လိုဆက်လုပ်ရင် အ ကောင်းဆုံး အဖြေတစ်ခု ထွက်လာ နိုင်လဲလို့ ဆက်မေးဖြစ်တော့ “ဆင်ဆာ မရှိသင့်တော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်လာကြပြီဆို ရင် Ratingကိုသွားရမယ်။ Rating ဆိုရင် အသက် ၁၈ နှစ်အောက် မကြည့်ရဆိုရင်လည်း သတ်မှတ်မယ်။ မိဘနှင့်အတူကြည့်ပါ။ စသည်ဖြင့် နေပေါ့။ သူတို့တွေရဲ့သတ်မှတ်ထား တဲ့ ပုံစံအတိုင်းသွားမယ်။ အိုခေ အဲဒီ လိုသွားကြတော့မယ်ဆိုရင် အစ်ကိုတို့ ဆီက သူတွေအကုန်လုံး Rating စနစ်နဲ့ ရင်းနှီးပြီးလားဆိုတာရှိလာ ပြီ။ Rating နဲ့ သွားလာပြီ ဆိုရင် အစ်ကိုတို့ ဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတာပါ ထည့်စဉ်းစားရမယ်။ တချို့ နေရာတွေရှိတယ်။ ကလေးတွေ မသွားရတဲ့ နေရာတွေရှိတယ်။ ဒါ ပေမဲ့ ၁၆ နှစ်ကျော်မှ သွားရမယ့် နေ ရာ၊ ၁၈ နှစ်ကျော်မှ သွားရမယ့်နေရာ တွေကို ၁၄ နှစ်က လည်းသွားတယ်။ ၁၃ နှစ်ကလည်းသွားတယ်။ အဲဒီ တော့ အစ်ကိုတို့သည် Rating နဲ့ အကျွမ်း တဝင်ဖြစ်အောင်လုပ်ရမယ်။ မဟုတ် ရင်တော့ ကလေးတွေ ဒုက္ခရောက်နိုင်တယ်။ အစ်ကို့အမြင် ပေါ့။ အဲဒီတေွာျ့အေငညါ စနစ်နဲ့ ပတ်သက်ပြီး ပညာပေးတာတွေ လုပ်ရမယ်။ ဒါပေမဲ့ နိုင်ငံတကာ စံနှုန်းနဲ့ သွားရ တော့မှာဖြစ်တဲ့အတွက် Rating စနစ်ကလည်း သွားကို သွားရမှာဖြစ်တယ်”လို့ အကယ်ဒမီ မင်းဦးက ပြောပြပေးပါတယ်။ လက် ရှိမှာတော့ အကယ်ဒမီမင်းဦး အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Canal + ဇာတ်လမ်းချန်နယ်ကနေ ထုတ်လွှင့် နေတဲ့ Toxic (အဆိပ်သွေး) ဇာတ် လမ်းတွဲဟာ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေပြီး အကယ်ဒမီ မင်းဦးက လည်း အခက်အခဲတွေများစွာနဲ့ ပါ ဝင်သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ သည်း ထိတ်ရင်ဖို ဇာတ်လမ်းတွဲလေးကို စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးလို့ လည်း ဖိတ်ခေါ် စကားပြောကြား ပေးခဲ့ပါတယ်။

ထက်လူ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071