Saturday, July 18, 2026

အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို...

နေပြည်တော်၊ဇူလိုင်-၁၈ အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ကြောင်း မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေက ပြောသည်။ ယမန်နေ့က...

ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် တက်ရောက်

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက်...

ဧရာဝတီတိုင်းရှိစက်မှုဇုန်များ လျှပ်စစ်မီးအပြည့်အဝရရှိရေး နှစ်အလိုက်ဦးစားပေးအစီအစဥ်ဖြင့်ဆောင်ရွက်ပေးမည်

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ဧရာဝတီတိုင်းရှိစက်မှုဇုန်များ လျှပ်စစ်မီးအပါအဝင် စက်မှုဇုန်များ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဥ်များနှင့်ပတ်သက်၍ အထက်ပါအ တိုင်းပြောကြားခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်...

MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၁၇၀...

ရေရှည်စီမံကိန်းအဖြစ် ချေးငွေနှင့် AEC ဈေးကွက်ဝင်ရောက်ရေး ပြည်တွင်းလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်မှုများ ဆက်လက်ဆောင်ရွက်မည် နေပြည်တော်၊ဇူလိုင်-၁၈ ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှု (Financial Assistance)အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၁၇၀...
HomeNewsLocal Newsစိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများ...

စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

နေပြည်တော်၊ဇူလိုင်-၁၈

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများသို့ ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒီပလိုမာသင်တန်းများမှာ သင်တန်းကာလ (၃) နှစ်ဖြစ်ပြီး သင်တန်းကို ထူးချွန်စွာအောင်မြင်သူများအနေဖြင့် စိုက်ပျိုးရေးဒီပလိုမာရရှိသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့၊ မွေးမြူရေးဒီပလိုမာရရှိသူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

စိုက်ပျိုးရေးဒီပလိုမာသင်တန်းကို ပျဉ်းမနား၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမော့ဆို၊ ဘားအံ၊ လုံပီး၊ ကျောက်တော်နှင့် ဟုမ္မလင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများတွင် တက်ရောက်နိုင်မည်ဖြစ်ပြီး မွေးမြူရေးဒီပလိုမာသင်တန်းကို ပျဉ်းမနား၊ ပုသိမ်ကြီး၊ ဟဲဟိုး၊ ပွင့်ဖြူ၊ သာယာဝတီ၊ သထုံ၊ မြစ်ကြီးနား၊ ဘားအံ၊ မြောင်းမြနှင့် ဟုမ္မလင်းရှိ ကျောင်းများတွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။

လျှောက်ထားသူများသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် စိုက်ပျိုးရေးဒီပလိုမာသင်တန်းအတွက် ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များပါဝင်သည့် ဘာသာတွဲဖြင့် အောင်မြင်ထားသူများ၊ မွေးမြူရေးဒီပလိုမာသင်တန်းအတွက် ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်ထားသူများ လျှောက်ထားနိုင်သည်။

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့်လည်း သက်ဆိုင်ရာအတတ်ပညာကို Grade A သို့မဟုတ် Grade B ဖြင့် အောင်မြင်ထားသူများ လျှောက်ထားနိုင်သည်။

ထို့ပြင် လျှောက်လွှာပိတ်ရက်ဖြစ်သည့် စက်တင်ဘာ ၁၄ ရက်တွင် အသက် (၂၂) နှစ်ထက် မကျော်လွန်ရမည်ဖြစ်ပြီး သတ်မှတ်ထားသော အထောက်အထားစာရွက်စာတမ်းများနှင့်အတူ မိမိတက်ရောက်လိုသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင် အခမဲ့ရယူနိုင်သည့် ဝင်ခွင့်လျှောက်လွှာကို ဖြည့်စွက်ကာ သတ်မှတ်ရက်မတိုင်မီ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်သည်။

သတ်မှတ်ရက်ကျော်လွန်သည့် သို့မဟုတ် အချက်အလက်မပြည့်စုံသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်းနှင့် ဝင်ခွင့်ရရှိသူများကို လျှောက်လွှာတင်သွင်းထားသည့် သက်ဆိုင်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများမှ အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

photo: edge

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်

နေပြည်တော်၊ဇူလိုင်-၁၈ အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ကြောင်း မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေက ပြောသည်။ ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ တွင် အဆိုတင်သွင်းချိန်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်းထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေး ရန်ပုံငွေ တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ နည်းဥပဒေ...

ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် တက်ရောက်

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၆ ရက်တွင် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး(ဇူလိုင်၁၃ ရက်မှ ၁၇ရက်) သို့ တက်ရောက်၍ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေး၊ ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးစသည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍...

ဧရာဝတီတိုင်းရှိစက်မှုဇုန်များ လျှပ်စစ်မီးအပြည့်အဝရရှိရေး နှစ်အလိုက်ဦးစားပေးအစီအစဥ်ဖြင့်ဆောင်ရွက်ပေးမည်

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ဧရာဝတီတိုင်းရှိစက်မှုဇုန်များ လျှပ်စစ်မီးအပါအဝင် စက်မှုဇုန်များ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဥ်များနှင့်ပတ်သက်၍ အထက်ပါအ တိုင်းပြောကြားခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး(၂၅)ရက်မြောက်နေ့ဖြစ်သော ဇူလိုင် ၁၇ ရက်က ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း ၏ MSME လုပ်ငန်းများနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်မည့်အစီအမံများကိုသိရှိလိုခြင်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဧရာဝတီတိုင်းရှိစက်မှုဇုန်များ၏ လိုအပ်ချက်များကို စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဝင် ဝန်ကြီးဌာနများ၏ ဘဏ္ဍာငွေခွဲဝေရရှိမှုအရ၊ ဒေသဆိုင်ရာကော်မတီများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများ၏ စက်မှုဇုန်ဖွံ့ဖြိုးရေးရန်ပုံငွေမှ နှစ်အလိုက်ဦးစားပေးအစီအစဉ်အနေဖြင့် လျှပ်စစ်မီးအပြည့်အဝရရှိရေး၊ ကျွမ်းကျင်လုပ်သားများလေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ ထုတ်လုပ်မှုပိုင်းဆိုင်ရာ လိုအပ် ချက်များအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071