Thursday, June 25, 2026

ရေစီးရေလာကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကို ရန်ကုန်တိုင်းလွှတ်တော်၌...

ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေဝပ်ရေလျှံမှုလျော့နည်းစေရေး၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မနက်ဖြန်...

တိုင်းနှင့် ပြည်နယ်ရေကူးပြိုင်ပွဲ ရန်ကုန်တိုင်းအသင်း စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူး

ရန်ကုန်မြို့၌ ဇွန် ၂၄ ရက်နှင့် ဇွန် ၂၅ ရက်တို့ကကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည် နယ်ရေကူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းအသင်းကဆွတ်ခူးခဲ့ကြောင်း...

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ...

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ”...
HomeNewsLocal Newsစစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့၏...

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့၏ စိုးရိမ်ရေမှတ်အထက်၌ဆက်ရှိနေ

ပဲခူးတိုင်း၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေသည် ယနေ့ အောက်တိုဘာ ၃ ရက်နံနက်ပိုင်းက တိုင်းထွာချက်များအရ မြို့၏စိုးရိမ်ရေမှတ်အထက်(၁)ပေခွဲခန့်ကျော် ကျော်လွန်ရောက်ရှိနေပြီး ၂၄ နာရီအတွင်း (၂)လက်မခန့်ကျဆင်းနိုင်သော်လည်း တောင်ငူမြို့၏စိုးရိမ်ရေမှတ်အထက်တွင်သာ ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ကျော် ကျော်လွန်နေပြီး ၂၄ နာရီအတွင်း၌ (၂)လက်မခန့်ကျဆင်းလာနိုင်သော်လည်း မြို့၏စိုးရိမ်ရေမှတ်အထက်တွင်သာ ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် တောင်ငူမြို့နယ်နှင့် မဒေါက်မြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများတွင် ရှောင်ရှားနေထိုင်ကြရန် မိုးဇလက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ထို့ပြင် ယနေ့ အောက်တိုဘာ ၃ ရက်နံနက်ပိုင်းအချိန်တိုင်းထွာချက်အရ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်‌ ကမ်းခြေကို ဂိုလ်ပါပူမြို့အနီးမှ ဖြ-တ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဩရိဿပြည်နယ်တောင်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ကြောင်း သိရသည်။

ထို့အတူ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းဒေသများကိုဖြ-တ်ကျော်၍ တဖြည်းဖြည်းအားလျော့သွားနိုင်မည်ဖြစ်ကြောင်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေစီးရေလာကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကို ရန်ကုန်တိုင်းလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်းများအဖြစ် ဆွေးနွေးမည်

ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေဝပ်ရေလျှံမှုလျော့နည်းစေရေး၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မနက်ဖြန် ဇွန် ၂၆ ရက်၌ မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေး အစီအစဉ်အရ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက ရန်ကုန်မြို့၏ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေဝပ်ရေလျှံမှုကြာချိန် လျော့နည်းစေရေးအတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များဖြင့် ကွင်းဆင်းလေ့လာစိစစ်ဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းသွားမည်ဖြစ်သည်။ ထို့ပြင် လူထုကျန်းမာရေး ထိခိုက်မှုမရှိစေရေးအတွက် အများပြည်သူအသုံးပြုသည့်...

တိုင်းနှင့် ပြည်နယ်ရေကူးပြိုင်ပွဲ ရန်ကုန်တိုင်းအသင်း စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူး

ရန်ကုန်မြို့၌ ဇွန် ၂၄ ရက်နှင့် ဇွန် ၂၅ ရက်တို့ကကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည် နယ်ရေကူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းအသင်းကဆွတ်ခူးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအသင်းက အမျိုးသားတံခွန်စိုက်ဆုဖလားကို ရမှတ်(၁၂၅)မှတ်၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ရမှတ်(၁၂၈)မှတ်တို့ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက ဆုဖလား၊ ဆုတံဆိပ်များ၊ ဆုကြေးငွေများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒု-ဥက္ကဋ္ဌနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးညီညီအပါအဝင် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက်ဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန် ၂၅ ရက် နံနက်ပိုင်းက MFF Futsal Stadium ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအတွင်း ဖူဆယ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖူဆယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစား ပိုမိုဖွံ့ဖြိုးလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံ အမျိုးသမီး ယူ-၁၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071