Sunday, May 17, 2026

မြန်မာနိုင်ငံထွေအုပ်ဝန်ထမ်းဟောင်းများအသင်း (၁၀) ကြိမ်မြောက်သက်ကြီးပူဇော်

မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၏ (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် အသင်းသားများတွေ့ဆုံပွဲကို ယနေ့ မေ ၁၇ ရက်က ရန်ကုန် တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်...

ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့်...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနေ၊ ဒုတိယနေ့တွင်လည်း...

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ISTAF Sepaktakraw World Cup 2026 ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကောင်းဆုံးပုံစံဖြင့် အစပြုနိုင်ခဲ့ပြီး...

မကွေးတိုင်း ဆီထွက်သီးနှံအထူးဇုန် (၂) တွင်...

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ...
HomeInternationalစင်္ကာပူ၌ ဖျော်ဖြေပွဲကျင်းပသွားမည့် နာမည်ကြီး...

စင်္ကာပူ၌ ဖျော်ဖြေပွဲကျင်းပသွားမည့် နာမည်ကြီး ကေပေါ့အဖွဲ့ BLACKPINK

စင်္ကာပူ၌ ဖျော်ဖြေပွဲကျင်းပသွားမည့် နာမည်ကြီး ကေပေါ့အဖွဲ့ BLACKPINK

နာမည်ကြီး ကေပေါ့ မိန်းကလေးအဖွဲ့ BLACKPINK သည် Born Pink ဟု အမည်ပေးထားသော ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်အတွက် ဖျော်ဖြေမည့်ရက်စွဲအချို့ကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါစာရင်းတွင် စင်္ကာပူနိုင်ငံလည်း ပါဝင်ခဲ့သည်။

BLACKPINK အဖွဲ့က အတည်ပြုထားသော ဖျော်ဖြေပွဲ ပြုလုပ်သွားမည့်နေရာများကို ထုတ်ဖော်ပြထားသည့် ပို့စ်တစ်ခုကို ၎င်းတို့၏ တရားဝင် အင်စတာဂရမ်အကောင့်မှ ဩဂုတ်လ ၉ ရက် အင်္ဂါနေ့တွင် တင်ထားခဲ့သည်။

အဆိုပါပို့စ်အရ BLACKPINK အဖွဲ့ဝင် ၄ ဦးစလုံးသည် စင်္ကာပူ၌ ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် လာရောက်ဖျော်ဖြေမည် ဖြစ်သည်။ သို့ရာတွင် ဖျော်ဖြေပွဲပြုလုပ်မည့် တည်နေရာနှင့် ဈေးနှုန်းများကိုမူ အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။

BLACKPINK ၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ် အမည်သည် စက်တင်ဘာလတွင် ထွက်ရှိတော့မည့် ၎င်းတို့၏ အယ်လ်ဘမ်အမည် Born Pink ကို အစွဲပြု၍ ပေးထားခြင်းဖြစ်သည်။

BLACKPINK အဖွဲ့သည် ၎င်းတို့၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဆိုးလ်၌ ဖျော်ဖြေခြင်းဖြင့် စတင်သွားမည်ဖြစ်ပြီး မြောက်အမေရိက နှင့် ဥရောပရှိ မြို့များသို့ 2022 ပြည့်နှစ်ကုန်ပိုင်း အထိ သွားရောက် ဖျော်ဖြေသွားမည် ဖြစ်သည်။

ထို့နောက် BLACKPINK သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အာရှ၌ ဖျော်ဖြေရေးခရီးစဉ်များကို ထပ်မံပြုလုပ်ကျင်းပ သွားမည်ဖြစ်သည်။

အဆိုပါ အာရှခရီးစဉ်တွင် ဘန်ကောက်၊ ဟောင်ကောင်၊ ရီယာ့ဒ်၊ အဘူဒါဘီ၊ ကွာလာလမ်ပူ၊ ဂျကာတာ၊ ကောင်းရွန်း၊ မနီလာနှင့် စင်ကာပူတို့ ပါဝင်သွားမည် ဖြစ်သည်။

ဇွန်လတွင်မူ ဩစတြေးလျသို့ သွား‌ရောက်ဖျော်ဖြေမည်ဖြစ်သည်။

BLACKPINK သည် စက်တင်ဘာလတွင် ထွက်ရှိမည့် အယ်လ်ဘမ်၏ ပထမတစ်ပိုင်းဖြစ်သော Pink Venom ကို သြဂုတ် ၁၉ ရက် ကိုရီးယားစံတော်ချိန် (၁၂ နာရီ နေ့လည် ၁ နာရီ (မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲ) တွင် ထုတ်လွှင့်မည်ဟု ယခုအပတ်အစောပိုင်းက ကြေညာခဲ့သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံထွေအုပ်ဝန်ထမ်းဟောင်းများအသင်း (၁၀) ကြိမ်မြောက်သက်ကြီးပူဇော်

မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၏ (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် အသင်းသားများတွေ့ဆုံပွဲကို ယနေ့ မေ ၁၇ ရက်က ရန်ကုန် တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက် ၌ကျင်းပခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများတက်ရောက်၍ ကန်တော့ခံဝန်ထမ်းဟောင်းကြီးများကို ကန်တော့ပြီး ကန်တော့ပစ္စည်းများပေးအပ်ပြီးနောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းသို့ အလှူငွေနှင့် စာအုပ်များကိုပေးအပ်လှူဒါန်းခဲ့သည်။ ကန်တော့ခံဝန်ထမ်းဟောင်းကြီးများကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ဗိုလ်မှူးကြီးဦးတင်လှိုင်(ငြိမ်း)နှင့် ဆရာလယ်တွင်းသားစောချစ် (ဦးတင်လှိုင်) တို့က ဆုပေးမေတ္တာစကားများပြောကြားခဲ့ကြသည်။

ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး လှုပ်ရှားမှုတစ်ရပ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ပြည်သူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ရွှေမေတ္တာလူမှုကူညီရေးအသင်း၊ Yangon OK အဖွဲ့နှင့် ပရ ဟိတညီနောင်များစုပေါင်း၍ ရေမြောင်းအတွင်းရှိ အမှိုက်များနှင့် ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ကြခြင်း ဖြစ်သည်။ သန့်ရှင်းရေးလုပ်ငန်းသို့ ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် အပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့များကလည်း တက်ကြွစွာ...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနေ၊ ဒုတိယနေ့တွင်လည်း ပြိုင်ဘက်များကို (၂) ပွဲပြ တ်ဖြင့် အနိုင်ရကာ နိုင်ပွဲဆက်

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ISTAF Sepaktakraw World Cup 2026 ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကောင်းဆုံးပုံစံဖြင့် အစပြုနိုင်ခဲ့ပြီး ယနေ့ ကျင်းပသည့် ဒုတိယနေ့ပွဲစဉ်များတွင်လည်း နိုင်ပွဲများဆက်တိုက်ဖော်ဆောင်နိုင်ခဲ့သည်။ ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသား (၄) ယောက်တွဲ ပွဲစဉ်များတွင် မြန်မာအသင်းသည် အုပ်စုတွင်း ပြိုင်ဘက်များဖြစ်ကြသော ဘရူနိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို ရင်ဆိုင်ခဲ့ရသည်။ မြန်မာအသင်းသည် ဘရူနိုင်းနှင့် ဗီယက်နမ် နှစ်သင်းစလုံးကို အမှားအယွင်းမရှိဘဲ (၂) ပွဲပြတ်ရလဒ်များဖြင့် အပြတ် အသတ် အနိုင်ယူကာ အုပ်စုတွင်း အခြေအနေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071