Saturday, August 1, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍...

နေပြည်တော်၊ ဩဂုတ် ၁ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် မေးမြန်းချက်များကို ယနေ့ (ဩဂုတ်...

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ...

နေပြည်တော်၊ ဩဂုတ် ၁ စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG)...

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်...

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်လာစေရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားကြောင်း...

မြန်မာနိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရေး စတင်ပြင်ဆင်၊ အာကာသနည်းပညာကို...

နေပြည်တော်၊ ဩဂုတ် ၁ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုကို တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ လွှတ်တင်နိုင်ရေးအတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း...
HomeNewsLocal Newsစက်သုံးဆီချွေတာရေးကို အမျိုးသားရေးမူဝါဒအဖြစ် ဆောင်ရွက်မည်

စက်သုံးဆီချွေတာရေးကို အမျိုးသားရေးမူဝါဒအဖြစ် ဆောင်ရွက်မည်

ပြည်သူများ သွားလာမှုမြန်ဆန်ချောမွေ့ရေးနှင့် ကုန်စည်စီးဆင်းမှု အရှိန်မြှင့်တင်နိုင်ရေးအတွက် ကုန်းလမ်း၊ ရထားလမ်း၊ ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍများကို ဟန်ချက်ညီညီ အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး စက်သုံးဆီချွေတာရေးကိုလည်း အမျိုးသားရေးမူဝါဒတစ်ရပ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတက ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် “လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှ စီးပွားရေးဖွံ့ဖြိုးမည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပြည်ထောင်စုတစ်ဝန်းရှိ လမ်းတံတားကွန်ရက်များနှင့် ပို့ဆောင်ရေးအခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကျေးလက်ဒေသများတွင် ရာသီမရွေးသွားလာနိုင်သည့် ကုန်ထုတ်လမ်းနှင့် တံတားများ ကောင်းမွန်စေရေးကို အလေးထားဆောင်ရွက်နေသကဲ့သို့ သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားအခြေခံအဆောက်အအုံများကိုလည်း အမြန်ဆုံး ပြန်လည်ထူထောင်ပေးနေကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံရေးအခြေအနေများနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် ပြတ်လပ်မှုဆိုင်ရာ စိန်ခေါ်မှုများ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် တန်ဖိုးရှိသော စက်သုံးဆီများ တင်သွင်းနေရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ယင်းအခြေအနေကို ကျော်လွှားနိုင်ရေးအတွက် မော်တော်ယာဉ်များကို စုံရက်၊ မရက်စနစ်ဖြင့် မောင်းနှင်စေခြင်းနှင့် ဗုဒ္ဓဟူးနေ့တိုင်း Work from Home စနစ် ကျင့်သုံးစေခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တစ်ရက်လျှင် စက်သုံးဆီဂါလန် ၁ ဒသမ ၂ သန်းနှင့် အမေရိကန်ဒေါ်လာ ၇ သန်းခန့် သက်သာခဲ့ကြောင်း မိန့်ခွန်းတွင် ဖော်ပြထားသည်။ ပြည်သူများအနေဖြင့်လည်း စက်သုံးဆီကို ခြိုးခြံချွေတာသုံးစွဲပြီး ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့သည်။

အစိုးရရက်ပေါင်း ၁၀၀ စီမံချက်အတွင်း ရန်ကုန်–မန္တလေး၊ ရန်ကုန်–မော်လမြိုင်နှင့် ရန်ကုန်–ပြည် ရထားလမ်းများကို အဆင့်မြှင့်တင်နေပြီး ပြည်သူများ သွားလာရေးအဆင်ပြေစေရန် တစ်ရက်လျှင် လူစီးရထား ၇၆ စင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ရထားပို့ဆောင်ရေးကဏ္ဍတွင် စက်သုံးဆီအစားထိုး ဘက်ထရီစနစ်သုံး လျှပ်စစ်ရထားစက်ခေါင်းများ (Battery Electric Locomotives–BEL) ကို ပြည်တွင်း၌ ပြောင်းလဲပြင်ဆင်ထုတ်လုပ်၍ အချို့ရထားလမ်းပိုင်းများတွင် စတင်ပြေးဆွဲနေသည်။ BEL စက်ခေါင်းများသည် စက်သုံးဆီသုံးစွဲမှုနှင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးသဖြင့် လျှပ်စစ်ရထားစနစ် အပြည့်အဝအသုံးမပြုနိုင်မီ ဆက်လက်တိုးချဲ့အသုံးပြုသွားမည်ဖြစ်သည်။ မော်တော်ယာဉ်ကဏ္ဍတွင်လည်း လျှပ်စစ်စွမ်းအင်သုံးယာဉ်များ (EV) အစားထိုးအသုံးပြုရေးကို အားပေးဆောင်ရွက်သွားမည်ဖြစ်သည်။

ကုန်ကျစရိတ်သက်သာသည့် ရေကြောင်းသယ်ယူပို့ဆောင်ရေး တိုးတက်စေရန် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ကို ရာသီမရွေး ထိရောက်စွာအသုံးပြုနိုင်ရေး ရေလမ်းကြောင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မိန့်ခွန်းတွင် ပါရှိသည်။

လေကြောင်းပို့ဆောင်ရေး၌ လေကြောင်းလိုင်းငါးလိုင်းမှ လေယာဉ် ၃၂ စင်းဖြင့် ပြေးဆွဲပေးနေပြီး အနီးစခန်း၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ ပုသိမ်၊ ပုဂံညောင်ဦး၊ ကျိုင်းတုံနှင့် တာချီလိတ်လေဆိပ်များတွင် ခရီးသည်တင်ဂျက်လေယာဉ်များ ဆင်းသက်နိုင်ရေး လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ခြင်းအပါအဝင် စီမံချက် ၁၀ ခုကို ရက်ပေါင်း ၁၀၀ အတွင်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပို့ဆောင်ရေးကဏ္ဍအားလုံး၌ အခြေခံအဆောက်အအုံများ ပိုမိုခေတ်မီကောင်းမွန်လာစေရေးနှင့် ပြည်သူများ သွားလာရာတွင် “လုံခြုံစိတ်ချရမှု၊ အချိန်မှန်ကန်မှုနှင့် စိတ်ချမ်းမြေ့မှု” အပြည့်အဝရရှိစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ မေးမြန်းချက်များ ဖြေကြား

နေပြည်တော်၊ ဩဂုတ် ၁ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် မေးမြန်းချက်များကို ယနေ့ (ဩဂုတ် ၁ ရက်) တွင် နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ ဇမ္ဗူသီရီခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်၏ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းများတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်း၏...

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ တင်သွင်းမှု အခွန်ကင်းလွတ်ခွင့် ဩဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်

နေပြည်တော်၊ ဩဂုတ် ၁ စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုများအပေါ် အခွန်ကင်းလွတ်ခွင့်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။ ဓာတ်မြေဩဇာတင်သွင်းမှုအတွက် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်ကို စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေရန်...

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားဟု နိုင်ငံတော်သမ္မတ ပြောကြား

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်လာစေရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးလိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းစွာ အဖြေရှာကြရန်လည်း နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့သည်။ အစိုးရရက်ပေါင်း ၁၀၀ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071