Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsဂျင်းနီဖွင့်လိုက်တဲ့ Fitness Factory...

ဂျင်းနီဖွင့်လိုက်တဲ့ Fitness Factory ကဘာတွေထူးခြားမလဲ

မြန်မာအကနဲ့ ပတ်သက်လို့ ငယ် ငယ်ကတည်းက ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ တွေမှာ ဆုတံဆိပ်တွေအများကြီးရရှိခဲ့တဲ့ အဆိုတော်ဂျင်းနီက Artists in Motion လို့အမည် ပေးထားတဲ့ Jh Fitness Factory ဆိုင်မှာ မြန်မာအကပိုင်းနဲ့ ပတ်သက်ပြီး တာဝန်ယူထားပါတယ်။ အကသီးသန့် သင်ပေးတာမျိုးလည်း မဟုတ်သလို Gym ခန်းမသီးသန့်လည်း မဟုတ်တဲ့ Artists in Motion Fitness Factory နဲ့ ပတ်သက်ပြီး ဂျင်းနီက…

” မြန်မာအက သီးသန့်ဆိုလို့ရှိရင် အချိန်အများကြီးပေးရမယ်။ နည်းနည်း လေးပိုပြီး ပင်ပန်းမယ်။ ပိုလည်း ပင်ပန်း မယ်ဆိုတော့ ဂျင်းနီ အခုအကလေးတစ် မျိုးပေါ့။ မြန်မာ အကကို အခြေခံထားတဲ့ အားကစားလေးတစ်မျိုးပေါ့နော်။ ပြော ရမယ်ဆို လို့ရှိရင်Zumba ဆိုတာ Latin နဲ့ Arobic နဲ့ တွဲထားသလိုမျိုး ဂျင်း နီလည်း အဲဒီလိုမျိုး လေးတွဲထားတဲ့ ကစားနည်း လေးတစ်မျိုး ပါ။အား လုံး ပဲလွယ် လွယ်ကူ ကူနဲ့ မြန်မာ အကကို အားလုံးပဲ ထိတွေ့ခွင့်ရမယ် ထင်ပါတယ်။ ဂျင်းနီအလွန်မြတ်နိုးတဲ့ မြန်မာအကလေးကိုလည်း အားလုံးကို ကတတ်စေချင်လို့ပါ” လို့ပြော ပါတယ်။

မြန်မာအကဆိုတာက ခေါင်း၊ ခါး၊ ခြေ၊ လက် အစုံလှုပ်ခတ် ပြီး ခက်ခက်ခဲခဲကပြရတဲ့ အကဆို တော့ Artists in Motion ကို လာမယ့် သူတွေ တကယ်ရောတတ်မြောက်ပါ့မလားဆိုတော့…

“ဂျင်းနီတို့က Fitness ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖြစ်တဲ့ အတွက် ကြောင့်မို့လို့ အတတ်သင်တော့ မဟုတ်ပါဘူးရှင့်။ တကယ်လို့အချိန်ပေးနိုင်တဲ့သူတွေရှိတယ်။ ကလေးတွေ ၃နှစ်၊ ၄နှစ်လောက် ကစပြီးတော့ ဂျင်းနီတို့လိုပဲ မြန်မာ အကကို နက်နက်နဲနဲ ကတတ်ချင်တယ်။ သေသေချာချာ အစအဆုံး အခြေခံကအစ သင်ချင်တယ်ဆိုလို့ရှိရင် အချိန်လေး သက်သက် ခွဲပြီးသင်ပေးချင်ပါတယ်။ မြန်မာအက စစ်စစ်ကို ကဗျာလွတ်ကနေပြီး လုံးဝတတ်ပြီးတော့ သူများကို ပြန်ပြီးတော့ သင်ပေးလို့ရတဲ့ အခြေအနေအထိ ဂျင်းနီတို့ သင်ပေးမယ်ဆိုတဲ့ ပရိုဂရမ်တွေလည်း ရှိပါတယ်။ ဒါကတော့ သင်တန်း လာအပ်တဲ့သူ တွေက တောင်းဆိုတယ်ဆိုလို့ရှိရင်တော့ ဂျင်းနီတို့ စီစဉ်ပေးမှာပေါ့။ လောလော ဆယ်မှာ ဂျင်းနီတို့က အတတ်သင်မဟုတ် ပါဘူး။ အရှေ့က ဆရာကမယ်။ နောက် ကနေ လိုက်ကရုံပဲဆိုတော့ တတ်စရာ တော့မလိုပါဘူး။ ရှေ့က ကပြတာကို လိုက်ကရတာဆိုတော့ Relax ဖြစ်ပါ တယ်။ ပေါ့ပေါ့ပါးပါးလေးပါပဲ”လို့ ဂျင်းနီက ပြောပါတယ်။

Artists in Motion တည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်၊ AKK Sho-pping Centerç Zone Bç 3rd Floor မှာပါ။ ဂျင်းနီဆိုရင်လည်း အချိန်တွေသာ ပြောင်းလာတယ်။ အရင်အတိုင်း လှမြဲလှဆဲ ပဲနော်လို့ဆိုတော့…

“အဓိကကတော့ ကိုယ့်ကို ကြည့်ပြီး တော့ ကရမယ့်သူတွေကို အားနာလို့။ ကိုယ့် ကို ကြည့်လိုက်တာနဲ့ ငါတို့ကရင် သူ့လိုဖြစ် သွားမှာလားဆိုတာမျိုးကြီးကို လက်မခံ ချင်ဘူး။ သမီးကို ကြည့်ပြီးတော့ ဒီလိုကရင် ဒီလိုဖြစ်သွားမှာဆိုတာ လေးပဲဖြစ်စေချင် တယ်။ ဒါတောင်မှ အစပဲရှိသေးတယ်။ ဂျင်းနီဒီ့ထက် ပိုပြီးလှနေအောင် လုပ်ပေးချင် ပါတယ်။ဂျင်းနီအခုမလှသေးဘူးနော်။ ထပ် ကြိုးစားရဦးမှာပါ” လို့ ဂျင်းနီက ပြောပြခဲ့ ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071