Monday, July 27, 2026

မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌ ဆူညံစွာ...

ရထားပေါ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် စည်းကမ်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အယူအဆများ အငြင်းပွားဖွယ်ဖြစ်ပေါ် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ် (၈၄) အဆုန်...

သားဖွားမီးယပ်အရေးပေါ်အခြေအနေများတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ရေး Webinar...

ရန်ကုန်၊ ဇူလိုင် ၂၆ ဆေးရုံ၊ ဆေးခန်းများနှင့် ပြည်သူလူထုအတွင်း သားဖွားမီးယပ်အရေးပေါ်အခြေအနေများ၌ လျင်မြန်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်သည့် အွန်လိုင်း Webinar ကို...

Yangon’s Digital Marketing &...

Yangon’s Digital Marketing & AI Panel Discussion ပွဲအခမ်းအနားကို ဇူလ်ိုင်လ (၂၆)ရက်နေ့က ရန်ကုန် ၊ UMFCCI...

ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များစွာ ဂုဏ်ပြုတက်ရောက်လာ

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (အမှတ် ၃၂၇) ၌တည်ရှိသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံအား မူလလက်ရာမပျက်ပြင်ဆင်ထိန်းသိမ်းမှုများပြုလုပ်ကာ...
HomeEntertainmentBusinessချစ်​သူ G Fatt...

ချစ်​သူ G Fatt က သရုပ်​ဆောင်​အလုပ်​ကို ပြန်​လုပ်​ဖို့ တိုက်တွန်းနေတယ်​ဆိုတဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုးလို့ ပြောလိုက်​တာနဲ့ G Fatt ကို ပြေးမြင်​ကြသလို၊ G Fatt လို့ ပြောလိုက်​တာနဲ့ နန်းဆုရတီစိုးကိုပြေးမြင်​မိကြပြီး အနုပညာလောကထဲမှာ လိုက်​ဖက်​ညီလွန်းလှတဲ့ စုံတွဲတစ်​တွဲဖြစ်​ကာ ပရိသတ်​တွေရဲ့ ချစ်​ခင်​အားပေးမှုကိုပါ ရရှိထားတဲ့ အတွဲတစ်​တွဲလည်း ဖြစ်​ပါတယ်​။ ၂ဝ၁၈ ထဲမှာ G Fatt က သူလုပ်​ချင်​တာတွေ အကုန်​လုံး လုပ်​ခွင့်​ရတဲ့အတွက်​ သူ့အတွက်​ ဂုဏ်​ယူမိတယ်​ဆိုတာကို နန်း ဆုရတီစိုးက ”သူကိုယ့် မျက်​စိရှေ့မှာတင်​ ဆုတွေ တစ်​ဆုပြီး တစ်​ဆုရနေတာ ဒီနှစ်​ထဲမှာ သူတော်​တော်​ ကံကောင်းတယ်​။ ဝမ်းသာတယ်။ သူ့အတွက်​ ဂုဏ်​ယူတယ်။ သူသည်​ အလုပ်​တွေအများကြီး လုပ်ထားတယ်​။ ဒီနှစ်​ထဲမှာ သူလုပ်​ချင်​တဲ့ One Man Show လည်း လုပ်​ဖြစ်​သွားတယ်​။ သူဖြစ်​ချင်​တာတွေ အကုန်​လုံး ဖြစ်​လာတယ်​၊ ဖြစ်​သွားတဲ့အတွက်​ သူ့အတွက်​ ဂုဏ်​ယူသလို သူ့ကို ပိုပြီးလည်း အားပေးဖြစ်​တယ်​။ သူ ကကိုယ့်​အတွက်​ ရေးပေးထားတဲ့ သီချင်းကလေး၊ ကိုယ့် ကိုယ်​Surprise လုပ်​ပေးထားတဲ့ သီချင်းနဲ့ Shwe FM မှာ ဆုရတဲ့အတွက်​လည်း နှစ်​ယောက်​ စလုံးအတွက်​ ပိုပြီးအမှတ်​တရဖြစ်​တယ်​”လို့ ပြောပြခဲ့ပါတယ်။ နှစ်​ယောက်​ပူးပေါင်းပြီး သီချင်းတွေဖန်​တီးဖြစ်​ဖို့ရှိသေးတယ်​ဆိုတာကိုလည်း ”နန်းဆု တို့ နှစ်​ယောက်​တွဲသီချင်းလုပ်​ဖို့ အစီအစဉ်​ရှိပါတယ်​။ နှစ်​ယောက်​ပေါင်းပြီး လုပ်​မှာ ဖြစ်​တဲ့အတွက်​ ပိုပြီးတော့ ဂရုစိုက်​ရမယ်​။ ပိုပြီးတော့ အချိန်​ပေးရမယ်​။ နှစ်​ယောက်​လုံးစိတ်​တိုင်းကျ၊ အားရဖို့လည်း လိုပါတယ်​။ အကြောင်းအရာ၊ အသွား အလာကအစ အကောင်းဆုံးကြိုးစားပြီး ဖန်​တီးကြမှာဖြစ်​တဲ့အတွက်​ နည်းနည်းလေး ကြာနေတယ်​။ သူမအားတာနဲ့ ကိုယ်​မအားတာနဲ့။ လုပ်​တော့ လုပ်​ပါ့မယ်။ ထွက်​လာဖို့လည်း ရှိပါတယ်​”လို့ နန်းဆုရတီစိုးက ပြောပြခဲ့ပါတယ်​။ ချစ်​သူ G Fatt က သရုပ်​ဆောင်​အလုပ်​ကို ပြန်​လုပ်​ဖို့ တိုက်​တွန်းနေတယ်​ဆိုတာကို နန်းဆုရတီစိုးက ”အခုက ပွင့်လင်းရာသီဆိုတော့ ရှိုးပွဲတွေများတယ်​။ နှစ်​ယောက်​ပေါင်းပြီးတော့လည်း ပွဲတွေက ခေါ်ကြတော့ ခရီးတွေက ထွက်​ဖြစ်​တယ်​။ အဆိုဘက်​ကို ပိုလုပ်​ဖြစ်​နေတယ်။ အနုပညာအလုပ်​နဲ့ပတ်​သက်​ပြီး နန်းဆု ကို ”သူကလည်း ရုပ်​ရှင်​ပြန်​ရိုက်​ဖို့ အားပေးတယ်​။ သူက သရုပ်​ဆောင်​ဘက်​ကိုလည်း လုပ်​စေချင်​နေတယ်​။ ပရိသတ်​တွေကလည်း ပြန်ရိုက်​စေချင်​ကြတယ်​။ ကိုယ့်ဘက်​က အဆင်​သင့်​ မဖြစ်​သေးတာကြောင့်​ မရိုက်​ဖြစ်​သေးတာပါ”လို့ ပြောပြခဲ့ပါတယ်​။ ပျော်​ပျော်​နေတတ်​တဲ့သူဖြစ်​တာကြောင့်​ အရွယ်​တင်​နုပျို နေတာထင်​ပါတယ်​ဆိုတာကိုလည်း ”အဓိကက စိတ်​နဲ့ ရုပ်​နဲ့ စပ်​ဆက်​နေတာဆိုတော့ စိတ်​ကိုရှင်းရှင်းနဲ့ ပျော်​ပျော်​ရွှင်​ရွှင်​ပဲထားတယ်​။ နန်းဆုက ပျော်​ပျော်​နေတယ်​။ သူငယ်​ချင်းတွေ၊ အပေါင်းအသင်းတွေနဲ့တွေ့ရင်​လည်း ကိုယ်​ကပဲ ရယ်စရာတွေပြောတယ်​။ ကိုယ့်​ကြောင့်​သူတို့တွေ ပျော်​ရတယ်​။ သူများကိုလည်း ကိုယ်​စိတ်​ချမ်းသာ အောင်​ထားတဲ့အတွက်​ သူများတွေကလည်း ကိုယ့်​ကိုယ်​ စိတ်​ချမ်းသာအောင်​ထား တယ်​။ အဖေအမေကရော၊ မိတ်​ဆွေသူငယ်​ချင်းတွေရော၊ ချစ်​သူကရော ကိုယ့်​ကိုယ်​စိတ်​ချမ်း သာအောင်​ထားကြတယ်​။ ပြီးတော့ ပရိသတ်​ကလည်း ကိုယ့်​ကိုယ်​စိတ်​ချမ်းသာစေ မယ့်​အကြောင်းအရာလေးတွေပဲ ပြောတဲ့အတွက်​ ပရိသတ်​ကြောင့်​လည်း စိတ်​ချမ်းသာရ တယ်​။ အဲဒါကြောင့်​မို့ နုနေတာဖြစ်​မှာပါလို့ နန်းဆုရတီစိုးက ပြောပြခဲ့ပါတယ်​။

ခိုင်ဝါဝင်း၊
ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071