Saturday, August 8, 2026

ရေဘေးအန္တရာယ်ကို တုံ့ပြန်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်ရန်...

ပုသိမ်၊ ဩဂုတ် ၈ သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက...

ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ...

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင်...

လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ်(၂၃)...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အ တွက် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ယနေ့ သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက...

ရေကြီးရေလျှံမှုကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက် ပျိုးချိန်အခက်အခဲရှိပါက...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကိုစိုက်ပျိုးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ်...
HomeNewsLocal Newsကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၈၃၀...

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၈၃၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့်ပစ္စတိုသေနတ် ၁ လက်ဖမ်းမိ

ရှမ်းပြည်နယ်၊ကွန်ဟိန်းမြို့နယ်၊တာကော်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၇ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့သည် တာကော်တံတားပူးပေါင်းစစ် ဆေးရေးဂိတ်တွင် ကာလိမြို့ဘက်မှမိုင်းပျဉ်းမြို့ဘက်သို့ စိုင်းစံ(၃၈)နှစ် မောင်းကာ စိုင်းပွမ်မွန်း (၂၃)နှစ် လိုက်လာသည့် ALPHARD ကားအား တားဆီးစစ်ဆေးခဲ့ကြသည်။

ကားပေါ်၌ ဝှက်၍သယ်သည့် ငွေကျပ်သိန်း ၂၈၃၀ သိန်းတန်ဖိုးရှိ ကက်တမင်း(၂၁ ကီလို)၊စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့်အမှုန့် (Happy Water)(၉၅၀ ဂရမ်)နှင့်ပစ္စတိုသေနတ် ၁ လက်တို့အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ အဆိုပါ မူး ယစ်ဆေးဝါးများအား ၎င်းတို့အတူတကွသယ် ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ကာလိနယ်မြေရဲစခန်းက မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေဘေးအန္တရာယ်ကို တုံ့ပြန်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား

ပုသိမ်၊ ဩဂုတ် ၈ သဘာဝဘေးအန္တရာယ်များကို ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏ စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက ရေရှည်ကြိုတင်ကာကွယ်ရေးအစီအမံများကိုပါ စနစ်တကျ လေ့လာဖော်ထုတ် အကောင်အထည်ဖော်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတသည် ယနေ့ ဩဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြုလုပ်သည့် ငဝန်မြစ်ရေကာတာ တာတမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “လူသားတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲလို့မရနိုင်ပေမယ့် လူတွေရဲ့လုပ်ဆောင်ချက်တွေနဲ့...

ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်မြို့ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၈ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်ပြုလုပ်သည့် ငဝန်မြစ်ရေကာ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရှေးယခင်က ပုသိမ်မြစ်အတွင်းသို့သင်္ဘောကြီးများ ဝင်ထွက်သွားလာဆိုက်ရောက်နိုင်ခဲ့သော်လည်း ယခုအခါ Bed Level များမြင့်တက်လာ၍ သင်္ဘောကြီးများဝင်ရောက်နိုင်မှုနည်းပါးလာသည်ဟု ပြောသည်။ ထို့ပြင် ဧရာဝတီတိုင်းအတွင်းမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများကို ပုသိမ်မြစ်ကြောင်းကတစ်ဆင့် သင်္ဘောကြီးများဖြင့် သယ်ယူပို့ဆောင်နိုင်သည့်နည်းတူ ပြည်တွင်းအတွက်လိုအပ်သည့်ပစ္စည်းများကိုလည်း ပုသိမ်မြို့ဆိပ်ကမ်းမှတစ်ဆင့်ဆောင်ရွက်နိုင်သဖြင့် မြန်မာနိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်ရန်လိုသည်ဟု နိုင်ငံတော်သမ္မတက...

လေးမျက်နှာမြို့နယ် ရေဘေးအတွက် အလှူရှင်များ ၏လှူဒါန်းငွေကျပ်(၂၃) ဘီလီယံကျော်ရရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ကြုံတွေ့နေရသည့် ရေဘေးဒဏ်အ တွက် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ယနေ့ သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက ပုသိမ်မြို့တွင်ကျင်းပသည့် အလှူငွေပေးအပ်ပွဲ၌ အလှူငွေကျပ်(၂၃ ဒသမ ၃၂၄) ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ တိုင်းနှင့် ပြည်နယ်များ၊ စေတ နာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များ၏ အလှူငွေများ ပေးအပ်လှူဒါန်းမှုကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် စေတနာရှင်၊ အလှူရှင်များ၊ အသင်းအဖွဲ့များကပေးအပ်လှူဒါန်းသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071