Monday, April 20, 2026

အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၁၁ နာရီ ၇ မိနစ်...

အီရန်ကုန်သင်္ဘောကိုယူအက်စ်ကသိမ်း၍ လက်တုန့်ပြန်မည်–တေရန်

အီရန်နိုင်ငံ ဆိပ်ကမ်းများသို့ သွားရောက်မှုကို ပိတ်ဆို့ထားသည်ကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် အီရန်အလံလွှင့်ထူထားသော သင်္ဘောတစ်စင်းကို အမေရိကန်တပ်များက ဖမ်းဆီးထားကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ...

မြန်မာနှစ်သစ်ကူး သကြင်္န်ပွဲတော်ကာလအပြီး ရုံးပိတ်ရက်ရှည်ပြီးနောက် ပြန်လည်တွေ့မြင်ရသည့်...

ယနေ့ (ဧပြီ ၂၀) သည် သကြင်္န်ပွဲတော်ကာလအပြီး၊ ရုံးပိတ်ရက်ရှည်အပြီး အစိုးရရုံးများပြန်လည်ဖွင့်လှစ်ကာ ရုံးလုပ်ငန်းဆောင်တာများ ပြန်လည်စတင်ဆောင်ရွက်ကြပြီလည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနှစ်သစ်ကူး သကြင်္န်ပွဲတော်ကာလအပြီး ရုံးပိတ်ရက်ရှည်ပြီးနောက်...

လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) ရရှိသူများ လိုက်နာရမည့်...

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိသူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကို လယ်ယာမြေ ဥပဒေ ပုဒ်မ (၁၂) နှင့် (၁၃) အရ...
HomeNewsEntertainment Newsကျွန်းသစ်ရှားပါးလာမှုသည် စစ်ကိုင်းဂစ်တာလုပ်သူများအတွက် ...

ကျွန်းသစ်ရှားပါးလာမှုသည် စစ်ကိုင်းဂစ်တာလုပ်သူများအတွက် ပြဿနာမဟုတ်ဘဲ နည်းပညာအတတ်ပညာပိုင်းဖြင့် လွှမ်းမိုးကာရသည့် သစ်သားဖြင့်ရအောင်ထုတ်လုပ်ရောင်းချသွားမည်

လက်ရှိမြန်မာနိုင်ငံ ကျွန်းသစ် ရှားပါးလာမှုသည် စစ်ကိုင်းဂစ်တာလုပ်ငန်းလုပ်ကိုင်သူများအတွက် ပြဿနာမဟုတ်ဘဲ၊ နည်းပညာအ တတ်ပညာပိုင်းဖြင့် လွှမ်းမိုးကာရ သည့် သစ်သားဖြင့်ရအောင်ထုတ် လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း စစ်ကိုင်းဂစ်တာထုတ်လုပ်ရောင်းချ နေသူ ကိုဇော်နောင်ဟိန်း         (ဟိန်းမင်း – ဂစ်တာ)ထံမှသိရသည်။

“ဂစ်တာကုန်ကြမ်းကိုလက်ရှိမှာ ဂစ်တာအိုးကိုသုံးထပ်သားနဲ့လုပ်ပြီး လက်တံကို ကျွန်းသစ်နဲ့လုပ်နေတာ ပါ။ကျွန်းသစ်သုံးတယ်ဆိုတာက ၁ဝလက်မ၊ ၁၅လက်မအရွယ်တွေပဲ သုံးကြတာပါ။အဲဒီလိုအတိုလေးတွေ သုံးတာကိုပဲ လွတ်လွတ်လပ်လပ် သုံးမသုံးရတဲ့ အနေအထားပါ။မလွတ် မလပ်မသုံးရတဲ့အတွက် ပြဿနာတော့ မရှိပါဘူး။ ကျွန်း သစ်မသုံးရလည်း အခြားသစ်တွေသုံး မှာပဲဆိုပြီး သဘောပိုက်လိုက်ကြ တယ်။ ရတဲ့သစ်နဲ့ဖြစ်အောင် သုံးမယ်လို့ ဆုံးဖြတ် ထားကြပါတယ်။သစ်သားရှားပါးမှုက ဂစ်တာလုပ် ကိုင်နေသူတွေအ တွက် ပြဿနာ မဟုတ်သေးပါဘူး။ကျွန်းသစ်အစား ထင်းရှူးသားသုံးရင်လည်း အရည် အသွေးပိုင်းမှာကောင်းပါတယ်။ကိုယ်ကအသားရဲ့ အကြောကို နိုင်နင်းအောင် နည်းပညာအတတ် ပညာတွေသုံးပြီးကိုင်နိုင်ဖို့က အဓိက ပါ” ဟုကိုဇော်နောင်ဟိန်း ကပြောပြ သည်။ စစ်ကိုင်းဂစ်တာဈေးကွက်သည် ပုံမှန်နှစ်များက သီတင်းကျွတ်လျှင် ကောင်းခဲ့သော်လည်း ယခုနှစ်တွင် အရောင်းဈေးကွက်မှာအခြားလုပ် ငန်းများနှင့်အတူ စစ်ကိုင်းဂစ်တာ  လုပ်ကိုင်သူ၂ဝဦးကျော်သည်လည်းအရောင်းအဝယ် ပါးနေကြောင်းသိရ သည်။

“စစ်ကိုင်းမှာဂစ်တာလုပ်တဲ့သူ၂ဝဆကျာ်ရှိတယ်။အဲဒီမှာဆိုင်ကြီး က၂ဆိုင် ၃ဆိုင်ပဲရှိ ကျန်တာက အကြမ်းထည်လုပ်တဲ့သူ အကြမ်းရော အချောပါ လုပ်တဲ့သူစတဲ့ဆိုင်ငယ် လေးတွေရှိပါတယ်။ဆိုင်ကြီးတယ် ငယ်တယ်ဆိုတာ ဂစ်တာအရည် အသွေးနဲ့ ဂစ်တာထုတ်လုပ်နိုင်တဲ့ အလုံးအရေအတွက်ကိုကြည့်ပြီးပြော တာဖြစ်ပါတယ်”ဟု ဝါရင့်စစ်ကိုင်းဂစ်တာလုပ်နေသူကပြောပြသည်။ စစ်ကိုင်းဂစ်တာများအဖြစ် ဟော်လိုဂစ်တာ၊ လျှပ်စစ်ဂစ်တာ၊  လေးကျိုးတပ် ယူကလီဂစ်တာ အသေး၊  မယ်ဒလင်၊ တယောများကို ထုတ်လုပ်ကာ အနည်းဆုံးကျပ်သုံး သောင်းဝန်းကျင်မှ အများဆုံးကျပ် ၁သိန်းကျော်ဂစ်တာများ ရောင်းချပြီး သီတင်းကျွတ်ကာလ တန်ဆောင်   တိုင်ကာလနှင့် ကျောင်းပိတ်ရာသီ များတွင် ရောင်းအားကောင်းလေ့ရှိကြောင်းသိရသည်။ဂစ်တာကို  ကျောင်း သားများနှင့် တိုင်းရင်းသားများ ဝယ် ယူအသုံးများပြီး မရှိမဖြစ် အရေးပါ သည့်ပစ္စည်းအဖြစ် သုံးရသော တိုင်း ရင်းသားများကို ပိုမို    ရောင်းရကြောင်း ကိုဇော်နောင်ဟိန်းက ဈေးကွက် အခြေအနေကို ရှင်းပြသည်။ ==စစ်ကိုင်းအခြေပြုပြီး စစ်ကိုင်း ဂစ်တာတွေကို မြန်မာတစ်နိုင်ငံလုံးကို ပို့ပေးနေရတဲ့အခြေအနေတော့ ရောက်နေပါပြီ။ အထက်ပိုင်းမြစ်ကြီး နား၊ မိုးကောင်း၊ ဖားကန့်၊ ဆိုင်း တောင်ဒေသ အောက်ပိုင်းမှာဆို မြဝ တီ၊ ဘားအံ စတဲ့ဒေသတွေအထိ စစ်ကိုင်းဂစ်တာက ပြန့်နေပါပြီ။ စစ် ကိုင်းဂစ်တာကို စစ်ကိုင်းတစ်မြို့ တည်းမှာတင် မကတော့ဘူး။ အခြား မြို့ရွာတွေမှာလည်း ဂစ်တာလုပ်ပြီး စစ်ကိုင်းဂစ်တာရယ်လို့ နာမည်တပ် ပြီး သူတို့ လိပ်စာနာမည်မခံဘဲထုတ် လုပ်ရောင်းချနေတာတွေရှိပါတယ်” ဟု ကိုဇော်နောင်ဟိန်းကရှင်းပြသည်။

လှိုင်ဝင်းကို 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071