Sunday, September 20, 2026

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို...

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း)...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့်...
HomeMusicကျန်းမာနေသရွေ့ ဂီတအနုပညာကိုဆက်လက်ထုတ်ဖော်နေဦးမယ့် ...

ကျန်းမာနေသရွေ့ ဂီတအနုပညာကိုဆက်လက်ထုတ်ဖော်နေဦးမယ့် တေးသံရှင်ကြီး စိန်ဝင်းထွန်း

ဂီတ သက်တမ်းနှစ် ၅ဝပြည့် တော့မှာဖြစ်ပေမယ့် ဝါရင့်အဆိုတော်ကြီး ဦးစိန်ဝင်းထွန်းကတော့ အနုပညာနဲ့ ပတ်သက်လို့ နုပျိုလတ်ဆတ်ဆဲဖြစ်ပါတယ်။ သူ တစ်ကိုယ်တော်စီးရီးအတွက် ကြိုးစားလုပ်ဆောင်တယ်။ ပြီးတော့ လာမယ့် ဒီဇင်ဘာလထဲမှာလည်း ရှိုးပွဲကြီးတစ်ခုဆိုဖို့ပြင်ဆင်နေတယ်။ အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီးသူက….

“ကျွန်တော်ကတော့ ၂ဝ၁၇နဲ့ ၂ဝ၁၈မှာ စီးရီးလုပ်နေတယ်။ တချို့တွေကတော့ သိပ်ကြာနေတယ်ဆိုလို့ ပြီးရင်ပြီးတဲ့ အပုဒ်ကို အင်တာနက်ပေါ်တင်ပါတယ်။ အခုလည်း ကျွန်တော်က ရှိုးပွဲတွေကဆက်တိုက်ဆိုဖြစ်နေတယ်။ ဒီဇင်ဘာလ ၂၃ရက် နေ့၊ အမျိုးသားဇာတ်ရုံမှာ ရှိုးပွဲကြီးတစ်ပွဲဆိုဖို့အတွက်ကိုလည်း အခုကတည်းက သီချင်း တိုက်နေပါပြီ။ ၂၃ ရက်နေ့ရှိုးပွဲကတော့ ကျွန်တော်တို့လူကြီးတွေ အားလုံးပေါင်း ၉ ယောက်ပေါ့။ ကျွန်တော် ရယ်၊ ကိုစိုးပိုင်ရယ်၊ စိုင်းဆိုင်မောဝ် အစရှိသဖြင့်ပေါ့လေ။ လူကြီးတွေဆိုမယ့်ပွဲပေါ့။ အဲဒါလေး စီစဉ်ထားတယ်။ ကျွန်တော့်တစ်ကိုယ်တော်စီးရီးခွေကိုလည်း အမြန်ဆုံးထွက်ရှိနိုင်အောင်ကြိုးစားပြီးလုပ် နေပါတယ်”လို့ ပြောပါတယ်။

 ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်ဆဲဖြစ်တဲ့ ဦးစိန်ဝင်းထွန်း အနေနဲ့….

” ကျန်းမာရေးကတော့ ဒီလိုပဲ။ ကျွန်တော် လေ့ကျင့်ခန်း မှန်မှန်လုပ်တယ်။ အစားအသောက်ကိုလည်း ချင့်ချိန်ပြီးစားရတာပေါ့။ အဲဒါကြောင့်လည်း ကျွန်တော်အခုထက်ထိ ကျန်းမာနေတာပေါ့။ ကျွန်တော် ကျန်းမာနေသရွေ့ကတော့ ကျွန်တော့်မှာရှိတဲ့ ဂီတအနုပညာတွေကို ထုတ်ဖော်ပြီးတော့ ကျွန်တော့် ပရိသတ်ကို ချပြသွားပါမယ်” လို့ ပြောပါတယ်။ ဦးစိန်ဝင်းထွန်းရဲ့ လူငယ်တွေအပေါ် အကြံပြုစကား ပြောပြရမှာတော့….

“လူငယ်တွေကို တအားဖြစ်စေချင်ပါတယ်။ ဆို၊ က၊ ရေး၊ တီးပွဲတွေလုပ်နေ တယ်။ ဒီဘက်မှာလည်း ပွဲတွေအများကြီးပဲ။ ပြိုင်ပွဲတွေလုပ်တာအရမ်းကောင်းပါတယ်။ ကျွန်တော်က တော့ ဖြစ်စေချင်တာ လူငယ်တွေကို များများမွေးထုတ်စေချင်တယ်။ ဂီတအစည်းအရုံးမှာလည်း လာ ရောက်အကြံဥာဏ်တောင်းနိုင်တယ်။ လာမယ့် ဂီတလောကမှာ အရည်အချင်းရှိတဲ့ လူငယ်တွေများများ ပေါ်ထွက်စေချင်တယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071