တို-က်ပွဲများကြောင့် ထိခိုက်ပျ-က်စီးမှုများ ကြုံတွေ့ခဲ့ရသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များက ပြင်ဆင်လျက်ရှိသည်။
နေအိမ်ပျက်စီးမှုစာရင်း ကောက်ယူခြင်းနှင့် ရှင်းလင်းခြင်း
လက်ရှိတွင် မြို့ပြန်လည်ထူထောင်ရေးအတွက် အဓိကလုပ်ငန်းစဉ်အဖြစ် မီးလေ-ာင်ပျ-က်စီးခဲ့သည့် နေအိမ်စာရင်းများကို အသေးစိတ် ကောက်ယူလျက်ရှိသည်။
စာရင်းကောက်ယူမှု
“အခုကတော့ မီးသင့်ခဲ့ရတဲ့ အိမ်တွေစာရင်း အရင်လိုက်ကောက်နေတယ်၊ အိမ်ပိုင်ရှင်တွေနဲ့လည်း ပြန်လည်ဆက်သွယ်နေပါတယ်” ဟု ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက Popular News Journalသို့ ပြောကြားခဲ့သည်။
ရှင်းလင်းရေးလုပ်ငန်း
တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ်ပေါင်း (၁,၅၀၀) ကျော် ရှိနေပြီး၊ ၎င်းတို့အနက် လုံးဝပြန်လည်ပြုပြင်၍ မရနိုင်တော့သည့် အဆောက်အအုံများကို စနစ်တကျ ဖြိုဖျက်ရှင်းလင်းရန် ဆောင်ရွက်လျက်ရှိသည်။
ထောက်ပံ့ကူညီမှုနှင့် မြို့တွင်းပြန်လည်ဝင်ရောက်မှု
နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အခြေခံအဆောက်အအုံ ပစ္စည်းများကို ကနဦးထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း သိရသည်။
ထောက်ပံ့မှုအစီအစဉ်
မီးလေ-ာင်ပျ-က်စီးသွားသည့် နေအိမ်တစ်လုံးလျှင် ဘိလပ်မြေ (၁၀) အိတ် နှင့် သွပ် (၂၀) အချပ်စီ ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိသည်။
မြို့တွင်းအခြေအနေ
လက်ရှိတွင် ကော့ကရိတ်မြို့ပေါ်သို့ ပြန်လည်ဝင်ရောက် နေထိုင်သည့် ဒေသခံအချို့ ရှိနေပြီဖြစ်ပြီး မြို့ပြန်လည်စည်ကားလာစေရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
