Monday, May 11, 2026

ရန်ကုန်-မန္တလေး DEMU ရထား ခရီးစဉ်သစ်...

ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားများကို ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့မှ...

မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) တွင် မြန်မာဒေသထွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းတွင် မေလ ၁၉ ရက်၌ ကျင်းပမည့် “ မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) ” တွင် မြန်မာဒေသထွက်...

မေလ ၁၃ ရက်မှစတင်၍ အနောက်တောင်မုတ်သုံလေ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ ဒုတိယ (၁၀) ရက်ပတ် ခန့်မှန်းချက်အရ မြန်မာ့စိုက်ပျိုးရေးနှင့် ရာသီဥတုအတွက် အရေးပါသော အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအတွင်းသို့ အောက်ပါအတိုင်း...

ငြိမ်းချမ်းရေး၌ယူအက်စ်နှင့်အီရန် သဘောထားကွဲလွဲ၍ ရေနံဈေးခုန်တက်

ဝါရှင်တန်က မူကြမ်းရေးဆွဲခဲ့သော ငြိမ်းချမ်းရေးအဆိုပြုချက်ကို တေရန်နှင့် ဝါရှင်တို့ သဘောမတူကြသဖြင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းများသည် တစ်စည်လျှင် ၃ ဒေါ်လာမြင့်တက်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားသည် လည်းနေရာအများစု၌...
HomeInternationalဘယ်လာရုစ်နိုင်ငံ၏ (၈၁) ကြိမ်မြောက်...

ဘယ်လာရုစ်နိုင်ငံ၏ (၈၁) ကြိမ်မြောက် စစ်အောင်ပွဲနေ့ (Victory Day) အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံမှူးကြီးဦးမိုးကျော်သူတက်ရောက်

​ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Victory Square ၌ (၈၁) ကြိမ်မြောက် စစ်အောင်ပွဲနေ့ (81st Anniversary of Victory Day) အထိမ်းအမှတ်အခမ်းအနားကို မေ ၉ ရက်ကကျင်းပရာ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံမှူးကြီးဦးမိုးကျော်သူတက်ရောက်ခဲ့သည်။

အခမ်းအနားကို ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Lukashenko တက်ရောက်၍ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဘယ်လာရုစ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာသံတမန်များနှင့် ဖိတ်ကြားထားသူများက ဒုတိယကမ္ဘာစစ်အတွင်းကျဆုံးခဲ့သည့် အာဇာနည်ရဲဘော်များကိုဂုဏ်ပြုအလေးပြုခဲ့ကြသည်။

​Victory Day သည် ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၅ ခုနှစ်၊ မေ ၉ ရက်) ၌ ဆိုဗီယက်ယူနီယံက နာဇီဂျာမနီကို အောင်နိုင်ခဲ့သည့် အထိမ်းအမှတ်နေ့ဖြစ်ကာ ဥရောပစစ်မြေပြင်တွင် နာဇီဂျာမနီတို့လက်နက်ချကြောင်း လက်မှတ်ရေးထိုးခဲ့သည့် အချိန်ကို ဂုဏ်ပြုသတ်မှတ်ထားခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဘယ်လာရုစ်နိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး နာဇီကျူးကျော်မှုကို အပြင်းထန်ဆုံးခုခံတို-က်ပွဲဝင်ခဲ့သည့် နိုင်ငံတစ်ခုလည်းဖြစ်ကာ စစ်ပွဲအတွင်း ဘယ်လာရုစ်ပြည်သူသန်းပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရသဖြင့် ယင်းနေ့သည် ၎င်းတို့နိုင်ငံအတွက် အလွန်အရေးကြီးပြီး ဝမ်းနည်းခြင်းနှင့် ဂုဏ်ယူခြင်းတို့ရော ပြွမ်းနေသည့် အမျိုးသားအဆင့်အထိမ်းအမှတ်နေ့ဖြစ်သည်။

အခမ်းအနားကို ငြိမ်းချမ်းရေးတန်ဖိုးကိုသိရှိစေရန်နှင့် မိခင်နိုင်ငံတော်ကိုကာကွယ်ရင်း အသက်ပေးလှူသွားကြသည့် ဘိုးဘွားရဲဘော်များ၏ ကျေးဇူးတရားကို နောင်လာနောက်သားများ မေ့ပျောက်မသွားစေရန်ရည်ရွယ်၍ နှစ်စဉ်ကျင်းပလျက်ရှိသည်။

ထို့ပြင် ​မြန်မာသံရုံးယာယီတာဝန်ခံအနေဖြင့် ဘယ်လာရုစ်နိုင်ငံ၏ အရေးအကြီးဆုံးအမျိုးသားနေ့ အခမ်းအနားတက်ရောက်ခြင်းသည် နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရုံသာမက သမိုင်းကြောင်းဆိုင်ရာတန်ဖိုးထားမှုများကို အပြန်အလှန် လေးစားရာလည်းရောက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး DEMU ရထား ခရီးစဉ်သစ် ထပ်တိုးပြေးဆွဲမည်

ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားများကို ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့မှ စတင်ကာ မနက် ၇ နာရီ ထွက်ခွာမည့် ခရီးစဉ်အသစ်တစ်စီး ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ လက်ရှိပြေးဆွဲနေသည့် အမှတ် ၃ (အဆန်) DEMU ရထားမှာ နံနက် ၆ နာရီတွင် ရန်ကုန်မှ ထွက်ခွာကာ ညနေ ၄ နာရီတွင် မန္တလေးသို့ ရောက်ရှိမည်ဖြစ်ပြီး၊ အသစ်ထပ်တိုးသည့် အမှတ်...

မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) တွင် မြန်မာဒေသထွက် ဒူးရင်းမျိုးရင်းများ အဓိကပြသမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းတွင် မေလ ၁၉ ရက်၌ ကျင်းပမည့် “ မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) ” တွင် မြန်မာဒေသထွက် ဒူးရင်းမျိုးရင်းများကို အဓိကထား ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါပွဲတော်ကို မြန်မာ့ဒူးရင်းများ၏ ပြည်ပဈေးကွက် တိုးချဲ့နိုင်ရေး၊ “မြန်မာ့ဒူးရင်း” အမည်ဖြင့် နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ရေး၊ ခေတ်မီစိုက်ပျိုးရေးစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား ဆွေးနွေးဖလှယ်နိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒူးရင်းသီးနှံဈေးကွက် ချဲ့ထွင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရေး၊...

မေလ ၁၃ ရက်မှစတင်၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင်ဝင်ရောက်မည်၊ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ဟု ခန့်မှန်း

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ ဒုတိယ (၁၀) ရက်ပတ် ခန့်မှန်းချက်အရ မြန်မာ့စိုက်ပျိုးရေးနှင့် ရာသီဥတုအတွက် အရေးပါသော အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအတွင်းသို့ အောက်ပါအတိုင်း အဆင့်ဆင့် ဝင်ရောက်လာနိုင်ကြောင်း သိရသည် - မုတ်သုံလေဝင်ရောက်မည့် ကာလများမေ ၁၃ ရက်မှ မေ ၁၇ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ။ မေ ၁၈ ရက်မှ မေ ၂၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ။ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းအခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ထိုအထဲမှ (၁) ကြိမ်သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071