Monday, May 11, 2026

ရန်ကုန်-မန္တလေး DEMU ရထား ခရီးစဉ်သစ်...

ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားများကို ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့မှ...

မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) တွင် မြန်မာဒေသထွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းတွင် မေလ ၁၉ ရက်၌ ကျင်းပမည့် “ မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) ” တွင် မြန်မာဒေသထွက်...

မေလ ၁၃ ရက်မှစတင်၍ အနောက်တောင်မုတ်သုံလေ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ ဒုတိယ (၁၀) ရက်ပတ် ခန့်မှန်းချက်အရ မြန်မာ့စိုက်ပျိုးရေးနှင့် ရာသီဥတုအတွက် အရေးပါသော အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအတွင်းသို့ အောက်ပါအတိုင်း...

ငြိမ်းချမ်းရေး၌ယူအက်စ်နှင့်အီရန် သဘောထားကွဲလွဲ၍ ရေနံဈေးခုန်တက်

ဝါရှင်တန်က မူကြမ်းရေးဆွဲခဲ့သော ငြိမ်းချမ်းရေးအဆိုပြုချက်ကို တေရန်နှင့် ဝါရှင်တို့ သဘောမတူကြသဖြင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းများသည် တစ်စည်လျှင် ၃ ဒေါ်လာမြင့်တက်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားသည် လည်းနေရာအများစု၌...
HomeNewsLocal Newsထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် "ထိုင်ဝမ်ခွဲထွက်ရေး" ကို...

ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် “ထိုင်ဝမ်ခွဲထွက်ရေး” ကို ပြတ်သားစွာဆန့်ကျင်ရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူပြော

ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် “ထိုင်ဝမ်ခွဲထွက်ရေး”ကို ပြတ်သားစွာဆန့်ကျင်ရမည်ဟု တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian ကပြောသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်စည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကိုထိန်းသိမ်းရန်ခိုင်မာစွာဆုံးဖြတ်ထားကာ “ထိုင်ဝမ်ခွဲထွက်ရေး” နှင့် ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးသည် မီးနှင့်ရေကဲ့သို့ ယှဉ်တွဲရန်မဖြစ်နိုင်ဘဲ ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် “ထိုင်ဝမ်ခွဲထွက်ရေး” ကို ပြတ်သားစွာဆန့်ကျင်ရမည်ဟု ပြောသည်။

ထို့ပြင် ထိုင်ဝမ်အရေးတွင် တရုတ်-အမေရိကန်ဆက် ဆံရေးနှင့်ပတ်သက်၍ ထိုင်ဝမ်အရေးသည် တရုတ်နိုင် ငံဗဟိုအကျိုးစီးပွား၏ အဓိကဗဟိုချက်ဖြစ်ပြီး တရုတ် – အမေရိကန်ဆက်ဆံရေးနှင့် နိုင်ငံရေးအခြေခံ၏အုတ် မြစ်လည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် One China Policy နှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် (၃) ရပ်ကို တိကျစွာလိုက်နာစောင့် ထိန်းရန်၊ ထိုင်ဝမ်ပြည်နယ်အရေးနှင့် ပတ်သက်ပါက အမေရိကန်အစိုးရအဆက်ဆက်ထားရှိခဲ့သည့် ကတိကဝတ်များကို တိကျစွာလိုက်နာစောင့်ထိန်းရန်တို့မှာ တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ကောင်းမွန်၍ ရေရှည်တိုးတက်ရေးအတွက်မဖြစ်မနေလိုအပ်သည့် ကြိုတင်သတ်မှတ်ချက်များဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး DEMU ရထား ခရီးစဉ်သစ် ထပ်တိုးပြေးဆွဲမည်

ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားများကို ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်နေ့မှ စတင်ကာ မနက် ၇ နာရီ ထွက်ခွာမည့် ခရီးစဉ်အသစ်တစ်စီး ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ လက်ရှိပြေးဆွဲနေသည့် အမှတ် ၃ (အဆန်) DEMU ရထားမှာ နံနက် ၆ နာရီတွင် ရန်ကုန်မှ ထွက်ခွာကာ ညနေ ၄ နာရီတွင် မန္တလေးသို့ ရောက်ရှိမည်ဖြစ်ပြီး၊ အသစ်ထပ်တိုးသည့် အမှတ်...

မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) တွင် မြန်မာဒေသထွက် ဒူးရင်းမျိုးရင်းများ အဓိကပြသမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းတွင် မေလ ၁၉ ရက်၌ ကျင်းပမည့် “ မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆) ” တွင် မြန်မာဒေသထွက် ဒူးရင်းမျိုးရင်းများကို အဓိကထား ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါပွဲတော်ကို မြန်မာ့ဒူးရင်းများ၏ ပြည်ပဈေးကွက် တိုးချဲ့နိုင်ရေး၊ “မြန်မာ့ဒူးရင်း” အမည်ဖြင့် နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ရေး၊ ခေတ်မီစိုက်ပျိုးရေးစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား ဆွေးနွေးဖလှယ်နိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒူးရင်းသီးနှံဈေးကွက် ချဲ့ထွင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရေး၊...

မေလ ၁၃ ရက်မှစတင်၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင်ဝင်ရောက်မည်၊ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ဟု ခန့်မှန်း

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ ဒုတိယ (၁၀) ရက်ပတ် ခန့်မှန်းချက်အရ မြန်မာ့စိုက်ပျိုးရေးနှင့် ရာသီဥတုအတွက် အရေးပါသော အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအတွင်းသို့ အောက်ပါအတိုင်း အဆင့်ဆင့် ဝင်ရောက်လာနိုင်ကြောင်း သိရသည် - မုတ်သုံလေဝင်ရောက်မည့် ကာလများမေ ၁၃ ရက်မှ မေ ၁၇ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ။ မေ ၁၈ ရက်မှ မေ ၂၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ။ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းအခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ထိုအထဲမှ (၁) ကြိမ်သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071