Friday, August 7, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeNewsLocal Newsကော့ကရိတ်မြို့နယ်အပါအဝင် မြို့နယ် ၆...

ကော့ကရိတ်မြို့နယ်အပါအဝင် မြို့နယ် ၆ ခုအား ည ၆ နာရီမှနံနက် ၄ နာရီခွဲအထိ လမ်းပေါ်မထွက်ရဟု အသိပေးထုတ်ပြန်

ကော့ကရိတ်မြို့နယ်အပါအဝင် မြို့နယ် ၆ ခုအား ည ၆ နာရီမှနံနက် ၄ နာရီခွဲအထိ လမ်းပေါ်မထွက်ရဟု အသိပေးထုတ်ပြန်

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ် အပါအဝင် မြို့နယ် ၅ ခုနှင့်မွန်ပြည်နယ်ရှိ မြို့နယ် ၁ ခုတို့အား လုံခြုံရေးအခြေအနေအရ သြဂုတ် ၃၀ ရက်မှစတင်၍ တားမြစ်နယ်မြေများအ ဖြစ်သတ်မှတ်ခဲ့ပြီးနောက် ည ၆ နာရီမှနံနက် ၄ နာ ရီခွဲအထိ လမ်းမများပေါ်သို့မထွက်ရဟု အသိ ပေးထုတ်ပြန်ခဲ့သည်။

ကော့ကရိတ်၊မြဝတီ၊ကြာအင်းဆိပ်ကြီး၊ဘားအံ၊လှိုင်းဘွဲ့နှင့်ကျိုက်မရောမြို့နယ်တို့အား တားမြစ်နယ်မြေအဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်အားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပုဒ်မ ၁၄၄ ၏သက်တမ်းသည် သြဂုတ် ၃၀ ရက်မှအောက်တိုဘာ ၃၀ ရက်အထိ အတည်ဖြစ်ကာ လိုက်နာခြင်းမရှိသူများအား ဥပဒေအရထိရောက်စွာအရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

“ဟုတ်တယ်ဗျ ညတုန်းကကားနဲ့ညမထွက်ရအမိန့်ကိုလိုက်အော်နေတာကြားတယ် မနက်ပိုင်းက ကိစ္စမရှိဘူးဗျာ ညဘက်ပဲစဥ်းစားရတာပေါ့ အဲဒီအချိန်က အလုပ်ကနေအိမ်ပြန်လာနေရတုန်းပဲရှိသေးတာဆိုတော့ အခက်အခဲတွေကတော့ရှိတာပေါ့ဗျာ”ဟု ကော့ကရိတ်မြို့နေသူတစ်ဦးကပြော သည်။

တားမြစ်နယ်မြေများအဖြစ်သတ်မှတ်ထားသည့် မြို့နယ် ၆ ခုအတွင်း၌ စုဝေးခြင်း၊ဟောပြောခြင်းနှင့်စီတန်းလမ်းလျှောက်ခြင်းများအပြင် အများပြည်သူများ၏ လုံခြုံရေးအားထိခိုက်စေမည့် အ ပြုအမူများ မလုပ်ဆောင်ရန်တားမြစ်ခဲ့သည်။

လက်နက်ကိုင်အဖွဲ့ဝင်များက ကော့ကရိတ်မြို့ နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့ဝင်များအား သြဂုတ် ၁၅ ရက်က သေနတ်များ၊လက်နက်ကြီးများဖြင့် လာရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက်နေ့ တစ်ရက်တည်းသာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဝါခေါင်လဆန်း (၇) ရက်နှင့် (၈) ရက်တို့၌ နှစ်ရက်ဆက်တိုက် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ အိုးပုတ်ပွဲတော်သည် မန္တလေးမြို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုံးပွဲတော်အကြို ထောက်သည့်ပွဲဟုလည်း လူသိများသည်။ ပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ အိုးဘိုရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ နေ့ညမပြတ် ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး ထိန်းနိုင်ရန် စက်လှေ ၁၃ စီး၊ ပူးပေါင်းအင်အား ၂၆၇ ဦးဖြင့် ၂၄ နာရီပတ်လုံး ဆောင်ရွက်နေကြကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ တမံ ပျက်စီးမှု ပိုမိုမကြီးမားစေရန်နှင့် အနီးဝန်းကျင်ရှိ စိုက်ပျိုးမြေများ၊ ကျေးရွာများအတွင်းသို့ မြစ်ရေ ထပ်မံမဝင်ရောက်စေရန် Geo Bag (ဂျီအိုအိတ်) များကို အဓိကအသုံးပြု၍ ပြန်လည်ပြုပြင်နေရခြင်းဖြစ်သည်။ လက်ရှိတွင် သဲကြောမှ...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ ကကျသည့်အခန်းကဏ္ဍမှပါဝင်နေဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen Sirikit National Convention Center ရှိ Plenary Hall တွင်ကျင်းပသော မြန်မာ-ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ ၌အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " မြန်မာ-ထိုင်းနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပုံစံဟာ နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံသာမကဘဲ ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် နယ်နမိတ်ချင်းထိစပ်နေရုံသာမက စီးပွားရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071