Wednesday, May 6, 2026

တိုင်းဒေသကြီး (၆) ခုတွင် Smart...

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်...

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...
HomeEntertainmentကိုယ်တိုင်ရေး ဇာတ်လမ်းတစ်ပုဒ်ကို ...

ကိုယ်တိုင်ရေး ဇာတ်လမ်းတစ်ပုဒ်ကို ရုပ်ရှင်ရိုက်ကူးမယ့် အိမ့်ချစ်

အိမ့်ချစ်က နိုဝင်ဘာလ ၃ရက်နေ့မှာတော့ သူမရဲ့ တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲကို ပြုလုပ်တော့မှာ ဖြစ် ပါတယ်။ ဒီပွဲကိုတော့ အိမ့်ချစ်က Beyond The Succes လို့ အမည်ပေးထားပြီး နိုဝင်ဘာလ၃ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီပွဲ ဖြစ်မြောက်လာဖို့ အိမ်မက်ကို လွန်ခဲ့တဲ့၁၃နှစ်က တည်းက မက်ခဲ့တယ်ဆိုတဲ့ အိမ့်ချစ်က……………..

“အဆိုတော် တစ်ယောက် ဖြစ်ဖို့ ဝါသနာပါခဲ့ကတည်းက အိမ်မက်တစ်ခုက တစ်ချိန် ချိန်မှာ ဒီလိုကိုယ်တစ်ယောက်တည်း သီချင်းတွေ အများ ကြီးဆိုတဲ့ ပွဲကြီးလုပ်ချင်ခဲ့တာပါ။ ခုလို ကျင်းပနိုင်ပြီဆိုတဲ့ အခါ တအားဝမ်းသာမိပါတယ်။ ဒီပွဲလေးက မနှစ် ကတည်းက လုပ်ဖို့ စီစဉ်ထားပေမယ့် အဖေနဲ့ပွဲလေး စီစဉ် ဖြစ်တဲ့အတွက် ဒီနှစ်ကိုရွှေ့လိုက်တာဖြစ်ပါတယ်”လို့ အိမ့်ချစ်က ပြောပါတယ်။

အိမ့်ချစ်က သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအ ပြီးမှာတော့ အောင်မြင်မှုနောက်ကွယ်ဆိုတဲ့ နာမည်နဲ့ပဲ ရုပ်ရှင်ဇာတ်ကား တစ်ကား ရိုက်ကူးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။ ဒီဇာတ်ကားက တော့ သူမဖြတ်သန်းလာခဲ့ရတဲ့ ကြမ်းတမ်းတဲ့ ဘဝအတွေ့အကြုံတွေ အပေါ်မူတည်ပြီး ဇာတ် လမ်းရေးသားကာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

“အိမ့်ချစ် ကြမ်းတမ်းမှုတွေ အများကြီး ကြုံတွေ့ခဲ့ရ ပါတယ်။ အိမ့်ချစ်ရဲ့ လူမှုရေး၊စီးပွားရေး၊ မိသားစုရေး၊ အချစ်ရေး စတာတွေ အိမ့်ချစ်အကြောင်း အားလုံးကို ဇာတ်လမ်းလေး တစ်ပုဒ်အဖြစ် ရိုက်ကူးချင်တာပါ။ဘာလို့ လဲဆိုတော့ ပရိသတ်တွေကို မက်ဆေ့ခ်ျလေးလည်းပေး ချင်တာပါ။အဓိကကတော့ မိသားစုတစ်စု ပြိုကွဲသွားပြီ ဆိုတဲ့ အခါ ဒီကလေးတွေ ဘယ်လိုတွေ ဖြစ်ကျန်ခဲ့လဲ။ အဲဒီကလေးတွေကို ပတ်ဝန်းကျင် တစ်ခုလုံးက ဘယ်လို မြင်လဲ၊ဘာတွေ ပြောင်းလဲသွားလဲ၊ ဘာတွေကို ရင်ဆိုင်ရ လဲဆိုတာ မိဘတွေကိုလည်း အသိပေးချင်သလို  အိမ့်ချစ် ဘဝမှာ အမှားတွေအများကြီး ကြုံခဲ့တယ်။ အဲဒီအမှား တွေကို ပြုပြင်ပြီး အိမ့်ချစ်ဆိုတဲ့ နေရာလေး တစ်နေရာ ရအောင် ဘယ်လိုကြိုးစားခဲ့ ရတယ်ဆိုတာ အိမ့်ချစ်လိုပဲ ခံစားရတဲ့ ကလေးတွေအတွက် ခွန်အားပေးချင်တဲ့ အတွက် ဒီဇာတ်လမ်းလေး ရိုက်ကူးချင်တာပါ။ ဒီဇာတ် ကားအတွက် တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ညီမဇာတ်လမ်းလေးကို အကောင်းဆုံးဖြစ်အောင် ရိုက်ကူး သွားမှာပါ” လို့ အိမ့်ချစ်က ပြောပြခဲ့ပါတယ်။

ရဲရဲ

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071