Sunday, August 2, 2026

ပါရီ၌ ကျင်းပသည့် EWC 2026...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends:...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ...

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့...

ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS...
HomeNewsLocal Newsကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်း ပါရှိသူများသာ မန်းရွှေစက်တော်ဘုရား၌...

ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်း ပါရှိသူများသာ မန်းရွှေစက်တော်ဘုရား၌ ညအိပ်တည်းခိုခွင့်ပြုမည်

ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်း ပါရှိသူများသာ မန်းရွှေစက်တော်ဘုရား၌ ညအိပ်တည်းခိုခွင့်ပြုမည်

မကွေးတိုင်း၊မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၌ ညအိပ်တည်းခိုလိုသည့် ဘု ရားဖူးသူများသည် အထက်ပါ အချက်အ လက်များပါရှိမှသာ ညအိပ်တည်းခိုခွင့်ရမည်ဖြစ် သည်ဟု မန်းရွှေစက် တော်ဘုရားဂေါပကအဖွဲ့မှ သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အား တပိုတွဲလ ဆန်း ၅ ရက်နေ့မှစတင်၍ ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ကျင်းပလျက်ရှိပြီး ဘုရားဖူးလာသူများအား ဖူးမြှော်ခွင့်ပြုထား သည်။

ထိုသို့ ဘုရားဖူးမြှော်ခွင့်ပြုထားသော်လည်း မန်းချောင်းအနီး၌ဖွင့်လှစ်ထားသည့် တည်းခိုဆောင်အလုံး ၉၀ ကျော်တွင် ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်မပြုဘဲ နေ့ဘက်သာတည်းခိုခွင့်ပြုထားသည်ဟု သိရသည်။

ညအိပ်တည်းခိုလိုသည့် ဘုရားဖူးများသည် မန်းရွှေစက်တော်ဘုရားအနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ဓမ္မာရုံများ၊သာသနိကအဆောက်အဦးများ၌ ညအိပ်တည်းခိုနိုင်သည်ဟု ဂေါပကအဖွဲ့မှသိရသည်။

ထိုသို့ ညအိပ်တည်းခိုရာတွင် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များထံ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊မှတ်ပုံ တင်နှင့်အိမ်ထောင်စုစာရင်းများပြသ၍ ဧည့်စာ ရင်းတိုင်ကြားပြီးမှသာ ညအိပ်တည်းခိုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဘုရားဖူးများသည် ခြေတော်ရာအား ရွှေသင်္ကန်း ကပ်ခြင်း၊ဆီမီး၊ပန်း၊ရေချမ်းကပ်လှူခြင်း၊ နဂါးစားကျွေးခြင်း၊ငါးလွှတ်ခြင်းနှင့်မန်းချောင်းအ တွင်းရေချိုးအပန်းဖြေခြင်းများရှိသည်။

zaw gyi

ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးထိုးၿပီးေၾကာင္းလက္မွတ္၊မွတ္ပုံတင္ႏွင့္အိမ္ေထာင္စုစာရင္း ပါရွိသူမ်ားသာ မန္းေ႐ႊစက္ေတာ္ဘုရား၌ ညအိပ္တည္းခိုခြင့္ျပဳမည္

မေကြးတိုင္း၊မင္းဘူးခ႐ိုင္၊မင္းဘူး(စကု)ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ဘုရား၌ ညအိပ္တည္းခိုလိုသည့္ ဘု ရားဖူးသူမ်ားသည္ အထက္ပါ အခ်က္အ လက္မ်ားပါရွိမွသာ ညအိပ္တည္းခိုခြင့္ရမည္ျဖစ္ သည္ဟု မန္းေ႐ႊစက္ ေတာ္ဘုရားေဂါပကအဖြဲ႕မွ သိရသည္။

မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္အား တပိုတြဲလ ဆန္း ၅ ရက္ေန႔မွစတင္၍ ကိုဗစ္(၁၉) စည္းကမ္းခ်က္မ်ားႏွင့္အညီ က်င္းပလ်က္ရွိၿပီး ဘုရားဖူးလာသူမ်ားအား ဖူးေျမႇာ္ခြင့္ျပဳထား သည္။

ထိုသို႔ ဘုရားဖူးေျမႇာ္ခြင့္ျပဳထားေသာ္လည္း မန္းေခ်ာင္းအနီး၌ဖြင့္လွစ္ထားသည့္ တည္းခိုေဆာင္အလုံး ၉၀ ေက်ာ္တြင္ ဘုရားဖူးမ်ားအား ညအိပ္တည္းခိုခြင့္မျပဳဘဲ ေန႔ဘက္သာတည္းခိုခြင့္ျပဳထားသည္ဟု သိရသည္။

ညအိပ္တည္းခိုလိုသည့္ ဘုရားဖူးမ်ားသည္ မန္းေ႐ႊစက္ေတာ္ဘုရားအနီးတဝိုက္ရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ဓမၼာ႐ုံမ်ား၊သာသနိကအေဆာက္အဦးမ်ား၌ ညအိပ္တည္းခိုႏိုင္သည္ဟု ေဂါပကအဖြဲ႕မွသိရသည္။

ထိုသို႔ ညအိပ္တည္းခိုရာတြင္ သက္ဆိုင္ရာရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားထံ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးထိုးၿပီးေၾကာင္းလက္မွတ္၊မွတ္ပုံ တင္ႏွင့္အိမ္ေထာင္စုစာရင္းမ်ားျပသ၍ ဧည့္စာ ရင္းတိုင္ၾကားၿပီးမွသာ ညအိပ္တည္းခိုခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။

ဘုရားဖူးမ်ားသည္ ေျခေတာ္ရာအား ေ႐ႊသကၤန္း ကပ္ျခင္း၊ဆီမီး၊ပန္း၊ေရခ်မ္းကပ္လႉျခင္း၊ နဂါးစားေကြၽးျခင္း၊ငါးလႊတ္ျခင္းႏွင့္မန္းေခ်ာင္းအ တြင္းေရခ်ိဳးအပန္းေျဖျခင္းမ်ားရွိသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါရီ၌ ကျင်းပသည့် EWC 2026 MLBB MSC ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Yangon Galacticos အသင်း ဒုတိယဆု ရရှိ

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends: Bang Bang (MLBB) Mid-Season Cup (MSC) ဗိုလ်လုပွဲစဉ်ကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဒုတိယဆု (Runners-up) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲစဉ် (Grand Finals) တွင် Yangon...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းမည်

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရန်ကုန်-ပြည်ရထားလမ်းပိုင်းရှိ တိုက်ကြီးဘူတာထိ RBE ရထားဖြင့် ရထားလမ်းပိုင်း လုံခြုံစိတ်ချရမှုနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးစဥ် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ရန်ကုန်-တိုက်ကြီး ရထားလမ်းတစ်လျှောက်တရားမဝင် Level Crossing (လမ်းကူး)များပိတ်သိမ်းနိုင်ရေး၊ ရ ထားလမ်းဘေးဝဲ/ယာတွင် နေထိုင်သူများအန္တရာယ် ကင်းရှင်းစေရန် ကျူးကျော်တဲများ၊ အဆောက်အအုံများရှင်းလင်းရေးတို့ကိုညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရထားလမ်းတစ်လျှောက် သံလမ်းများပြုပြင်ထိန်းသိမ်းနေမှု၊ သံလမ်းဇလီဖားတုံးများမြှင့်တင်နေမှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့် ကျေးရွာ(၉) ရွာမှရေဘေးသင့်သူ(၈,၃၈၂)ဦးရှိလာ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ စာ ရေးကွင်းကျေးရွာ၏ ရွာဦးဘုန်းကြီး ကျောင်းတွင် ယာယီရေဘေးကယ် ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ရေဘေးသင့်သူ(၈,၃၈၂)ဦးကိုစောင့်ရှောက်ပေးထားကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒု တိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တို့က ယနေ့ သြဂုတ် ၁ ရက်တွင်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071