Thursday, May 28, 2026

ဒဂုံတက္ကသိုလ်ခွဲရုံရှိ ၁၁ကေဗွီ စတေရှင်ဖီဒါ၏ Circuit...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်ခွဲရုံရှိ (၃၃/၁၁) ကေဗွီ (၁၀) အမ်ဗွီအေ ထရန်စဖော်မာ(No.1)ဓာတ်အားဖြန့်ဖြူးထားသော ၁၁ ကေဗွီ စတေရှင်ဖီဒါ၏ Circuit Breaker...

ငါးနှစ်ကျော်ရပ်နားခဲ့သည့် စကျင်ကျောက်လုပ်ငန်းများ ပြန်လည်လည်ပတ်

တို-က်ပွဲများကြောင့်ငါးနှစ်ကျော်ရပ်နားခဲ့သည့် စကျင်ကျောက်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း စကျင်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ဒေသတွင်းတည်ငြိမ်မှုရရှိခဲ့ပြီးနောက်ပိုင်းမန္တလေးနှင့်မတ္တရာမြို့ ဒေသနှစ်ခုကြား၊ ကူးလူးသွားလာရေးပြန်လည် အဆင်ပြေချောမွေ့လာပြီဖြစ်သည့်အတွက် စကျင်ကျေးရွာရှိ စကျင်ကျောက်ထုတ်လုပ်လုပ်ငန်းများ ပြန်လည်အသက်ဝင်လာကြောင်း သိရသည်။ ယခင်က...

တောင်သူများထံသို့ သွင်းအားစုများအား ထိထိရောက်ရောက်ပံ့ပိုးရန်နှင့်အရည်အသွေး ကောင်းမွန်သည့်သွင်းအားစုများ...

တောင်သူများ ထွန်ယက်စိုက်ပျိုးရေးကို စတင်လုပ်ဆောင်နေကြသောကြောင့် သွင်းအားစုများအား တောင်သူထံသို့ ထိထိရောက်ရောက်ပံ့ပိုးရန်နှင့်အရည်အသွေး ကောင်းမွန်သည့်သွင်းအားစုများဖြစ်စေရေး ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က မှာကြားခဲ့သည်။             ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)...

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့်...

MSME များ တရားဝင်မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးနှင့် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပံ့ပိုးကူညီရေးဆွေးနွေး စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeMoviesကလေးအလုပ်သမား ညှဉ်းပန်းနှိပ်စက်မှုဖြင့် မြန်မာဂိုဏ်းတစ်ဂိုဏ်းကို...

ကလေးအလုပ်သမား ညှဉ်းပန်းနှိပ်စက်မှုဖြင့် မြန်မာဂိုဏ်းတစ်ဂိုဏ်းကို ထိုင်းရဲ ဖမ်းဆီး

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအား ဘန်ကောက်မြို့တစ်ဝိုက်တွင် ကုန်ပစ္စည်းများ အဓမ္မရောင်းချခိုင်းခြင်း၊ အရောင်းတားဂက်မပြည့်မီပါက ရိုက်နှက်ခြင်းနှင့် အစာငတ်ထားခြင်းတို့ကြောင့် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့သည်။

အဆိုပါကလေးငယ်ကို လက်မောင်းကျိုးဒဏ်ရာဖြင့် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဘန်ကောက်မြို့၊ ဆွန်လွမ်(Suan Luang) ခရိုင်ရှိ နေအိမ်တစ်လုံးတွင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို ကလေးသူငယ်နှင့် အမျိုးသမီးကာကွယ်ရေးဌာနမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ရဲချုပ် ရဲဗိုလ်ချုပ် ဆယမ်ဘွန်ဆွန် (Pol Lt Gen Sayam Boonsom) က ပြောကြားခဲ့သည်။

အဆိုပါ နေအိမ်တွင် ရဲတပ်ဖွဲ့က အခြားကလေးငယ် ၅ ဦးကိုလည်း ထပ်မံကယ်ဆယ်နိုင်ခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သံသယရှိသူများသည် အဆိုပါ ကလေးငယ်များအား မြို့တော်တစ်ဝိုက်ရှိ စားသောက်ဆိုင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းနေရာများတွင် နေ့စဉ် မွန်းလွဲ ၃ နာရီမှ နံနက် ၃ နာရီအထိ ပန်းနှင့် မုန့်များ အဓမ္မရောင်းချခိုင်းကာ ခေါင်းပုံဖြတ်ခဲ့ကြသည်။

အကယ်၍ ကလေးငယ်များ အရောင်းတားဂက်မပြည့်ပါက သံသယရှိသူများက ၎င်းတို့ကို ရိုက်နှက်ခြင်းနှင့် အစာငတ်ထားခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ခံရသူ ကလေးငယ်များသည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစု အုပ်စုများမှ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဂုံတက္ကသိုလ်ခွဲရုံရှိ ၁၁ကေဗွီ စတေရှင်ဖီဒါ၏ Circuit Breaker အပြစ်ဖြစ် ဒဂုံတက္ကသိုလ်အပါအဝင် ရပ် ကွက်အများစု၌ လျှပ်စစ်ဓာတ်အားပြတ်နေ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်ခွဲရုံရှိ (၃၃/၁၁) ကေဗွီ (၁၀) အမ်ဗွီအေ ထရန်စဖော်မာ(No.1)ဓာတ်အားဖြန့်ဖြူးထားသော ၁၁ ကေဗွီ စတေရှင်ဖီဒါ၏ Circuit Breaker သည် ယနေ့ မေ ၂၈ ရက်နံနက် ၁၂ နာရီခွဲခန့်ကစတင်ကာ အပြစ်ဖြစ်ပေါ်လျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ကအသိပေးခဲ့သည်။ ယင်း ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသည့် ဒဂုံတက္ကသိုလ်၊ ဒဂုံအရှေ့မြို့နယ်ရှိ ၁၁၈၊ ၁၂၃၊ ၁၂၄၊ ၁၂၅၊ ၁၂၆၊ ၁၃၂၊ ၁၃၃၊ ၁၃၄၊ ၁၃၅၊ ၁၃၆၊ ၁၃၈၊ ၁၅၅၊ ၁၅၆...

ငါးနှစ်ကျော်ရပ်နားခဲ့သည့် စကျင်ကျောက်လုပ်ငန်းများ ပြန်လည်လည်ပတ်

တို-က်ပွဲများကြောင့်ငါးနှစ်ကျော်ရပ်နားခဲ့သည့် စကျင်ကျောက်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း စကျင်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ဒေသတွင်းတည်ငြိမ်မှုရရှိခဲ့ပြီးနောက်ပိုင်းမန္တလေးနှင့်မတ္တရာမြို့ ဒေသနှစ်ခုကြား၊ ကူးလူးသွားလာရေးပြန်လည် အဆင်ပြေချောမွေ့လာပြီဖြစ်သည့်အတွက် စကျင်ကျေးရွာရှိ စကျင်ကျောက်ထုတ်လုပ်လုပ်ငန်းများ ပြန်လည်အသက်ဝင်လာကြောင်း သိရသည်။ ယခင်က နှစ်ဖက်ထိတွေ့တို-က်ပွဲများ မကြာခဏဖြစ်ပွားနေသလို နယ်မြေမအေးချမ်းသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။ ယခုအခါ ယခုနှစ် သင်္ကြန်မတိုင်ခင်ကစ၍ ဒေသတွင်းတို-က်ပွဲဖြစ်ပွားမှုလျော့ကျလာသလို လမ်းပန်းဆက်သွယ်ရေးလည်း အတော်အသင့်ကောင်းမွန်လာပြီဖြစ်သည့်အတွက် စကျင်ကျောက်လုပ်ငန်းပြန်လည်အသက်ဝင်နေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ စကျင်ကျေးရွာသည်၊ စကျင်ကျောက်ထုတ်လုပ်ငန်းနှင့် ပန်းတမော့ကျောက်ဆစ်အနုပညာလုပ်ငန်းကြောင့် ထင်ရှားလူသိများသည်။ စကျင်ကျေးရွာမှထွက်ရှိသည့်စကျင်ကျောက်တုံးများအား၊ ဘုရားရုပ်ပွားဆင်းတုတော်များအတွက်အဓိ ကထုဆစ်အသုံးပြုကြပြီး၊ ပန်းအိုး အစရှိသည့် လူ့အသုံးအဆောင်ပစ္စည်းများအနေဖြင့်လည်း၊ ထုဆစ်ထုတ်လုပ်ရောင်းချကြကြောင်း သိရသည်။

တောင်သူများထံသို့ သွင်းအားစုများအား ထိထိရောက်ရောက်ပံ့ပိုးရန်နှင့်အရည်အသွေး ကောင်းမွန်သည့်သွင်းအားစုများ ဖြစ်စေရေး ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ် မှာကြား             

တောင်သူများ ထွန်ယက်စိုက်ပျိုးရေးကို စတင်လုပ်ဆောင်နေကြသောကြောင့် သွင်းအားစုများအား တောင်သူထံသို့ ထိထိရောက်ရောက်ပံ့ပိုးရန်နှင့်အရည်အသွေး ကောင်းမွန်သည့်သွင်းအားစုများဖြစ်စေရေး ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က မှာကြားခဲ့သည်။             ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင်  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ၂၆ရက်က ကျင်းပပြုလုပ်စဥ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်များနှင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ စိုက်ပျိုးရာသီကိုရောက်ရှိလာပြီဖြစ်၍ တောင်သူများအနေဖြင့် လယ်ယာမြေများတွင် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့် သွင်းအားစုများအား တောင်သူများထံသို့ ထိထိရောက်ရောက်ပံ့ပိုးနိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်သည့် သွင်းအားစုများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071