Monday, September 21, 2026

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏...

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့်...

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော်...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင်...

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet...

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့်...
HomeNewsLocal Newsကရင်ပြည်နယ်တွင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန်...

ကရင်ပြည်နယ်တွင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် ပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးမည်

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေကြကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (Karen National Democratic Party) ဒုတိယဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပေါ်ပြူလာနယူးစ်ကို ပြောကြားသည်။

“အခု ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ပါတီတွေ ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဟိုဘက်က လက်နက်ကိုင်အဖွဲ့တွေနဲ့ညှိနှိုင်းတိုင်ပင်ဖို့ဆွေးနွေးနေကြတယ်။ ဒီဘက်က တပ်မတော်နဲ့တော့ မဟုတ်သေးဘူးပေါ့။ ဒီဘက်က အခြေအနေပေါ့။ အဲဒါ(တွေ့ဆုံဆွေးနွေးဖို့)ကို ကျွန်တော်တို့ အများကြီးမျှော်လင့်တယ်။ ဖြစ်လာစေချင်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အခက်အခဲအကြပ်အတည်းများအား လက်နက်ကိုင်ဖြေရှင်းခြင်းသည်သမိုင်းကြောင်းအရ အောင်မြင်ခဲ့ခြင်းမရှိသဖြင့် စားပွဲဝိုင်းအတွင်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည်သာ ဖြစ်နိုင်ချေရှိသည်ဟု သူ၏အမြင်ကို ထောက်ပြသည်။

“ဖြစ်လာနိုင်မလား၊ မဖြစ်လာနိုင်ဘူးလားဆိုတာကတော့ ပါဝင်ပတ်သက်နေတဲ့ ရင်ဆိုင်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် အများကြီးမူတည်တယ်”ဟု ဖြည့်စွက် ရှင်းပြသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည်မြောက်ပိုင်း၌ တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲမှု သဘောတူညီမှုရရှိခဲ့သည်မှာတွေ့ဆုံဆွေးနွေးခြင်း၏ ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်း၎င်းက ဆိုသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ သည် ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ UEC မှ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် ပါတီတစ်ခုလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဖူးမြှော်ကြည်ညို

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ယနေ့ စက်တင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့က ဖူးမြှော်ကြည်ညိုခဲ့ကြသည်။ ထို့ပြင် ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယက ဆရာ တော်ဘုရားကြီးအမှူးပြုသည့် ဆရာတော်ကြီးများအားဖူမြော်ကြည်ညိုရာ ဗဟန်းမြို့နယ်၊ တိပိဋက မဟာဝိသုဒ္ဓါရုံကျောင်း၊ တိုက်အုပ်ဆရာတော်က ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကျင်းပမည့် အစီအစဉ်လျာထားမှုကိုရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ ပြည်တွင်း/ပြည်ပသာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံသာသနာ့တာဝန်များဆောင်ရွက်လျက်ရှိသည့် သာသနာ့အာဇာနည်ဆရာတော်ကြီးတစ်ပါးဆုံးရှုံးရခြင်းကြောင့်...

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့် ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိတော်

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရည်တို့မှဖွားမြင်တော်မူခဲ့သည်။ ၁၃၀၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလာဝံသကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး ၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းတိုက်၊ ခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈယ်ပြု၍ တောင်တွင်းကြီးမြို့၊ ရွှေအိုးရပ်၊ ကုန်သည်ကြီး...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင် ပူယိုးလ် လာရောက်အားပေး

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဗိုလ်လုပွဲကို ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ ဂန္တဝင်နောက်ခံကစားသမား ကားလက်စ် ပူယိုးလ် (Carles Puyol) ကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ခင်နှင်းဝေသည် ဗိုလ်လုပွဲ ပထမပွဲတွင် ၁၀-၁၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲတို့တွင် ၁၂-၈၊ ၁၂-၉ ရလဒ်များဖြင့် ပြန်လည်အနိုင်ယူနိုင်ခဲ့ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071