Home News Local News ကမ္ဘာ့ရေနံဈေးမြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး သုံးလအတွင်း အနိမ့်ဆုံးကျဆင်းပြီးမှ ပြန်တက်လာ

ကမ္ဘာ့ရေနံဈေးမြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး သုံးလအတွင်း အနိမ့်ဆုံးကျဆင်းပြီးမှ ပြန်တက်လာ

0
36

ဓာတ်ဆီ92တစ်လီတာ ကျပ် ၃၆၄၀ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၃၉၈၅ ဖြစ်လာ

ရန်ကုန်၊ ဇူလိုင်-၃၁

ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၄ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး သုံးလအတွင်း အနိမ့်ဆုံးအထိ ကျဆင်းပြီးမှ ယနေ့တွင် ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဇူလိုင် ၃၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇူလိုင် ၃၁ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron ၃,၆၄၀ ကျပ်၊ ဓာတ်ဆီ 95 Ron ၃,၆၈၅ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၃,၉၈၅ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၄,၈၃၀ကျပ်အထိ ဖြစ်သည်။ ဩဂုတ် ၆ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။

ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၂၉၀ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၂၂၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၄၂၅ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၁၅ ကျပ် ထပ်မံဈေးတက်လာသည်။

သို့သော် ယခုအပတ်တွင် စက်သုံးဆီဈေး ပြန်လည်မြင့်တက်လာသော်လည်း ဧပြီလ သင်္ကြန်ကာလအပြီး အမြင့်ဆုံးရောက်ရှိခဲ့သည့်ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စက်သုံးဆီဈေးနှုန်းသည် (၁၅)ပတ်ဆက်တိုက် ကျဆင်းလာခဲ့သည်။

ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီတင်းပတ်(၁၅)ပတ်အတွင်း ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၀၉၅ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၂၆၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၅၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၉၂၅ ကျပ် စျေးကျလာခဲ့သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here