ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံကို ပြည်လည်လည်ပတ်နိုင်ရန် ပြုပြင်မှုများပြုလုပ်လျက်ရှိရာ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မေ ၁၅ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ် ဆေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ၏ CENTRAL CONTROL ROOM၊ COMPRESSOR HOUSE နှင့် သိုလှောင်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်က ကန်ကြီးထောင့်အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံသည် တောင်သူများအတွက် မရှိမဖြစ်လိုအပ်သည့်စက်ရုံဖြစ်ပြီး ပြည်တွင်းတွင် ဓာတ်မြေဩဇာများပိုမိုထုတ်လုပ်နိုင်ပါက ပြည်ပမှမှာယူတင်သွင်းမှုကိုလျော့ချနိုင်မည်ဖြစ်ကာ သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးနိုင်မည်ဟု ပြော သည်။
ထို့ပြင် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာလျော့ချသုံးစွဲနိုင်ရေးအတွက် အီးအမ်ဘိုကာရှီ သဘာဝဓာတ် မြေဩဇာနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) များထည့်သွင်းသုံးစွဲနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။
