ကျိုချွမ်၊ မေလ ၁၆ ရက်
လူလိုက်ပါသည့် အာကာသယာဉ်Shenzhou-23 ကိုမကြာမီကာလအတွင်း အဆင်ပြေသည့်အချိန်၌ လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသည့် အာကာသအေဂျင်စီ (CMSA) က စနေနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ အာကာသယာဉ်နှင့် Long March-2F သယ်ဆောင်ရေးဒုံးပျံ ပေါင်းစပ်မှုကို လွှတ်တင်ရေးနယ်မြေသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း CMSA ၏ ထုတ်ပြန်ချက်အရ သိရသည်။
လွှတ်တင်ရေးစခန်းရှိ အဆောက်အအုံနှင့် ကိရိယာတန်ဆာပလာအားလုံးမှာ ကောင်းမွန်သောအခြေအနေတွင် ရှိနေသည်။ လွှတ်တင်ခြင်းမပြုမီ လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာ စစ်ဆေးမှုများနှင့် ပူးတွဲစမ်းသပ်မှု အမျိုးမျိုးကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
Ref: ဆင်ဟွာ