Saturday, August 1, 2026

ကန့်ဘလူမြို့နယ်တွင် မိုးရာသီ အစေ့ထုတ်ပြောင်း ၉၁,၄၁၄...

ကန့်ဘလူ၊ ဩဂုတ် ၁ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း အစေ့ထုတ်ပြောင်း ၉၁,၄၁၄ ဧကနှင့် ဖူးစားပြောင်း ၄၈၅ ဧက...

မုတ္တမကမ်းလွန် M3 လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ဖြင့်...

နေပြည်တော်၊ ဩဂုတ် ၁ မုတ္တမကမ်းလွန်လုပ်ကွက် M3 (အောင်သိင်္ခလုပ်ကွက်) မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကို အသုံးပြု၍ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့သို့ လျှပ်စစ်ဓာတ်အား အဓိကဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

တာချီလိတ်၌ မြစ်ရေကျစပြုသော်လည်း နောက်ထပ် ၁၂...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်ပိုင်းက မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ငယ်အချို့ ရေမြုပ်သည်အထိ စိုးရိမ်ဖွယ်...

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းရေး လွှတ်တော်က IPU...

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်ဘက်မှလည်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ (IPU) နှင့် ချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက...
HomeNewsLocal Newsမြန်မာအသင်း ပါဝင်ယှဉ်ပြိုင်မည့် FIFA...

မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်မည့် FIFA ASEAN Cup 2026 ပြိုင်ပွဲ စက်တင်ဘာတွင် စတင်ကျင်းပမည်

နေပြည်တော်၊ ဩဂုတ် ၁

ပထမအကြိမ်အဖြစ် ကျင်းပမည့် FIFA ASEAN Cup 2026 ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ အင်ဒိုနီးရှားနိုင်ငံနှင့် ဟောင်ကောင်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် Challenge Division ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို FIFA အဆင့်သတ်မှတ်ချက်များအရ Premier Division နှင့် Challenge Division ဟူ၍ နှစ်ဆင့်ခွဲကျင်းပမည်ဖြစ်သည်။ Premier Division ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A) တွင် အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူတို့ ပါဝင်ကာ အုပ်စု (B) တွင် ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာအသင်း ပါဝင်မည့် Challenge Division ပြိုင်ပွဲကို ဟောင်ကောင်၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A) တွင် အိမ်ရှင်ဟောင်ကောင်၊ မြန်မာနှင့် ဘရူနိုင်းတို့ ပါဝင်ကာ အုပ်စု (B) တွင် ကမ္ဘောဒီးယား၊ လာအိုနှင့် တီမောတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Premier Division နှင့် Challenge Division နှစ်ခုစလုံးတွင် အုပ်စုဗိုလ် ရရှိသည့် အသင်းနှစ်သင်းက ဗိုလ်လုပွဲသို့ တက်ရောက်မည်ဖြစ်ပြီး အုပ်စုဒုတိယ ရရှိသည့် အသင်းများက တတိယနေရာလုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကန့်ဘလူမြို့နယ်တွင် မိုးရာသီ အစေ့ထုတ်ပြောင်း ၉၁,၄၁၄ ဧက စိုက်ပျိုးပြီးစီး

ကန့်ဘလူ၊ ဩဂုတ် ၁ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း အစေ့ထုတ်ပြောင်း ၉၁,၄၁၄ ဧကနှင့် ဖူးစားပြောင်း ၄၈၅ ဧက စုစုပေါင်း ၉၁,၈၉၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွက် အစေ့ထုတ်ပြောင်း ၈၅,၀၁၀ ဧကနှင့် ဖူးစားပြောင်း ၇၅၀ ဧက စုစုပေါင်း ၈၅,၇၆၀ ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး မေလမှစတင်၍ စိုက်ပျိုးခဲ့ရာ လက်ရှိတွင် လျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။ "ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပြောင်းစိုက်ပျိုးမှု...

မုတ္တမကမ်းလွန် M3 လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ဖြင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းကို လျှပ်စစ်မီးပေးမည်

နေပြည်တော်၊ ဩဂုတ် ၁ မုတ္တမကမ်းလွန်လုပ်ကွက် M3 (အောင်သိင်္ခလုပ်ကွက်) မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကို အသုံးပြု၍ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့သို့ လျှပ်စစ်ဓာတ်အား အဓိကဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ လုပ်ကွက်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း၌ အသုံးပြုနိုင်ရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီတို့အကြား သဘောတူစာချုပ်ကို ယမန်နေ့က ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။ "ရန်ကုန်နဲ့ ဧရာဝတီတိုင်းကို လျှပ်စစ်မီးပေးမယ်၊ လေလွင့်မှုအနည်းဆုံးနဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဖို့ လုပ်မှာဖြစ်ပြီး ဓာတ်မြေဩဇာစက်ရုံတွေက...

တာချီလိတ်၌ မြစ်ရေကျစပြုသော်လည်း နောက်ထပ် ၁၂ နာရီအတွင်း ရေပြန်တက်နိုင်၍ သတိပေးထား၊ နှစ်စဉ်ကြုံတွေ့နေရသည့် ရှမ်းအရှေ့ ရေဘေးအတွက် ရေရှည်အဖြေများ လိုအပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်ပိုင်းက မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ငယ်အချို့ ရေမြုပ်သည်အထိ စိုးရိမ်ဖွယ် ဖြစ်ပွားခဲ့သော်လည်း မွန်းလွဲပိုင်းမှစ၍ ရေပြန်လည် ကျဆင်းလာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ သို့သော်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ) ရှိ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေဆဲဖြစ်ပြီး နောက်ထပ် (၁၂) နာရီအတွင်း အနည်းငယ် ပြန်လည်တက်လာနိုင်ကြောင်း ခန့်မှန်းထားသဖြင့် ချောင်းအနီးနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများအနေဖြင့် ဆက်လက် သတိပြုရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071