Friday, April 24, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလောင်မှုဖြစ် အမျိုးသား (၁)ဦးမီးလောင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍...
HomeArticlesကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့

ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့

ကဆုန်လသည် မြန်မာလများ တွင် ဒုတိယလဖြစ်ပြီး၊ ကဆုန်လပြည့် နေ့သည် ”ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိ ပင်၊ စံဝင်နန်းနိဗ္ဗာန်’ ဟူသည်နှင့် အညီ ဘုရားလောင်း သုမေဓာရှင် ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ထံတော်မှ ”ဘုရားစင်စစ်၊ ဧကန်ဖြစ် လိမ့်မည်”ဟု နိယတဗျာဒိတ်ကို ခံ တော်မူခြင်း၊ ဘုရားလောင်း သိဒ္ဓတ္တ ဖွားမြင်တော်မူခြင်း၊ သစ္စာလေးပါး ကို သိမြင်၍ ဘုရားဖြစ်တော်မူခြင်း၊ မဟာဗောဓိပင်ပေါက်ခြင်း၊ ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်းဟူသော အလွန်ထူး ခြားသည့် ဗုဒ္ဓ၀င်မှတ်တိုင်ကြီးများကို စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံး သည့် နောက်ပိုင်းတွင် မြန်မာဗုဒ္ဓ ဘာသာဝင်အပေါင်းတို့သည် ထူး မြတ်လှသည့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓသာသနာတော်နှင့်ဆိုင်သည့် ”ဗုဒ္ဓ အခါတော်နေ့”ဟု သတ်မှတ်ကာ တခမ်းတနားကျင်းပခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။
ဤကဆုန်လပြည့်နေ့တွင် မာန် နတ်ရန်ကို အောင်မြင်တော်မူသော ကြောင့် ဤနေ့ဤရက်ကို ”ကဆုန် လပြည့် မာရ်အောင်နေ့”အဖြစ် ဗုဒ္ဓ ဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲ မြဲနေကြသည်။

ဘုရားရှင်သည် မဏ္ဍိုင်ဗောဓိ သီရိအောင် မြေပလ္လင်ဖွေ၌ မာန်နတ် သားကို အောင်တော်မူသည့် အောင် ပွဲတော်ကြီးကို နဂါး၊ ဂဠုန်နှင့် နတ် ဗြဟ်္မာအပေါင်းတို့သည် ကဆုန် လပြည့်နေ့ မာရ်နတ်အောင်နေ့အဖြစ် ၀မ်းမြောက်ဝမ်းသာချီးကျူး ပူဇော် ကြွေးကြော်ကြသည်။
ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့သည် ယင်းသို့သော အကြောင်းအရာများကို နှလုံးသွင်း ၍ နှစ်စဉ် ကဆုန်လပြည့်နေ့တွင် အသင်းအဖွဲ့လိုက် ဗုဒ္ဓရုပ်ပွား ဥဒ်္ဒိ ဿစေတီတော်များတွင် ဘုရားဖြစ် တော်မူစ ကျူးရင့်တော်မူသည့် ဥဒါန်းဂါထာတော်များနှင့် ပဋိစ်္စ သမုပ်္ပါဒ်ပါဠိဒေသနာတော်များကို ရွတ်ဖတ်ပူဇော်သည့် အနေကဇာ တင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ကို တခမ်းတနားကျင်းပ၍ ကုသိုလ် အထူးကို ဆည်းပူးလေ့ရှိကြသည်။ အချို့ဗုဒ္ဓဘာသာဝင်များသည် နေအိမ်ရုပ်ပွားတော်ကို အနေကဇာ တင် ဗုဒ္ဓအဘိသေက မင်္ဂလာကို ကျင်းပပူဇော်ကြသည်။ အချို့က လည်း ကျောင်းကန်ဘုရားများသို့ သွား၍ ဒါနသီလ ဘာဝနာအမှုကို ပြု၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အလေးအမြတ်ထား ဆင်နွှဲပူဇော်ကြ သည်။

ထို့ပြင် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ပရိဘောဂစေတီထိုက် သော ဗောဓိပင်ကို ရေသွန်းလောင်း ပူဇော်ကြလေ့ရှိ၏။ ဗောဓိပင်သည် သဗ္ဗညုတဉဏ်တော်ကိုရ၍ ဘုရား ဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက် တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်း တို့ကြောင့် အလေးအမြတ်ထားကာ ရေသွန်းလောင်းခြင်း အစဉ်အလာကို ပြုလုပ်ခဲ့ကြသည်။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်အနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲ တော်အဖြစ် အစဉ်အလာ သတ်မှတ် ခဲ့ကြသည်။

ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ သည် (၁) ဘုရားပွင့်ရာ ဗောဓိအား ရည်မှန်းခြင်း (၂) ရေပြတ်ချိန်တွင် မညိုးနွမ်းစေလိုခြင်းဟူသော မွန်မြတ် သည့် ရည်ရွယ်ချက်နှစ်ရပ်ဖြင့် ညောင်ရေသွန်းပွဲတော်ကို ကျင်းပ ကြခြင်းဖြစ်သည်။ ညောင်ရေသွန်းပွဲ တော်သည် မြတ်စွာဘုရားလက် ထက်တော်ကပင် ရှိနေခဲ့ကြောင်း နိ ပါတ်ဇာတ်တော်အရ သိရှိနိုင်ပေ သည်။
ယင်းဇာတ်တော်၌ မြတ်စွာ ဘုရားသည် (၁) သာရီရိကစေတီ (၂) ပရိဘောဂစေတီ (၃) ဥဒ်္ဒိဿက စေတီဟူ၍ စေတီသုံးမျိုးရှိကြောင်း နှင့် ဗောဓိပင်ကို ပရိဘောဂစေတီ တိုက်၍ ပူဇော်ခွင့်ပြုခဲ့သည်။

ကိုယ်တော်၏ အစိတ်ဖြစ်သော ဓာတ်တော်တို့ကို ဌာပနာသော စေ တီတော်သည် သာရီရိက စေတီမည် ၏။ ဘုရားရှင်တို့ အသုံးပြုတော်မူ သော ဗောဓိပင်နှင့် သင်္ကန်း၊ သပိတ် စသည့်ဘုရားအသုံးအဆောင်တို့ကို ဌာပနာသော စေတီသည် ပရိဘော ဂစေတီမည်၏။ ရုပ်ပွားဆင်းတုတော် များသည် ဥဒ်္ဒိဿက စေတီမည်၏။

ထိုသုံးမျိုးသော စေတီတို့တွင် သာရီရိက စေတီတော်ကို ငါဘုရား သက်တော်ထင်ရှားရှိစဉ် မပြုလုပ်နိုင်၊ ဥဒ်္ဒိဿက စေတီနှင့် ပရိဘောဂစေတီ နှစ်ပါးကိုမူ ပြုလုပ်နိုင်သည်။ ဘုရား ရှင်တို့ အသုံးပြုတော်မူသော ဗောဓိ ပင်မြတ်သည် ငါဘုရားသက်တော် ထင်ရှားရှိစဉ်ပင် စေတီမည်၏”ဟု မိန့်ကြားတော်မူခဲ့၏ဟု နိပါတ်ဇာတ် တော်၌ ဖော်ပြသည်။ ထို့ကြောင့် ဗုဒ်္ဓ ဘာသာဝင်တို့သည် ဘုရားပွင့်ရာကို ရည်မှန်းကာ ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။ ထို့ပြင် ကဆုန်လ သည် အပူလွန်ကဲပြီး ရေပြတ်ချိန်ဖြစ် ၏။ အချို့သစ်ပင်များ၊ ပန်းပင်များ ညှိုးနွမ်းကြသည်။ အချို့သေကြေပျက် စီးကြသည်။
သို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့ သည် ဗောဓိပင်များ မညှိုးမနွမ်းစိမ်း လန်းရှင်သန်စေရန်ဟူသော ဆန္ဒမွန် ဖြင့် အမွှေးနံ့သာရည် သို့မဟုတ် သန့် စင်သော ရေတို့ဖြင့် သွန်းလောင်း ပူဇော်ကြခြင်းဖြစ်၏။

ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို လက်ခံယုံကြည်ကိုးကွယ်ကြသည့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ သည် ကဆုန်ညောင်ရေသွန်းပွဲကို ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ခေတ်များမှ ယနေ့မျက်မှောက်ခေတ် ထိ ကဆုန်လ၏ ရာသီပွဲတော်အဖြစ် အစဉ်အလာမပျက် ကျင်းပကြလျက် ရှိပေသည်။
မြတ်မင်းလှိုင်

မှီငြမ်း
ဦးပညာသာမိ (မာဂဓီ-သာစည်) သင်တန်း နည်းပြဆရာတော်၏ အခါတော်နေ့များ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071